Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ဘုတလင်မြို့နယ် ကူတော်ရဲစခန်းအား ရှော့ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

ပထမတစ်ချက် ပစ်ခက်အပြီးတွင် အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အချက်ရေများစွာ​ ပြ​န်လည်ပစ်ခတ်ခဲ့ကြောင်း၊ မဟာမိတ်ရဲဘော်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထပ်မံအသိပေးသည်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကူတော်ရဲစခန်းအား ရှော့ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People’s Guerillas Commando – Myinmu အဖွဲ့က ထုတ်ပြန်သည်။

ဘုတလင်မြို့နယ်အတွင်း ကျေးရွာများအား အကြမ်းဖက်လုယက်ပြီး နေအိမ်များအား မီးရှို့ဖျက် ဆီးနေသည့် စစ်ကောင်စီတပ်သားများ စခန်းချနေသည့် ကူတော်ရဲစခန်းအား ယမန်နေ့ (ဇွန်လ၂၄ ရက်) မွန်းလွဲ ၂နာရီခွဲခန့်က ရှော့ဒုံးများဖြင့် ပစ်ခက်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း People’s Guerillas Commando – Myinmu အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်များရှိနေသော အထိုင်နေရာများတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ကျဆုံးမှုအခြေနေအား စုံစမ်း​နေဆဲဟု PGC-Myinmu က ဆိုသည်။

Public Service Announcement
Public Service Announcement

ပထမတစ်ချက် ပစ်ခက်အပြီးတွင် အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အချက်ရေများစွာ​ ပြ​န်လည်ပစ်ခတ်ခဲ့ကြောင်း၊ မဟာမိတ်ရဲဘော်များ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား People’s Guerillas Commando – Myinmu နှင့် ဒုံးပျံ Local PDF ၊ Eagle4 PDF ၊ Eagle Brother PDF ၊မဟာ Local PDF ညီနောင်မဟာမိတ်ငါးဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်ဟု အသိပေးသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ People’s Guerillas Commando – Myinmu အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ဇွန်လ၁၅ရက်ကလည်း ကူတော်ရွာ ရဲစခန်းကိုဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက် ခိုက်ခဲ့ပြီး ခုနှစ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း PDFအဖွဲ့များက ထုတ်ပြန်ထားသည်။

ဧပြီ၈ရက်ကလည်း ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်​ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့်ပါ ပြန်လှန်ပစ်ခတ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။