Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းအမတ် ဒေါက်တာငိုင်းတမ်မောင်းကို NUGလူသာချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဒုဝန်ကြီးအဖြစ် ခန့်အပ်

ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဉ်အရ ဒေါက်တာငိုင်းတမ်မောင်းအား ဒုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဒေါက်တာငိုင်းတမ်မောင်းကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ယနေ့ ကြေညာသည်။

ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဉ်အရ ဒေါက်တာငိုင်းတမ်မောင်းအား ဒုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ချင်းအမတ် ဒေါက်တာငိုင်းတမ်မောင်းကို NUGလူသာချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဒုဝန်ကြီးအဖြစ် ခန့်အပ်
ချင်းအမတ် ဒေါက်တာငိုင်းတမ်မောင်းကို NUGလူသာချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဒုဝန်ကြီးအဖြစ် ခန့်အပ်

ဒေါက်တာငိုင်းတမ်မောင်းသည် ချင်းပြည်နယ် မင်းတပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်အမတ်ဖြစ်သည်။

ဒေါက်တာငိုင်းတမ်မောင်းသည် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ နာယကတစ်ဦးလည်းဖြစ်ပြီး ဒုဝန်ကြီးအဖြစ် ခန့်အပ်ခံရခြင်းကိုဂုဏ်ယူကြောင်း မင်းတပ်(ပအဖ)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးမှာ ယခင်လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဖြစ်ပြီး ဝန်ကြီးဌာနအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် စစ်ဘေး၊ မီးဘေးကြုံနေရသည့် ပြည်သူလူထုများကို လူသားချင်းစာနမှု အကူအညီများ ပံ့ပိုးပေးလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရွာကုန်းကြီးရွာရှိ ကြားကာလစာသင်ကျောင်း ဗုံးနှစ်လုံးကြဲတိုက်ခိုက်ခံရပြီး ယင်းနေရာအနီးဘောလုံးကွင်းသို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်။

ဘာသာပြန် ဆောင်းပါး

မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေဟာ ဖြေရှင်းလို့ မရတဲ့ အခြေအနေ မဟုတ်ပါဘူး။ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို တကယ်တမ်း လိုလားတယ်ဆိုရင် နိုင်ငံတကာ အသိုက်အဝန်းဟာ ပြည်သူတွေရဲ့ စိတ်ဆန္ဒကို အမှန်တကယ် ထင်ဟပ် ကိုယ်စားပြုတဲ့ လှုပ်ရှားမှုတွေမှာ အားပေး ထောက်ခံရပါမယ်။

သတင်း

ယခု ဇွန်လဆန်းပိုင်းမှ စတင်၍ စစ်ကောင်စီသည် ပြည်သူလူထု အများဆုံးအသုံးပြုသည့် ဖေ့ဘုတ်နှင့် မက်ဆန်ဂျာ အသုံးပြုမှုခက်ခဲစေရန် VPN ပိတ်ဆို့မှုကို တိုးမြှင့်လုပ်ဆောင်နေ​ကြောင်း သိရသည်။

သတင်း

လက်ရှိတိုက်ပွဲများ မည်သည့်အချိန်၌ ပြီးမလဲဆိုသည်မှာ စစ်ကောင်စီဘက်က မည်သို့ တုန့်ပြန်သည်ဆိုသည့် အခြေနေနှင့် သက်ဆိုင်သည်ဟု ၎င်းက ပြောသည်။