Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကူတော်ရဲစခန်းမှ တပ်သားနှစ်ဦး လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်

CDM ပြုလုပ်လာသော စစ်သားနှစ်ဦးသည် MA2၊ MA1 အမျိုးအစား သေနတ် နှစ်လက်၊ ကျည်အတောင့် ၄၀၀ ၊ လက်ပစ်ဗုံး ငါးလုံးနှင့် နင်းမိုင်း တစ်ခုကိုပါယူဆောင်လာခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေး
ဓာတ်ပုံ - ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်သား နှစ်ဦးက သေနတ်နှစ်လက်၊ လက်ပစ်ဗုံးငါးလုံးနှင့် ကျည်ဆန်အမြောက်အများယူ​ဆောင်လာပြီး ပြည်သူနှင့် ပူးပေါင်းပြီး CDM ပြုလုပ်လာသည်။

ဘုတလင်မြို့နယ် ကူတော်ရဲစခန်းတွင် တာဝန်ကျနေသော စစ်သားနှစ်ဦး CDM ပြုလုပ်လာခြင်းဖြစ်ကြောင်း ဘုတလင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ယနေ့(စက်တင်ဘာ ၁၁ရက်) သတင်းထုတ်ပြန်သည်။

CDM ပြုလုပ်လာသော စစ်သားနှစ်ဦးသည် MA2၊ MA1 အမျိုးအစား သေနတ် နှစ်လက်၊ ကျည်အတောင့် ၄၀၀ ၊ လက်ပစ်ဗုံး ငါးလုံးနှင့် နင်းမိုင်း တစ်ခုကိုပါယူဆောင်လာခဲ့သည်ဟု ဆိုသည်။

အဆိုပါ တပ်သားနှစ်ဦးကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် ဒုံးပျံ Local PDF တပ်ဖွဲ့က တစ်ဦးလျှင် သိန်း ၅၀စီ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဘုတလင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေး
ဓာတ်ပုံ – ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

ဘုတလင်မြိုနယ် သတင်းမှန်ပြန်ကြားရေးဖေ့စ် ဘွတ်ခ်စာမျက်နှာသည် ဒေသတွင်း တော်လှန်ရေးအင်အားစုများ၏ သတင်းထုတ်ပြန်ရေးဌာန ဖြစ်သည်။

ယမန်နေ့ကလည်း မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်ဖွဲဲ့ဝင်သုံးဦးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပူးပေါင်းလာပြီး CDM ပြုလုပ်ခဲ့သည်။