Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ပြည်ပရောက်မြန်မာများ၏လစာများကို အမြတ်ထုတ်နိုင်ရးအေဂျင်စီများကိုအကြပ်ကိုင်ရန်စီစဉ်နေ

“ကိုယ် အေဂျင်စီက ပို့လိုက်တဲ့ အလုပ်သမားကို ဘဏ်တဆင့်ငွေပိုတာ/ငွေလွှဲတာကို အေဂျင်စီက တာဝန်ယူခိုင်းမယ့်သဘောမျိုးပါ”ဟု အေဂျင်စီတစ်ခုမှ မန်နေးဂျင်းဒါရိုက်တာ တစ်ဦးကပြောသည်။

(ကိုရီးယား​သို့ အလုပ်သွားရောက်လုပ်ကိုင်​​​သောမြန်မာများကို​လေဆိပ်တွင်​တွေ့ရစဥ် ။ ဓါတ်ပုံ- GNLOM)
(ကိုရီးယား​သို့ အလုပ်သွားရောက်လုပ်ကိုင်​​​သောမြန်မာများကို​လေဆိပ်တွင်​တွေ့ရစဥ် ။ ဓါတ်ပုံ- GNLOM)

ပြည်ပရောက်မြန်မာအလုပ်သမားများလုပ်ခလစာများကို ပြည်တွင်းသို့ ငွေလွှဲရာတွင် ဘဏ်မှ တဆင့်လွှဲရန် အတွက် ပြည်ပအလုပ်အကိုင်ရှာ​ဖွေ​ရအေဂျင်စီများအား အကြပ်ကိုင်ရန် စစ်ကောင်စီ စီစဉ်နေကြောင်း အေဂျင်စီအချို့က​​ပြောသည်။

ဒေါ်လာရှားပါးလာပြီးရသမျှလိုက်သိမ်း​နေ​​သောအာဏာသိမ်းစစ်ကောင်စီတပ်သည် ပြည်ပရောက်မြန်မာအလုပ်သမားများ၏ လစာနိုင်ငံခြားငွေများကို ပြည်တွင်းသို့ပြန်ပို့ရာတွင် လျော့ဈေးဖြင့် ရရှိရန် ကြံစည်နေခြင်းဖြစ်သည်ဟု အေဂျင်စီများကပြောသည်။

“ကိုယ် အေဂျင်စီက ပို့လိုက်တဲ့ အလုပ်သမားကို ဘဏ်တဆင့်ငွေပိုတာ/ငွေလွှဲတာကို အေဂျင်စီက တာဝန်ယူခိုင်းမယ့်သဘောမျိုးပါ”ဟု အေဂျင်စီတစ်ခုမှ မန်နေးဂျင်းဒါရိုက်တာ တစ်ဦးကပြောသည်။

ပြည်ပသို့အလုပ်သမားများစေလွှတ်ရာတွင် ပြည်တွင်း ငွေပြန်ပို့ရာ၌ ဘဏ်စနစ်ကိုသာအသုံးပြုရန် အေဂျင်စီများက စာချုပ်စာတမ်းဖြင့်ဆောင်ရွက်ရန် ကန့်သတ်လာနိုင်သည်ဟု အခြားအေဂျင်စီတစ်ခုက​လည်း​ပြောသည်။

Public Service Announcement

Public Service Announcement

ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာလျှင် ၃၅၀၀ကျပ်အထက်ရှိနေချိန်တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် ဘဏ်များက တစ်ဒေါ်လာကို ကျပ် ၂၁၀၀ဖြင့်သာနှုန်းသတ်မှတ်လဲပေးနေခြင်းဖြစ်သည်။ထိုကြောင့် ပြည်ပရောက်မြန်မာအလုပ်သမားများက ဘဏ်များမှတဆင့်ငွေလွှဲခြင်းကို မပြုလုပ်တော့ခြင်းဖြစ်သည်ဟု ပြည်ပရောက်အလုပ်သမားကဆိုသည်။

“ဟွန်ဒီနဲ့ဆိုရင် ဒေါ်လာတစ်ထောင်လွှဲရင် ၃၅သိန်းလောက်ပေးကြတယ်။ ဘဏ်က လွှဲရင် သိန်း ၂၀ကျော်ပဲရတယ်။ ဒါကြောင့် ဘယ်သူမှ မလွှဲချင်ဘူး။နောက်ပြီး ဘဏ်က ဟိုဟာလိုတယ်၊ ဒီဟာလိုတယ် ရစ်တာကပါသေးတယ်”ဟု ကိုရီးယားရောက်မြန်မာအလုပ်သမားတစ်ဦးကပြောသည်။

ပြင်ပငွေလွဲသမားများတွင် အိမ်တိုင်ယာရောက်​ငွေထုတ်​ပေး၊​ငွေလာပို့ပေးပြီး လိမ်ညာသည့်ငွေလွှဲလုပ်ငန်းအချို့ရှိသော်လည်း စိတ်ချရသည့် ငွေလွှဲပေးသူများလည်းရှိ​ကြောင်း၎င်းကဆက်​ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ငွေသားထုတ်ယူရန် အခက်အခဲများကြောင့် ပြည်ပရောက်မြန်မာများက လုပ်ခလစာများကို ပြည်တွင်းသို့ ပြန်ပို့ရာတွင် ဘဏ်များအစား ဟွန်ဒီဟူခေါ်သော ပြင်ပငွေလဲလုပ်ငန်းများကိုသာအဓိကအသုံးပြုလာကြသည်။

ပြည်ပ​ရောက်မြန်မာအလုပ်သမားက ၂၀၁၄ခုနှစ်မှ ၂၀၂၂ခုနှစ် ဇူလိုင်လအထိ ပြည်တွင်းသို့ဒေါ်လာ ၆ ဘီလီယံကျော်ပြန်လည်တင်ပို့ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်သောစာရင်းများတွင်ဖော်ပြထားသည်။ စစ်ကောင်စီထိန်းချုပ်ထားသည့် ပြည်တွင်းအခွန်များဦးစီးဌာနက ပြည်ပရောက်မြန်မာများ၏ လစာခေါင်းစဉ်ဖြင့် ဝင်ငွေများကို​မော်​တော်ယာဥ်၊ အခြေပစ္စည်း ဝယ်ယူခြင်းတို့တွင်အခွန်ကင်းလွတ်ခွင့်ပေးမည်ဟု တရားဝင်​ငွေလွှဲပါက စစ်​ကောင်စီအတွက်နိုင်ငံခြား​ငွေရရန် ၊ ​ငွေလဲနှုန်းကွာဟမှုမှအမြတ်ရရန် ၊အခွန်ရရန် အတွက် စည်းရုံး​နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ တရားဝင် လုပ်ခလစာ အများဆုံး ရရှိသူ အစိုးရခေါင်းဆောင်၊ အစိုးရ အရာရှိဖြစ်တဲ့ စင်ကာပူ ဝန်ကြီးချုပ်ဟာ နောက်ထပ် လစာတိုးတော့မှာ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။