ပခုက္ကူနည်းပညာတက္ကသိုလ်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်အား(၈၀)မမ အပါအဝင်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူပြောက်ကျားတပ်ဖွဲ့ RSO – PKU က ယနေ့(စက်တင်ဘာ ၉)ထုတ်ပြန်သည်။
ယနေ့ နေ့လယ် ၂ နာရီခန့်က ပခုက္ကူ – ရေစကြိုလမ်းရှိ နည်းပညာတက္ကသိုလ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား (၈၀)မမ၊ (၆၀)မမနှင့် (၄၀)မမ စသည့် လက်နက်ကြီးများဖြင့် အချက် (၂၀)ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါတိုက်ခိုက်မှုကို YoungForce UG၊ BlackCobraForce၊ PakokkuRanger၊ RSO PKU၊ သူရိန် TR နှင့် သခင်မြလက်နက်ကြီးတပ်ဖွဲ့တို့မှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိနိုင်ကြောင်း ပခုက္ကူပြောက်ကျားတပ်ဖွဲ့ RSO – PKU မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“အသေပျောက် စာရင်းကတော့ စုံစမ်းဆဲပါဗျ”ဟု အထက်ပါရဲဘော်က ဆိုသည်။
အထက်ပါ ပခုက္ကူနည်းပညာတက္ကသိုလ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ပခုက္ကူ – ရေစကြိုလမ်းပေါ် ဖြတ်သန်းသွားလာသော ဒေသခံများနှင့် ခရီး သွားပြည်သူများအား လက်နက်ပြခြိမ်းခြောက်ခြင်း၊ ငွေ ကြေးများ အဓမ္မတောင်းယူခြင်းတို့ လုပ်ဆောင်လေ့ရှိကြောင်း RSO – PKU က ထုတ်ပြန်ထားသည်။