Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

CDMအားလုံးကို ကူညီပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရန် NUG ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း

ယင်းအစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အေဂျင်စီများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ကိစ္စများတင်ပြခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် ဆရာ၊ဆရာမများက CDM ပြုလုပ်၍ ချီတက်ဆန္ဒပြနေသည် ကို ၂၀၂၁ဖေဖော်ဝါရီ ၂၃ရက်က တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် ဆရာ၊ဆရာမများက CDM ပြုလုပ်၍ ချီတက်ဆန္ဒပြနေသည် ကို ၂၀၂၁ဖေဖော်ဝါရီ ၂၃ရက်က တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

တော်လှန်ရေးအတွက်များစွာ အရေးပါသည့် ထောက်တိုင်တစ်ခုဖြစ်သော CDMဝန်ထမ်းများ အားလုံးကို ကူညီပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းအားထုတ်ပေးကြရန် ယနေ့ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အစိုးရအဖွဲ့အစည်း အဝေး၌ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

CDM များအတွက် အထောက်အပံ့ပေးနိုင်ရေးအတွက် အစိုးရမဖွဲ့ခင်တကည်းကပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းပြီးနောက်ပိုင်း၌လည်း CDMများအတွက် ကဏ္ဍစုံက စဉ်းစားဆွေးနွေးစီမံနိုင်ရန် အားထုတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

“အားလုံးသိတဲ့အတိုင်း နိုင်ငံတကာက လူသားစာနာအကူအညီမျိုးတွေ မရဘဲနဲ့တော့ကျွန်တော်တို့ သူရဲကောင်း CDM တွေအားလုံးကို ကူညီပေးနိုင်ဖို့ အခက်အခဲတွေဖြစ်နေရဦးမှာပါပဲ။ ဒါကြောင့် ဒီနည်းလမ်းနဲ့မရရင် နောက်နည်းလမ်းသုံးပြီး ဝိုင်းဝန်းကြိုးစားအားထုတ်ပေးကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

နောက်ပိုင်းတွင် ပြည်နယ်အစိုးရများ ပေါ်ပေါက် လာပြီး စိုးမိုးထိန်းချုပ်နယ်မြေများစွာ ရှိလာပါက အစိုးရ၏ အုပ်ချုပ်ရေးအင်အားကို အကောင်အထည်ဖော်နိုင်ရန် CDM များ၏ အင်အားများစွာ လိုအပ်လာမည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းအစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အေဂျင်စီများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ကိစ္စများတင်ပြခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။