Connect with us

Hi, what are you looking for?

သတင်း

CDMအားလုံးကို ကူညီပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရန် NUG ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း

ယင်းအစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အေဂျင်စီများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ကိစ္စများတင်ပြခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် ဆရာ၊ဆရာမများက CDM ပြုလုပ်၍ ချီတက်ဆန္ဒပြနေသည် ကို ၂၀၂၁ဖေဖော်ဝါရီ ၂၃ရက်က တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် ဆရာ၊ဆရာမများက CDM ပြုလုပ်၍ ချီတက်ဆန္ဒပြနေသည် ကို ၂၀၂၁ဖေဖော်ဝါရီ ၂၃ရက်က တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

တော်လှန်ရေးအတွက်များစွာ အရေးပါသည့် ထောက်တိုင်တစ်ခုဖြစ်သော CDMဝန်ထမ်းများ အားလုံးကို ကူညီပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းအားထုတ်ပေးကြရန် ယနေ့ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အစိုးရအဖွဲ့အစည်း အဝေး၌ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

CDM များအတွက် အထောက်အပံ့ပေးနိုင်ရေးအတွက် အစိုးရမဖွဲ့ခင်တကည်းကပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းပြီးနောက်ပိုင်း၌လည်း CDMများအတွက် ကဏ္ဍစုံက စဉ်းစားဆွေးနွေးစီမံနိုင်ရန် အားထုတ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

“အားလုံးသိတဲ့အတိုင်း နိုင်ငံတကာက လူသားစာနာအကူအညီမျိုးတွေ မရဘဲနဲ့တော့ကျွန်တော်တို့ သူရဲကောင်း CDM တွေအားလုံးကို ကူညီပေးနိုင်ဖို့ အခက်အခဲတွေဖြစ်နေရဦးမှာပါပဲ။ ဒါကြောင့် ဒီနည်းလမ်းနဲ့မရရင် နောက်နည်းလမ်းသုံးပြီး ဝိုင်းဝန်းကြိုးစားအားထုတ်ပေးကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

နောက်ပိုင်းတွင် ပြည်နယ်အစိုးရများ ပေါ်ပေါက် လာပြီး စိုးမိုးထိန်းချုပ်နယ်မြေများစွာ ရှိလာပါက အစိုးရ၏ အုပ်ချုပ်ရေးအင်အားကို အကောင်အထည်ဖော်နိုင်ရန် CDM များ၏ အင်အားများစွာ လိုအပ်လာမည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းအစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အေဂျင်စီများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ကိစ္စများတင်ပြခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။