Connect with us

Hi, what are you looking for?

သတင်း

ကူတော်ရဲစခန်းမှ တပ်သားနှစ်ဦး လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်

CDM ပြုလုပ်လာသော စစ်သားနှစ်ဦးသည် MA2၊ MA1 အမျိုးအစား သေနတ် နှစ်လက်၊ ကျည်အတောင့် ၄၀၀ ၊ လက်ပစ်ဗုံး ငါးလုံးနှင့် နင်းမိုင်း တစ်ခုကိုပါယူဆောင်လာခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေး
ဓာတ်ပုံ - ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်သား နှစ်ဦးက သေနတ်နှစ်လက်၊ လက်ပစ်ဗုံးငါးလုံးနှင့် ကျည်ဆန်အမြောက်အများယူ​ဆောင်လာပြီး ပြည်သူနှင့် ပူးပေါင်းပြီး CDM ပြုလုပ်လာသည်။

ဘုတလင်မြို့နယ် ကူတော်ရဲစခန်းတွင် တာဝန်ကျနေသော စစ်သားနှစ်ဦး CDM ပြုလုပ်လာခြင်းဖြစ်ကြောင်း ဘုတလင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ယနေ့(စက်တင်ဘာ ၁၁ရက်) သတင်းထုတ်ပြန်သည်။

CDM ပြုလုပ်လာသော စစ်သားနှစ်ဦးသည် MA2၊ MA1 အမျိုးအစား သေနတ် နှစ်လက်၊ ကျည်အတောင့် ၄၀၀ ၊ လက်ပစ်ဗုံး ငါးလုံးနှင့် နင်းမိုင်း တစ်ခုကိုပါယူဆောင်လာခဲ့သည်ဟု ဆိုသည်။

အဆိုပါ တပ်သားနှစ်ဦးကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် ဒုံးပျံ Local PDF တပ်ဖွဲ့က တစ်ဦးလျှင် သိန်း ၅၀စီ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဘုတလင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေး
ဓာတ်ပုံ – ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

ဘုတလင်မြိုနယ် သတင်းမှန်ပြန်ကြားရေးဖေ့စ် ဘွတ်ခ်စာမျက်နှာသည် ဒေသတွင်း တော်လှန်ရေးအင်အားစုများ၏ သတင်းထုတ်ပြန်ရေးဌာန ဖြစ်သည်။

ယမန်နေ့ကလည်း မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်ဖွဲဲ့ဝင်သုံးဦးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပူးပေါင်းလာပြီး CDM ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁ဦးကို အရှင်ဖမ်းမိပြီး လက်နက်အချို့နဲ့ဒရုန်း ၁စီးကို ဖျက်ချသိမ်းဆည်းရရှိတယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ လက်နက် ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ တရုတ် နိုင်ငံသားဟာ မူလ ယူဆထားသလို ထိုင်းပိုင်နက်ထဲမှာ အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့တာ မဟုတ်ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။ အသက် ၃၁ နှစ်အရွယ် ဆွန်မန်ချန်းရဲ့ ပစ်မှတ်ဟာ ကမ္ဘောဒီးယား နိုင်ငံ ပိုင်နက်ထဲက ပြိုင်ဘက်...

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်သား တစ်ဦးဟာ လက်နက်နဲ့ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(ကလေး-ကဘော်-ဂန့်ဂေါ)-(CDF-KKG)က မေလ ၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။