Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ပြည်ပရောက်မြန်မာများ၏လစာများကို အမြတ်ထုတ်နိုင်ရးအေဂျင်စီများကိုအကြပ်ကိုင်ရန်စီစဉ်နေ

“ကိုယ် အေဂျင်စီက ပို့လိုက်တဲ့ အလုပ်သမားကို ဘဏ်တဆင့်ငွေပိုတာ/ငွေလွှဲတာကို အေဂျင်စီက တာဝန်ယူခိုင်းမယ့်သဘောမျိုးပါ”ဟု အေဂျင်စီတစ်ခုမှ မန်နေးဂျင်းဒါရိုက်တာ တစ်ဦးကပြောသည်။

(ကိုရီးယား​သို့ အလုပ်သွားရောက်လုပ်ကိုင်​​​သောမြန်မာများကို​လေဆိပ်တွင်​တွေ့ရစဥ် ။ ဓါတ်ပုံ- GNLOM)
(ကိုရီးယား​သို့ အလုပ်သွားရောက်လုပ်ကိုင်​​​သောမြန်မာများကို​လေဆိပ်တွင်​တွေ့ရစဥ် ။ ဓါတ်ပုံ- GNLOM)

ပြည်ပရောက်မြန်မာအလုပ်သမားများလုပ်ခလစာများကို ပြည်တွင်းသို့ ငွေလွှဲရာတွင် ဘဏ်မှ တဆင့်လွှဲရန် အတွက် ပြည်ပအလုပ်အကိုင်ရှာ​ဖွေ​ရအေဂျင်စီများအား အကြပ်ကိုင်ရန် စစ်ကောင်စီ စီစဉ်နေကြောင်း အေဂျင်စီအချို့က​​ပြောသည်။

ဒေါ်လာရှားပါးလာပြီးရသမျှလိုက်သိမ်း​နေ​​သောအာဏာသိမ်းစစ်ကောင်စီတပ်သည် ပြည်ပရောက်မြန်မာအလုပ်သမားများ၏ လစာနိုင်ငံခြားငွေများကို ပြည်တွင်းသို့ပြန်ပို့ရာတွင် လျော့ဈေးဖြင့် ရရှိရန် ကြံစည်နေခြင်းဖြစ်သည်ဟု အေဂျင်စီများကပြောသည်။

“ကိုယ် အေဂျင်စီက ပို့လိုက်တဲ့ အလုပ်သမားကို ဘဏ်တဆင့်ငွေပိုတာ/ငွေလွှဲတာကို အေဂျင်စီက တာဝန်ယူခိုင်းမယ့်သဘောမျိုးပါ”ဟု အေဂျင်စီတစ်ခုမှ မန်နေးဂျင်းဒါရိုက်တာ တစ်ဦးကပြောသည်။

ပြည်ပသို့အလုပ်သမားများစေလွှတ်ရာတွင် ပြည်တွင်း ငွေပြန်ပို့ရာ၌ ဘဏ်စနစ်ကိုသာအသုံးပြုရန် အေဂျင်စီများက စာချုပ်စာတမ်းဖြင့်ဆောင်ရွက်ရန် ကန့်သတ်လာနိုင်သည်ဟု အခြားအေဂျင်စီတစ်ခုက​လည်း​ပြောသည်။

Public Service Announcement

Public Service Announcement

ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာလျှင် ၃၅၀၀ကျပ်အထက်ရှိနေချိန်တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် ဘဏ်များက တစ်ဒေါ်လာကို ကျပ် ၂၁၀၀ဖြင့်သာနှုန်းသတ်မှတ်လဲပေးနေခြင်းဖြစ်သည်။ထိုကြောင့် ပြည်ပရောက်မြန်မာအလုပ်သမားများက ဘဏ်များမှတဆင့်ငွေလွှဲခြင်းကို မပြုလုပ်တော့ခြင်းဖြစ်သည်ဟု ပြည်ပရောက်အလုပ်သမားကဆိုသည်။

“ဟွန်ဒီနဲ့ဆိုရင် ဒေါ်လာတစ်ထောင်လွှဲရင် ၃၅သိန်းလောက်ပေးကြတယ်။ ဘဏ်က လွှဲရင် သိန်း ၂၀ကျော်ပဲရတယ်။ ဒါကြောင့် ဘယ်သူမှ မလွှဲချင်ဘူး။နောက်ပြီး ဘဏ်က ဟိုဟာလိုတယ်၊ ဒီဟာလိုတယ် ရစ်တာကပါသေးတယ်”ဟု ကိုရီးယားရောက်မြန်မာအလုပ်သမားတစ်ဦးကပြောသည်။

ပြင်ပငွေလွဲသမားများတွင် အိမ်တိုင်ယာရောက်​ငွေထုတ်​ပေး၊​ငွေလာပို့ပေးပြီး လိမ်ညာသည့်ငွေလွှဲလုပ်ငန်းအချို့ရှိသော်လည်း စိတ်ချရသည့် ငွေလွှဲပေးသူများလည်းရှိ​ကြောင်း၎င်းကဆက်​ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ငွေသားထုတ်ယူရန် အခက်အခဲများကြောင့် ပြည်ပရောက်မြန်မာများက လုပ်ခလစာများကို ပြည်တွင်းသို့ ပြန်ပို့ရာတွင် ဘဏ်များအစား ဟွန်ဒီဟူခေါ်သော ပြင်ပငွေလဲလုပ်ငန်းများကိုသာအဓိကအသုံးပြုလာကြသည်။

ပြည်ပ​ရောက်မြန်မာအလုပ်သမားက ၂၀၁၄ခုနှစ်မှ ၂၀၂၂ခုနှစ် ဇူလိုင်လအထိ ပြည်တွင်းသို့ဒေါ်လာ ၆ ဘီလီယံကျော်ပြန်လည်တင်ပို့ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်သောစာရင်းများတွင်ဖော်ပြထားသည်။ စစ်ကောင်စီထိန်းချုပ်ထားသည့် ပြည်တွင်းအခွန်များဦးစီးဌာနက ပြည်ပရောက်မြန်မာများ၏ လစာခေါင်းစဉ်ဖြင့် ဝင်ငွေများကို​မော်​တော်ယာဥ်၊ အခြေပစ္စည်း ဝယ်ယူခြင်းတို့တွင်အခွန်ကင်းလွတ်ခွင့်ပေးမည်ဟု တရားဝင်​ငွေလွှဲပါက စစ်​ကောင်စီအတွက်နိုင်ငံခြား​ငွေရရန် ၊ ​ငွေလဲနှုန်းကွာဟမှုမှအမြတ်ရရန် ၊အခွန်ရရန် အတွက် စည်းရုံး​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။