Connect with us

Hi, what are you looking for?

သတင်း

နွေဦးတော်လှန်ရေး အားကောင်းရန်ပြင်ဆင်နေ၍ ဒုတိယအကြိမ်ပြည်သူ့ညီလာခံကို သတ်မှတ်အချိန်အတိုင်း မကျင်းပနိုင်ခြင်းဖြစ်ဟု NUCC အသိပေး

ပြီးခဲ့သည့် ပထမအကြိမ်ညီလာခံတွင် နွေဦးတော်လှန်ရေး တစုံလုံးအတွက် အရေးကြီးသည့် အတည်ပြု ဆုံးဖြတ်ချက်များ လုပ်ဆောင်နိုင်ခဲ့သည်ဟု NUCCက ထုတ်ပြန်ခဲ့သည်။

နွေဦးတော်လှန်ရေး အားကောင်းရန်ပြင်ဆင်နေ၍ ဒုတိယအကြိမ်ပြည်သူ့ညီလာခံကို သတ်မှတ်အချိန်အတိုင်း မကျင်းပနိုင်ခြင်းဖြစ်ဟု NUCC အသိပေး
နွေဦးတော်လှန်ရေး အားကောင်းရန်ပြင်ဆင်နေ၍ ဒုတိယအကြိမ်ပြည်သူ့ညီလာခံကို သတ်မှတ်အချိန်အတိုင်း မကျင်းပနိုင်ခြင်းဖြစ်ဟု NUCC အသိပေး

ပြည်သူ့ညီလာခံကို ခြောက်လတစ်ကြိမ်ကျင်းပရန် သတ်မှတ်ထားသော်လည်း နိုင်ငံရေးဖြစ်ထွန်းမှုဖြစ်စဉ်များအရ နွေဦးတော်လှန်ရေးအား ပိုမိုအားကောင်း လာစေရန်အတွက် သုံးသပ်ပြင်ဆင်မှုများ လုပ်ဆောင်ရန်ရှိလာ၍ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကိုသတ်မှတ်ထားသည့်အတိုင်း ကျင်းပရန်အခက်အခဲဖြစ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ယနေ့ အသိပေးထုတ်ပြန်သည်။

NUCCအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ ပြည်သူ့ညီလာခံကို ၆လတစ်ကြိမ် ကျင်းပရမည်ဖြစ်သည်။ ပထမအကြိမ် ပြည်သူ့ညီလာခံကို ယခုနှစ် ဇန်နဝါရီလကပြုလုပ်ခဲ့ရာ ဒုတိယ အကြိမ်ကို ဇူလိုင်အတွင်း ကျင်းပရမည်ဖြစ်သော်လည်း ကျင်းပနိုင်ခြင်းမရှိသေးသည့် အပေါ် ယခုကဲ့သို့ အသိပေး ထုတ်ပြန်ခြင်းဖြစ်သည်။

တော်လှန်ရေးပိုမိုအားကောင်းလာစေရန် သုံးသပ်ပြင်ဆင်မှုများ အမြန်ဆုံးလုပ်ဆောင်ပြီးစီးသည်နှင့်တစ်ပြိုင်နက် NUCC၏ ဒုတိယအကြိမ် ပြည်သူ့ညီလာခံအား ကျင်းပမည်ဖြစ်ကြောင်း တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအား လေးစားစွာ အသိပေးအပ်သည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် ပထမအကြိမ်ညီလာခံတွင် နွေဦးတော်လှန်ရေး တစုံလုံးအတွက် အရေးကြီးသည့် အတည်ပြု ဆုံးဖြတ်ချက်များ လုပ်ဆောင်နိုင်ခဲ့သည်ဟု NUCCက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မင်းအောင်လှိုင်ဦးဆောင်သောစစ်အုပ်စုက စစ်ကောင်စီမှ စစ်ကော်မရှင်ဟု​အမည်​ပြောင်း​သော်လည်း အကြမ်းဖက်အုပ်စု၊ နိုင်ငံတော်နှင့် ပြည်သူ့ ရန်သူပင်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့က ယနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

သတင်း

ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိရေး လုပ်ငန်းစဉ် နောက်ဆုံးအဆင့် ဆောင်ရွက်နိုင်ဖို့ NUCC နဲ့ NUG တို့ ဒီနေ့ တွေ့ဆုံခဲ့တယ်လို့ NUCC က ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကတိုင်းပြည်အနာဂတ်သည်တအာင်းတပ်မတော်(TNLA) အထွေထွေ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်အပါအဝင် ခေါင်းဆောင်များ၏ ပုခုံးပေါ်ရောက်ရှိနေကြောင်း ပြောကြားခဲ့ရာ ဗိုလ်ချုပ်တားဘုန်းကျော်ကလည်း အတူတူ ပူးပေါင်းလုပ်ဆောင်ကြစို့ဟု တုန့်ပြန်ပြောကြားခဲ့သည်။

အတွေးအမြင်

လတ်တလော အခင်းအကျင်းကို နိုင်ငံသားတစ်ယောက်နေရာက မဟုတ်ဘဲ အပြင်နိုင်ငံခြားသားတစ်ယောက်နေရာက ကြည့်ကြည့်ရင် တော်လှန်ရေးဗွက်ထနေတာကိုသာ မြင်ပြီး စကစရဲ့ "ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲ"ကသာ မြန်မာနိုင်ငံ အနာဂတ်အတွက် အလားအလာ ရှိနေသယောင် မြင်ကြတာဟာ သိပ်တော့လည်း အဆန်းတကြယ် မဟုတ်ဘူးလို့ ဆိုရမှာပါပဲ။