Connect with us

Hi, what are you looking for?

LuduNwayOo

News

သမိုင်းဝင် ပြည်သူ့ညီလာခံတွင် ကိုယ်စားလှယ် ​၄၀၀ ဝန်းကျင်တက်​ရောက်

ပထမဆုံးအကြိမ်ပြုလုပ်​သော ပြည်သူ့ညီလာခံဖွင့်ပွဲကို အွန်လိုင်းမှ ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး NUCC အဖွဲ့ဝင်များ၊ဖိတ်ကြားထား​သောပြည်တွင်းပြည်ပမှအထူးဧည်သည်များ၊ နိုင်ငံတကာသံရုံးများမှသံတမန်များလည်းတက်​ရောက်ခဲ့​ကြောင်းသိ့ရသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ကပြုလုပ်​သော ပထမအကြိမ် ပြည်သူ့ညီလာခံဖွင့်ပွဲတွင် တက်​ရောက်သူ​ကိုယ်စားလှယ် ၄၀၀ဝန်းကျင်ရှိ​ကြောင်းတက်​ရောက်သူအချို့က ပြောသည်။

ပထမဆုံးအကြိမ်ပြုလုပ်​သော ပြည်သူ့ညီလာခံဖွင့်ပွဲကို အွန်လိုင်းမှ ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး NUCC အဖွဲ့ဝင်များ၊ဖိတ်ကြားထား​သောပြည်တွင်းပြည်ပမှအထူးဧည်သည်များ၊ နိုင်ငံတကာသံရုံးများမှသံတမန်များလည်းတက်​ရောက်ခဲ့​ကြောင်းသိ့ရသည်။

NUCC တွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့အပါအဝင် ကိုယ်စားလှယ်အဖွဲ့​ပေါင်း ၂၈ ဖွဲ့ ထိ့စုစည်းမိ​နေပြီဖြစ်​ကြောင်း ၂၀၂၁ နှစ်ကုန်ပိုင်းတွင်​ပြုလုပ်​သောသတင်းစာရှင်းလင်း​ပွဲတွင်​ပြောကြားထားသည်။ ထူးခြားချက်မှာပြည်သူ့ညီလာခံဖွင့်ပွဲတွင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ၊ တအာင်း(ပလောင်)အမျိုးသားအတိုင်ပင်ခံကောင်စီ ၊အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားပြုသူများတက်​ရောက်မိန့်ခွန်း​ပြောကြားခဲ့သလို ၊ အထူးဧည်သည်​တော်အဖြစ် ရခိုင်အမျိုးသားကောင်စီ(ANC) မှကိုယ်စားလှယ်တက်​ရောက်မိန့်ခွန်း​ပြောခဲ့သည်ကိုလည်း​တွေ့ရသည်။

ထို​ကြောင့် ယခင် NUCC သတင်းစာရှင်းလင်းပွဲများတွင် မပါဝင်​သော အဖွဲ့များစွာ ပြည်သူ့ညီလာခံသို့ ပိုမိုတက်​ရောက်လာခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

●သမိုင်းဝင်ပြည်သူညီလာခံမှာဘယ်သူ​တွေမိန့်ခွန်း​ပြောကြသလဲ

စစ်အာဏာရှင်စနစ် ဖြုတ်ချရန် ၊ဖက်ဒရယ်ဒီမိုက​ရေစီစနစ်ထူ​ထောင်ရန် ကြိုးပမ်းမှုတွင် နိုင်ငံ​ရေးအရ အမြင့်ဆုံးဦး​ဆောင်အဖွဲ့အစည်းဖြစ်​သော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ကပြုလုပ်​သော ပထမဆုံးအကြိမ်ပြည်သူ့ ညီလာခံဖွင့်ပွဲတွင် အွန်လိုင်းမှပြုလုပ်​သော်လည်းတက်​ရောက်သူများပြားသလို မိန့်ခွန်း​ပြောကြားသူလည်း ၂၂ ဦးရှိသည်။မိန့်ခွန်း​ပြောကြားခဲ့​သည့် ကိုယ်စားလှယ်များမှာ

၁ – NUCCကိုယ်စား နွေဦးတော်လှန်ရေး သပိတ်အင်အားစုများ၏ ကိုယ်စားလှယ် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ အဖွဲ့ဝင် ကိုခန့်ဝေဖြိုး

၂ – NUCCကိုယ်စား နွေဦးတော်လှန်ရေး CDM အင်အားစုများ၏ ကိုယ်စားလှယ် ဆရာကိုနောင်ချို

၃ – ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်

၄ – တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကိုယ်စား ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဥက္ကဋ္ဌ ခူဦးရယ်

၅ – သပိတ်ကော်မတီများ၊ CDM အင်အားစုများ၊ CSOများ အစရှိသည့် နွေဦးတော်လှန်ရေးအင်အားစုများ ကိုယ်စား ဦးမင်းကိုနိုင်

၆ – နွေဦးတော်လှန်ရေးအင်အားစုများ GSCB မှ မအေးမြင့်အောင်​အောင်

၇ – ပြည်နယ် လူမျိုးအခြေပြု အတိုင်ပင်ခံကောင်စီ အစုအဖွဲ့မှ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီဥက္ကဋ္ဌ ခွန်မြင့်ထွန်း

၈ – နိုင်ငံရေးပါတီအစုအဖွဲ့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာခင်ဆောင်

၉ – အထူးဖိတ်ကြားထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလာ

၁၀ – အရပ်ဘက်အဖွဲ့အစည်းများ ကိုယ်စား ရပ်ဝန်းသစ်အဖွဲ့မှ Zနန်ရော်

၁၁ – အထူးဖိတ်ကြားထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း

၁၂ – ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ကိုယ်စား ချင်းအမျိုးသားတပ်ဦး(CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး

၁၃ – အထူးဖိတ်ကြားထားသည့် ရခိုင်အမျိုးသားကောင်စီ(ANC) ဥက္ကဋ္ဌ ဗိုလ်မှူးကြီးမင်းထွန်း

၁၄ – အထူးဖိတ်ကြားထားသည့် အမျိုးသမီးများအဖွဲ့ချုပ်(WLB) အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲ

၁၅ – မွန်ပြည်နယ် ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ နိုင်သု၀ဏ္ဏ

၁၆ – အထူးဖိတ်ကြားထာသည့် ဧည့်သည်တော် ကုလသမဂ္ဂမြန်မာနိူင်ငံဆိုင်ရာလူ့အခွင့်အ​ရေး​ကြေညာစာတမ်းတင်သွင်းသူ မစ္စတာတွမ်အင်ဒရူး

၁၇ – အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ကိုနန်းလင်း

၁၈ – လူထုအခြေပြု အထွေထွေသပိတ်ကော်မတီမှ မသဉ္ဇာရွှန်းလဲ့ရည်

၁၉-လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီမှ ဆလိုင်းဝီလျန်

၂၀ – တအာင်း(ပလောင်)အမျိုးသားအတိုင်ပင်ခံကောင်စီမှ မိုင်းနိုင်အောင်မိုး

၂၁ – အထူးဖိတ်ကြားထာသည့်International Trade Union Confederation အထွေထွေအတွင်းရေးမှူးချုပ် မစ္စရှာရန်ဘူရို

၂၂ – အလုပ်သမားများသမဂ္ဂကိုယ်စား ဦးနန္ဒစစ်အောင် တို့က အသီးသီးမိန့်ခွန်း​ပြောကြားခဲ့ကြခြင်းဖြစ်သည်။

ညီလာခံတွင် အချက် ၃ ချက်အဓိကဆွေးနွေးဆုံးဖြတ်မည်

NUCC တွင် CRPH အပါအဝင် ရွေးကောက်ပွဲလွှတ်တော်ကိုယ်စား လှယ်များအစုအဖွဲ့၊ နိုင်ငံရေးပါတီများ၊ သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့် လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်း CDM များ၊ CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာအဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ကြားကာလ ပြည်နယ်ဖက်ဒရယ်ယူနစ်ကိုယ်စားပြုကော်မတီဝင်များ ပါဝင်သည်။

ဇန်နဝါရီ ၂၇ ရက်မှ ယ​နေ့အထိ့ (ဇန်နဝါရီ ၂၉) ကျင်းပ​နေ​သောပထမအကြိမ် ပြည်သူ့ညီလာခံတွင် NUCC က ၁၀ လကျော် အချိန်ယူပြင်ဆင်ရေးဆွဲခဲ့သည့် ဖက်ဒရယ်ချာတာကိုအတည်ပြုရေး၊ NUCC လုပ်ငန်းလမ်းညွှန်၊ ဖွဲ့စည်းခြင်းကို အတည်ပြုရေး နှင့် NUG အစိုးရအဖွဲ့ကို အတည်ပြုရေး စသည့် လုပ်ငန်းစဉ် ၃ ရပ်ကို အဓိကဆွေးနွေးဆုံးဖြတ်မည်ဖြစ်သည်။

ညီလာခံ​မှာယ​နေ့ပြီးဆုံးမည်ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၃၀ တွင်ပြုလုပ်မည်ဖြစ်သည်။

ညီလာခံဖွင့်ပွဲအခမ်းအနားမိန်းခွန်းများကိုအပြည့်အစုံကြည့်ရှုလို့ပါက ​​အောက်ပါလင့်တွင်ကြည့်ရှုနိုင်ပါသည်။

https://fb.watch/aQOQeMkpXk/

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။