Connect with us

Hi, what are you looking for?

သတင်း

ပြည်ပရောက်မြန်မာများ၏ ပြန်လွှဲငွေရောင်းပါက ၂၁ ရက်အတွင်းဘဏ်များသို့အပြီးရောင်းချရမည်ဟုစစ်ကောင်စီ၏ဗဟိုဘဏ်ကန့်သတ်

အဆိုပါကန့်သတ်ချက်သည် စက်တင်ဘာ ၁ ရက်မှစ၍ အကျိုးသက်ရောက်ရမည်ဟု စစ်ကောင်စီခန့် ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေကလက်မှတ်​ရေးထိုး ထုတ်ပြန်သည်။

ထိုင်းတွင်အလုပ်လုပ်​နေ​သော မြန်မာလုပ်သားများ။ ဓါတ်ပုံ-Bangkok Post
ထိုင်းတွင်အလုပ်လုပ်​နေ​သော မြန်မာလုပ်သားများ။ ဓါတ်ပုံ-Bangkok Post

ပြည်ပရောက်မြန်မာများ၏ ပြည်တွင်းသို့လွှဲပို့​သောနိုင်ငံခြားငွေများကို အ​ရောင်းအဝယ်ပြုလုပ်ပါက ၂၁ ရက်အတွင်း အပြီးသတ်ရောင်းချရမည်ဟု စစ်ကောင်စီ၏ဗဟိုဘဏ်က ဩဂုတ် ၃၀ ရက်ထုတ်ပြန်ကန့်သတ်လိုက်သည်။

အဆိုပါကန့်သတ်ချက်သည် စက်တင်ဘာ ၁ ရက်မှစ၍ အကျိုးသက်ရောက်ရမည်ဟု စစ်ကောင်စီခန့် ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေကလက်မှတ်​ရေးထိုး ထုတ်ပြန်သည်။

ပို့ကုန်သွင်းကုန်လုပ်ငန်းများအပါအဝင် ​ဒေါ်လာဝင်​ငွေရှိ​သောလုပ်ငန်းမျိုးစုံကို စစ်​ကောင်စီက နည်းမျိုးစုံဖြင့်ကန့်သတ်၍ ​ဒေါ်လာရရန်လုပ်ကိုင်​နေရာ ယခုအခါ ပြည်ပ​ရောက်မြန်မာလုပ်သားများထံအလှည့်​ရောက်လာခြင်းဖြစ်သည်။

စစ်​ကောင်စီ​ ဗဟိုဘဏ်၏ ထုတ်ပြန်ချက်
စစ်​ကောင်စီ​ ဗဟိုဘဏ်၏ ထုတ်ပြန်ချက်

ပြည်ပရောက်မြန်မာများက ပြည်တွင်းသို့ ပြန်ပို့သည့်လုပ်ခ၊ လစာဝင်ငွေများကို ကိုယ်တိုင်သုံးစွဲခြင်း၊ အခြားသူများကို လွှဲပြောင်းခြင်း၊ဘဏ်သို့ရောင်းခြင်းတို့ကိုလွတ်လပ်စွာဆောင်ရွက်နိုင်သည်ဟုဆိုသည်။ သို့သော်လည်းအထက်ပါနိုင်ငံခြားငွေများကို တစ်ဆင့်ဝယ်ယူထားသည့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီနှင့်အဖွဲ့အစည်းအနေဖြင့် ထပ်ဆင့်ရောင်းချခြင်းမပြုလုပ်ရ စစ်ကောင်စီဗဟိုဘဏ်ကတားမြစ်ထားသည်။

Public Service Announcement

Public Service Announcement

ရောင်းချလို့ပါကနိုင်ငံခြား​ငွေ​ရောင်းဝယ်ခွင့်ရှိ​သော(AD)လိုင်စင်ရ ဘဏ်များကိုသာ ရောင်းချရမည်ဟု စစ်ကောင်စီကကန့်သတ်ထားသည်။

အထက်ပါအတိုင်း​ရောင်းဝယ်မှုပြုလုပ်ပါက ၂၁ ရက်အတွင်းဆောင်ရွက်ရမည်ဟုလည်း စစ်ကောင်စီဗဟိုဘဏ်က ကန့်သတ်ထားသည်။

လက်ရှိတွင် ပြည်ပရောက်မြန်မာများက နိုင်ငံခြားငွေကိုပြည်တွင်းသို့ပြန်လည်ပို့ဆောင်ရာတွင် စစ်ကောင်စီသတ်မှတ်ထားသည့် တစ်ဒေါ်လာကို ၂၁၀၀ကျပ်ဖြင့် တွက်ချက်ပြီး ပြည်တွင်းဘဏ်များက ကျပ်ငွေထုတ်ပေးနေခြင်းဖြစ်သည်။

ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ကျပ် ၃၇၀၀ အထိ ဩဂုတ် ၃၀ က ပေါက်ဈေးရှိနေသည်။

“၁၀၀ တန်တဲ့ ပစ္စည်းကို ၈၀နဲ့ရောင်းဆိုရင် ဘယ်သူကရောင်းမှာလဲ။ ဒီလိုဘဲ ပြင်ပပေါက်ဈေးမှာ တစ်ဒေါ်လာကို ၃၅၀၀ကျော်နေချိန်မှာ သူတို့က ၂၁၀၀နဲ့ ဖြတ်နေတော့ ဘယ်သူမှ ပို့မှာမဟုတ်ဘူး၊ အရင်တုန်းကလို ဟွန်ဒီနဲ့ပဲပို့ကြလိမ့်မယ်။ ဒါကို အခုလို ထပ်ခေါင်းပုံဖြတ်တော့ မဖြစ်မနေလုပ်ရတဲ့သူဘဲ လုပ်လိမ့်မယ်၊ အများစုက လုပ်မှာ မဟုတ်ဘူး”ဟု ပြည်ပမှ ပြည်တွင်းသို့ငွေလွှဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။