Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုမြို့နယ်အတွင်း လက်နက်ကြီးရန်ကြောင့် တိမ်းရှောင်နေရသူ နှစ်ထောင်ကျော် စားဝတ်နေရးခက်ခဲ့နေ

“ညနေ(၄)နာရီ လောက်မှာ လက်နက်ကြီးသံ (၂) ချက်ကြားရတယ် ည (၉) နာရီကျော်လောက်မှာ(၂)ချက်ကြားရတယ်။ ရွာထဲမှာလည်း လက်နက်ကြီး ခဏခဏကျတော့ ရွာသားတော်တော်များများ လက်နက်ကြီးကြောက်လို့ ပြေးကုန်ပြီ” လို့ ရွာသားတစ်ဦးက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်း လက်နက်ကြီးရန်ကြောင့် တိမ်းရှောင်နေရသူ နှစ်ထောင်ကျော် စားဝတ်နေရးခက်ခဲ့နေ
ကျိုက်ထိုမြို့နယ်အတွင်း လက်နက်ကြီးရန်ကြောင့် တိမ်းရှောင်နေရသူ နှစ်ထောင်ကျော် စားဝတ်နေရးခက်ခဲ့နေ

ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်နေခဲ့ရပြီး လူဦးရေ(၂၀၀၀)ကျော်ဟာ စားဝတ်နေရေးခက်ခဲမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ တပ်မ(၄၄)လက်အောက်ခံတပ်တွေဟာ ကေအဲန်ယူ-ဒူးသထူခရိုင် ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကျေးနယ်အတွင်း နယ်မြေကျူးကျော်ပြီး လက်နက်ကြီးအထိုင်ချတပ်စွဲထားကာ ပြီးခဲ့တဲ့ စက်တင်ဘာ(၁)ရက်နေ့က မဲရုံးလေးကျေးရွာထဲကို လက်နက်ကြီးငါးချက် ပစ်ခတ်ခဲ့တာပါ။

“ညနေ(၄)နာရီ လောက်မှာ လက်နက်ကြီးသံ (၂) ချက်ကြားရတယ် ည (၉) နာရီကျော်လောက်မှာ(၂)ချက်ကြားရတယ်။ ရွာထဲမှာလည်း လက်နက်ကြီး ခဏခဏကျတော့ ရွာသားတော်တော်များများ လက်နက်ကြီးကြောက်လို့ ပြေးကုန်ပြီ” လို့ ရွာသားတစ်ဦးက ပြောပါတယ်။

ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ကကျေးရွာတွေထဲကို လက်နက်ကြီး မကြာခဏပစ်ခတ်မှုတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိနေတာကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေးခက်ခဲနေတဲ့ ဒေသခံပြည်သူဦးရေ (၂၀၀၀၀) ကျော်ရှိတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။