Connect with us

Hi, what are you looking for?

ဗီဒီယို

ဘုတလင်မြို့နယ် ကူတော်ရဲစခန်းအား ရှော့ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

ပထမတစ်ချက် ပစ်ခက်အပြီးတွင် အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အချက်ရေများစွာ​ ပြ​န်လည်ပစ်ခတ်ခဲ့ကြောင်း၊ မဟာမိတ်ရဲဘော်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထပ်မံအသိပေးသည်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကူတော်ရဲစခန်းအား ရှော့ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People’s Guerillas Commando – Myinmu အဖွဲ့က ထုတ်ပြန်သည်။

ဘုတလင်မြို့နယ်အတွင်း ကျေးရွာများအား အကြမ်းဖက်လုယက်ပြီး နေအိမ်များအား မီးရှို့ဖျက် ဆီးနေသည့် စစ်ကောင်စီတပ်သားများ စခန်းချနေသည့် ကူတော်ရဲစခန်းအား ယမန်နေ့ (ဇွန်လ၂၄ ရက်) မွန်းလွဲ ၂နာရီခွဲခန့်က ရှော့ဒုံးများဖြင့် ပစ်ခက်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း People’s Guerillas Commando – Myinmu အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်များရှိနေသော အထိုင်နေရာများတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ကျဆုံးမှုအခြေနေအား စုံစမ်း​နေဆဲဟု PGC-Myinmu က ဆိုသည်။

Public Service Announcement
Public Service Announcement

ပထမတစ်ချက် ပစ်ခက်အပြီးတွင် အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အချက်ရေများစွာ​ ပြ​န်လည်ပစ်ခတ်ခဲ့ကြောင်း၊ မဟာမိတ်ရဲဘော်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား People’s Guerillas Commando – Myinmu နှင့် ဒုံးပျံ Local PDF ၊ Eagle4 PDF ၊ Eagle Brother PDF ၊မဟာ Local PDF ညီနောင်မဟာမိတ်ငါးဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်ဟု အသိပေးသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ People’s Guerillas Commando – Myinmu အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ဇွန်လ၁၅ရက်ကလည်း ကူတော်ရွာ ရဲစခန်းကိုဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက် ခိုက်ခဲ့ပြီး ခုနှစ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း PDFအဖွဲ့များက ထုတ်ပြန်ထားသည်။

ဧပြီ၈ရက်ကလည်း ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်​ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့်ပါ ပြန်လှန်ပစ်ခတ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။