Connect with us

Hi, what are you looking for?

သတင်း

နွေဦးတော်လှန်ရေး အားကောင်းရန်ပြင်ဆင်နေ၍ ဒုတိယအကြိမ်ပြည်သူ့ညီလာခံကို သတ်မှတ်အချိန်အတိုင်း မကျင်းပနိုင်ခြင်းဖြစ်ဟု NUCC အသိပေး

ပြီးခဲ့သည့် ပထမအကြိမ်ညီလာခံတွင် နွေဦးတော်လှန်ရေး တစုံလုံးအတွက် အရေးကြီးသည့် အတည်ပြု ဆုံးဖြတ်ချက်များ လုပ်ဆောင်နိုင်ခဲ့သည်ဟု NUCCက ထုတ်ပြန်ခဲ့သည်။

ပြည်သူ့ညီလာခံကို ခြောက်လတစ်ကြိမ်ကျင်းပရန် သတ်မှတ်ထားသော်လည်း နိုင်ငံရေးဖြစ်ထွန်းမှုဖြစ်စဉ်များအရ နွေဦးတော်လှန်ရေးအား ပိုမိုအားကောင်း လာစေရန်အတွက် သုံးသပ်ပြင်ဆင်မှုများ လုပ်ဆောင်ရန်ရှိလာ၍ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကိုသတ်မှတ်ထားသည့်အတိုင်း ကျင်းပရန်အခက်အခဲဖြစ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ယနေ့ အသိပေးထုတ်ပြန်သည်။

NUCCအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ ပြည်သူ့ညီလာခံကို ၆လတစ်ကြိမ် ကျင်းပရမည်ဖြစ်သည်။ ပထမအကြိမ် ပြည်သူ့ညီလာခံကို ယခုနှစ် ဇန်နဝါရီလကပြုလုပ်ခဲ့ရာ ဒုတိယ အကြိမ်ကို ဇူလိုင်အတွင်း ကျင်းပရမည်ဖြစ်သော်လည်း ကျင်းပနိုင်ခြင်းမရှိသေးသည့် အပေါ် ယခုကဲ့သို့ အသိပေး ထုတ်ပြန်ခြင်းဖြစ်သည်။

တော်လှန်ရေးပိုမိုအားကောင်းလာစေရန် သုံးသပ်ပြင်ဆင်မှုများ အမြန်ဆုံးလုပ်ဆောင်ပြီးစီးသည်နှင့်တစ်ပြိုင်နက် NUCC၏ ဒုတိယအကြိမ် ပြည်သူ့ညီလာခံအား ကျင်းပမည်ဖြစ်ကြောင်း တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအား လေးစားစွာ အသိပေးအပ်သည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် ပထမအကြိမ်ညီလာခံတွင် နွေဦးတော်လှန်ရေး တစုံလုံးအတွက် အရေးကြီးသည့် အတည်ပြု ဆုံးဖြတ်ချက်များ လုပ်ဆောင်နိုင်ခဲ့သည်ဟု NUCCက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ တွေ့ဆုံပြီး တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား မြေပြင်ပဋိပက္ခများကိစ္စ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ NUCCက သတင်းထုတ်ပြန်ပါတယ်။

အတွေးအမြင်

(စစ်အုပ်စု၏ လတ်တလောအောင်မြင်မှုများသည် အပြီးသတ်အောင်ပွဲမဟုတ်သေး)

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။