Connect with us

Hi, what are you looking for?

သတင်း

မြေပုံမြို့ နတလရုံးမိုင်းခွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်အရာရှိ နှစ်ဦးထိခိုက်သေဆုံးနိုင်ဟု ဒေသခံပြော

စက်တင်ဘာ ၇ရက် နံနက်ပိုင်းက အင်အား ၄၀ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းသည် နတလရုံးသို့ လာရောက်တပ်စွဲရာ နာရီဝက်ခန့်အကြာတွင် AA က မိုင်း လေးလုံးဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ရက္ခိုင့်တပ်တော်(AA)မှ ရဲဘော်များအား တွေ့ရစဥ်)
(ရက္ခိုင့်တပ်တော်(AA)မှ ရဲဘော်များအား တွေ့ရစဥ်)

ရခိုင်ပြည်နယ် မြေပုံမြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးရုံး(နတလ)၌တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်သူများအတွင်း အရာရှိ နှစ်ဦး ပါဝင်သည်ဟု သတင်းရရှိကြောင်း ရခိုင်ဒေသခံ အချို့က ပြောသည်။

စက်တင်ဘာ ၇ရက် နံနက်ပိုင်းက အင်အား ၄၀ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းသည် နတလရုံးသို့ လာရောက်တပ်စွဲရာ နာရီဝက်ခန့်အကြာတွင် AA က မိုင်း လေးလုံးဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“အဲဒီမှာ တိုက်ပွဲမရှိဘူး။ မြို့အစွန်မှာ နတလရုံးရှိတယ်။ နတလရုံးကို သူတို့က ဝင်လိုက်ထွက်လိုက် လုပ် နေတာကိုသိတယ်။သိတော့ သူတို့ အဲဒီကနေ စစ်ကြောင်းထွက်သွားတဲ့ အချိန်မှာ AAက မိုင်းထောင်ထားတာလို့ပြောတယ်။ မနေ့က ပြန်လာပြီး ဝင်တဲ့အချိန်မှာဖောက်ခွဲလိုက်တာ။ မနေ့က အဲဒီလိုမျိုး ဖြစ်ပြီး တဲ့နောက်ပိုင်း အဲဒီနားက သွားတဲ့လူတွေကို ပစ်ခတ်တာ၊ ခေါ်ပြီး စစ်ဆေးတာတွေရှိတယ်။ အဲဒါက မြေပုံနဲ့ မင်းပြား ကားလမ်းဘေးမှာလေ။ အဲဒီလမ်းကို ပိတ်ထားတယ် ကြားတယ်။ မနေ့က ကျတဲ့အထဲမှာ အရာရှိနှစ်ယောက်ပါတယ် ကြားတယ်။ မနေ့က ဖြစ်ပြီး သိပ်မကြာခင်မှာ စစ်တွေ ဒကစက ရဟတ်ယာဉ်နဲ့ တင်လာတယ်လို့ ပြောတယ်”ဟု ရခိုင်ဒေသခံက ပြောသည်။

မြေပုံမြို့နယ် ဒေသခံတစ်ဦးကလည်း ရဟတ်ယာဉ်ပေါ်သို့ လူနာ နှစ်ဦး သို့မဟုတ် အလောင်းနှစ်လောင်း ပါသွားသည်ဟုကြားရကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

“ရဟတ်ယာဉ်က အရင်ကတည်းက လာဖို့ အစီအစဉ်ရှိတယ်ပြောတယ်။ တခါတလေလည်း အဲဒီလို လာတယ် လစာတို့ ဘာတို့ ပို့ရင်လည်း ရဟတ်ယာဉ်နဲ့ ပို့တာရှိတယ်။ နောက်တစ်ခုက တပ်က အရာရှိတွေ အသွားအလာ လုပ်မယ်ဆိုရင်လည်း ရဟတ်ယာဉ်နဲ့ လာပို့တာ လာခေါ်တာရှိတယ်။ အဲဒီနေ့ကလည်း မနက်အစောကြီးကတည်းက ရဟတ်ယာဉ်လာမယ်ဆိုတာ ကြိုပြီး ပြောနေကြတယ်။ ပေါက်ကွဲမှု ဖြစ်မှ ဗြုန်းစားကြီးလာတာ မဟုတ်ဘူး။ ဒါပေမဲ့ ရဟတ်ယာဉ် ရောက်တဲ့အချိန်မှာ ပေါက်ကွဲမှု ဖြစ်ပြီးပြီ။ အဲဒီမှာ ဒဏ်ရာရတာလား ဘာလားတော့ မသိဘူး နှစ်ယောက်တော့ တင်သွားတယ် ပြောတယ်”ဟု ၎င်းက ဆိုသည်။

မြေပုံမြို့နယ်တွင် စစ်ကောင်စီ အထိုင်တပ်စခန်းမရှိဘဲ အင်အား ၁၀၀ ပတ်ဝန်းကျင် မြေပုံမြို့နယ်သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ၊ ရောက်နေသည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီး ရဲစခန်း၊ နတလရုံး၊ အားကစား ခန်းမ၊ မြေပုံနှင့် သုံးမိုင်ခန့်ဝေးသည့် ကံသာရွာတို့၌ နေထိုင်ကြသည်ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၈ခုကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း AAက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

Facebook