Connect with us

Hi, what are you looking for?

သတင်း

ကူမဲမြို့မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို KDDF ပစ်ခတ်ရှင်းလင်း

ယနေ့နံနက် ၆ နာရီခွဲခန့်က ကျောက်ဆည်ခရိုင်ကာ ကွယ်ရေးတပ်ဖွဲ့(K.D.D.F)နှင့် Urben Gurrilla Force -Kume တို့ပူးပေါင်းပြီး သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

(ကူမဲမြို့နယ် ၊လိုင်းကုန်း ကျေးရွာမှစစ်​ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်မခံရမီ​တွေ့စဥ်။ဓါတ်ပုံ-KDDF)
(ကူမဲမြို့နယ် ၊လိုင်းကုန်း ကျေးရွာမှစစ်​ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်မခံရမီ​တွေ့စဥ်။ဓါတ်ပုံ-KDDF)

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကူမဲမြို့မှ စစ်ကောင်စီခန့် တလိုင်းကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူး သန့်ဇင်အား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)က ယနေ့ (စက်တင်ဘာ ၅ )တွင် ထုတ်ပြန်သည်။

ယနေ့နံနက် ၆ နာရီခွဲခန့်က ကျောက်ဆည်ခရိုင်ကာ ကွယ်ရေးတပ်ဖွဲ့(K.D.D.F)နှင့် Urben Gurrilla Force -Kume တို့ပူးပေါင်းပြီး သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အုပ်ချုပ်ရေးမှူးသန့်ဇင်သည် ယခင် Sintgaing LPDF မှ သုတ်သင်ရှင်းလင်းဖူးသော်လည်း အသက်မသေဘဲ စစ်ကောင်စီ မှပေးအပ်သောတာဝန်များအား ဆက်လက်ဆောင်ရွက်နေခြင်း၊ ယခင် ကူမဲစခန်းမှူးအောင်ဇော်လင်းသိန်းနှင့်အတူ လောင်းကစားဝိုင်းများထောင်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ကျည်ကာဝတ်ပြီးခါးကြား၌ သေနတ်ထိုးကာ အလှူ မဂ်လာဆောင်များပါမကျန် ခြိမ်းခြောက်ငွေတောင်းခြင်းများပြုလုပ်ခြင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်အတူလိုက်၍ သတင်းပေးခြင်း၊ ပြည်သူလူထုအား ခြိမ်းခြောက်အကြပ်ကိုင်ငွေညှစ်ခြင်းများကို ယခင်က ထက် ပိုမိုပြုလုပ်လာကြောင်း လူထူမှအကြိမ်ကြိမ်တိုင် ကြားလာသဖြင့် သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးကိုပစ်ခတ်ရှင်းလင်းမှုနှင့်ပတ်သပ်၍ KDDF အားထပ်မံမေးမြန်းရန်ကြိုးစား​နေ​သော်လည်း အဆက်အသွယ်မရ​သေးပါ။

ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့သည် ပြီးခဲ့သည့်သြဂုတ်လ ၁ရက်နေ့က မဟာမိတ်ညီနောင်များနှင့်အတူ ရန်ကုန်၊မန္တလေး(အမြန်လမ်း) မိုင်တိုင် ၃၄၂ ၊၆ ဖာလုံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသော ကားအား ပဒေသာမိုင်းဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။