Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူနည်းပညာတက္ကသိုလ်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို

ယနေ့ နေ့လယ် ၂ နာရီခန့်က ပခုက္ကူ – ရေစကြိုလမ်းရှိ နည်းပညာတက္ကသိုလ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား (၈၀)မမ၊ (၆၀)မမနှင့် (၄၀)မမ စသည့် လက်နက်ကြီးများဖြင့် အချက် (၂၀)ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ပခုက္ကူနည်းပညာတက္ကသိုလ်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်အား(၈၀)မမ အပါအဝင်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူပြောက်ကျားတပ်ဖွဲ့ RSO – PKU က ယနေ့(စက်တင်ဘာ ၉)ထုတ်ပြန်သည်။

ယနေ့ နေ့လယ် ၂ နာရီခန့်က ပခုက္ကူ – ရေစကြိုလမ်းရှိ နည်းပညာတက္ကသိုလ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား (၈၀)မမ၊ (၆၀)မမနှင့် (၄၀)မမ စသည့် လက်နက်ကြီးများဖြင့် အချက် (၂၀)ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ခိုက်မှုကို YoungForce UG၊ BlackCobraForce၊ PakokkuRanger၊ RSO PKU၊ သူရိန် TR နှင့် သခင်မြလက်နက်ကြီးတပ်ဖွဲ့တို့မှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်ကြောင်း ပခုက္ကူပြောက်ကျားတပ်ဖွဲ့ RSO – PKU မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

“အသေပျောက် စာရင်းကတော့ စုံစမ်းဆဲပါဗျ”ဟု အထက်ပါရဲဘော်က ဆိုသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ပခုက္ကူနည်းပညာတက္ကသိုလ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ပခုက္ကူ – ရေစကြိုလမ်းပေါ် ဖြတ်သန်းသွားလာသော ဒေသခံများနှင့် ခရီး သွားပြည်သူများအား လက်နက်ပြခြိမ်းခြောက်ခြင်း၊ ငွေ ကြေးများ အဓမ္မတောင်းယူခြင်းတို့ လုပ်ဆောင်လေ့ရှိကြောင်း RSO – PKU က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်