Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်နှင့် AA အကြား တိုက်ပွဲပြင်းထန်နေမှုကြောင့် ရခိုင်ပြည်နယ်အတွင်း အခြေအနေများ ဆက်လက်ဆိုးရွားနေဟု OCHA ထုတ်ပြန်

ရသေ့တောင်မြို့နယ်အတွင်း အိမ်ထောင်စု ၁၀၀ ခန့် (လူဦးရေ ၃၆၄ ဦး)သည် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဒေသခံမိတ်ဖက်အဖွဲ့အစည်းများက ကူညီပေးထားကြောင်း OCHA က ဆိုသည်။

(ရခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲများပြန်ဖြစ်လာသဖြင့် ထွက်​ပြေးတိမ်း​ရှောင်​နေ​သော စစ်​ဘေး​ရှောင်ပြည်သူအချို့ ။ ။ဓါတ်ပုံ-CJ)
(ရခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲများပြန်ဖြစ်လာသဖြင့် ထွက်​ပြေးတိမ်း​ရှောင်​နေ​သော စစ်​ဘေး​ရှောင်ပြည်သူအချို့ ။ ။ဓါတ်ပုံ-CJ)

အကြမ်းဖက်စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား တိုက်ပွဲပြင်းထန်နေမှုကြောင့် ရခိုင်ပြည်နယ် အတွင်း အခြေအနေများ ဆက်လက်ဆိုးရွားနေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“ဒီအစီရင်ခံစဉ်ကာလအတွင်းမှာပဲ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း အခြေအနေများ ဆက်လက်ဆိုးရွာနေဆဲဖြစ်ပါတယ်။ မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်မှာ လက်နက်ကြီးတွေအသုံးပြုပစ်ခတ်ပြီး တိုက်ပွဲပြင်းထန်ကြောင်း သိရှိရပါတယ်” ဟု OCHA က ထုတ်ပြန်သည်။

စစ်ကောင်စီက လူသားချင်းစာနာထောက်ထားရေးအကူအညီများ ထောက်ပံ့နေသည့် အဖွဲ့များအား သွားလာခွင့် ကန့်သတ် ပိတ်ပင်ထားခြင်း၊ ကုန်စည်စီးဆင်းမှု လမ်းကြောင်းများ ပိတ်ထားခြင်း ကြောင့် ရေရှည်တွင် စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ နေထိုင်ရေး အထွေထွေအခက်အခဲများ ရှိလာနိုင်သည်ဟု AA က ထုတ်ပြန်ထားသည်။

ရသေ့တောင်မြို့နယ်အတွင်း အိမ်ထောင်စု ၁၀၀ ခန့် (လူဦးရေ ၃၆၄ ဦး)သည် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဒေသခံမိတ်ဖက်အဖွဲ့အစည်းများက ကူညီပေးထားကြောင်း OCHA က ဆိုသည်။

Public Service Announcement

Public Service Announcement

အလားတူ ဩဂုတ်လဆန်းပိုင်းကတည်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လက်နက်ကိုင်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး ယခင်တိုက်ပွဲများကြောင့် ပလက်ဝတွင် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူဦးရေ ၅,၅၀၀ နီးပါး ရှိကြောင်း OCHA က ထုတ်ပြန်သည်။

“ဒေသခံမိတ်ဖက်အဖွဲ့တွေက နေရပ်စွန့်ခွာကြရသူတွေကို အခြေခံလိုအပ်ချက်တွေကူညီပေးနေပေမဲ့ ရွှေ့ပြောင်းနေထိုင်ရတဲ့နေရာအများစုဟာ တားမြစ်ကန့်သတ်ချက်တွေကြောင့် သွားရောက်ကူညီဖို့ခက်ခဲနေပါတယ်” ဟု OCHA က ဆိုသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်များသို့ ဆေးဝါးနှင့် စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်ခြင်းကို အကြမ်းဖက်စစ်တပ်က ကန့်သတ်ထားပြီး ကုန်းလမ်းနှင့် ရေလမ်းပိတ်ဆို့ထားခြင်းအပါအဝင် နေရာအများအပြားတွင် လုံခြုံရေးတင်းကျပ်ထားကြောင်း OCHA ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် ဩဂုတ် ၁၆ ရက်မှစတင်ကာ ရခိုင်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းနေသဖြင့် ကျောက်ဖြူမြို့နယ်ရှိ ကျောက်တလုံးရွှေ့ပြောင်းနေထိုင်ရာစခန်းနှင့် ရပ်ကွက်အများအပြားတွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခဲ့သည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်တလုံးစခန်းမှ ရေနှင့်မိလ္လာဆိုင်ရာအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ခြင်းကို လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများက လာမည့် ရက်များအတွင်း ပြန်လည်ပြုပြင်သွားမည်ဟု OCHA က ထုတ်ပြန်သည်။

(ရခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲများပြန်ဖြစ်လာသဖြင့် ထွက်​ပြေးတိမ်း​ရှောင်​နေ​သော စစ်​ဘေး​ရှောင်ပြည်သူအချို့ ။ ။ဓါတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။