Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနယ် ရေလယ်ကျွန်းတိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိဟု ဒေသခံပြော

မတ္တရာနှင့် ဝက်လက်မြို့နယ် အစပ်၌ရှိသည့် အဆိုပါ ရေလည်ကျွန်းဒေသ၌ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အဖွဲ့ပေါင်းစုံရှိသည်ဟု ဒေသခံက ပြောသည်။

မတ္တရာနယ် ရေလယ်ကျွန်းတိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိဟု ဒေသခံပြော
မတ္တရာနယ် ရေလယ်ကျွန်းတိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိဟု ဒေသခံပြော

မန္တလေးတိုင်း မတ္တရာမြို့နယ် ရေလည်ကျွန်းဒေသ၌ ယနေ့နံနက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ဒေသခံက ပြောသည်။

စက်တင်ဘာ ၁၀ရက်က အဆိုပါ ဒေသ၌တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများ ရှိခဲ့ရာ စစ်ကောင်စီတပ်က ယနေ့တွင် အင်အား ရာနှင့်ချီ ဖြည့်တင်းပြီး တိုက်ခိုက်လာခြင်းဖြစ်သည်ဟုဆိုသည်။

“ဒီနေ့မနက် ၆နာရီလောက်ကတည်းက စပြီး ခွေးကြောင်း အင်အား ၃၀၀လောက် ထပ်ဖြည့်တယ်။ ၃၀၀ လောက်နဲ့ အေးကျွန်းကနေ မနက် ၆နာရီလောက်ကတည်းက ပစ်နေတာ။ ရမ်းသမ်းပစ်တာပေါ့ ၇လုံး၊ ၈လုံး အလုံးကြီးတွေ။ အဲဒီလို ပစ်ပြီး ရေလယ်ကျွန်းကို မော်တော်တွေနဲ့ ကူးတယ်။ ကူးတဲ့အခါမှာ တိုက်ပွဲဖြစ်တယ်။ အခု ၁၁နာရီ ၁၅ မှာ မတ္တရာရဲ့ အနောက်ခြမ်းမှာ အောက်ကင်းရွာဆိုတာ ရှိတယ်။ အဲဒီ အောက်ကင်းရွာကို မော်တော်နဲ့ ခွေးအလောင်း( စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း) ၁၅လောင်း၊ ဒဏ်ရာရက ၁၃ ကောင် အဲဒါ အောက်ကင်းကို မော်တော်နဲ့ ဆိုက်လာတာ” ဟု မတ္တရာ ဒေသခံက ပြောသည်။

မတ္တရာနှင့် ဝက်လက်မြို့နယ် အစပ်၌ရှိသည့် အဆိုပါ ရေလည်ကျွန်းဒေသ၌ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အဖွဲ့ပေါင်းစုံရှိသည်ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၀ရက် တိုက်ပွဲ ဖြစ်စဉ်တွင်လည်း စစ်ကောင်စီတပ်က အရာရှိအပါအဝင် ၁၃ဦး သေဆုံးခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ကျဆုံးထိခိုက်ရှိသည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ကလေးငယ်နှင့် အမျိုးသမီးအပါအဝင် ဒေသခံများ ထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လားရှိုးမြို့ထဲနဲ့ မြို့အနီးမှာ အာဏာသိမ်းစစ်တပ်ရော၊ MNDAAကပါ စစ်အင်အားတွေထပ်တိုးထားပြီး စစ်ရေးပြင်ဆင်မှုတွေလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီဟာ တော်လှန်ရေးအားနည်းသွားအောင် ပွဲလမ်းသဘင်တွေကို ဗျူဟာအဖြစ်နဲ့ အသုံးချနေကြောင်း ဝါရင့် ဇာတ်သဘင် မင်းသားကြီး မိုးမင်းက ပြောကြားလိုက်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးကြဲသွားတာကြောင့်နေအိမ် ၉လုံးပျက်စီးပြီး ဒေသခံ၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

မိုးကုတ်မြို့၊ချောင်းကြီး နဲ့ ရှမ်းကုန်းစံရွာဘက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကမြို့ထဲက‌နေ လက်နက်ကြီးတွေ ပစ်နေပါတယ်။

Facebook