Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့နွေဦးတက္ကသိုလ်(MNOU)ကို ယနေ့ စတင်ဖွင့်လှစ်ကြောင်း NUG ကြေညာ

မြန်မာ့နွေဦးတက္ကသိုလ်(MNOU)သည် ကြားကာလပညာရေးအတွက် ယာယီတက္ကသိုလ်ကောင်စီများ နှင့် ဘာသာရပ်အဖွဲ့များ စုစည်း၍ ပူးပေါင်းတည်ထောင်ထားသော ပညာရေးဝန်ကြီးဌာန၏ ပြည်သူပိုင်တက္ကသိုလ် (Public University) တစ်ခု ဖြစ်ကြောင်း ကြေညာသည်။

မြန်မာ့နွေဦးတက္ကသိုလ်(MNOU)ကို ယနေ့ စတင်ဖွင့်လှစ်ကြောင်း NUG ကြေညာ
မြန်မာ့နွေဦးတက္ကသိုလ်(MNOU)ကို ယနေ့ စတင်ဖွင့်လှစ်ကြောင်း NUG ကြေညာ

▪️စစ်အာဏာရှင်လက်အောက်တွင်ပညာသင်ယူမှု မပြုလုပ်လိုသော ကျောင်းသား၊ ကျောင်းသူအားလုံးအတွက်ဖက်ဒရယ်ဒီမိုကရေစီပညာရေး ဦးတည် ဖော်ဆောင်မည်ဟုဆို

စစ်အာဏာရှင်လက်အောက်တွင်ပညာသင်ယူမှု မပြုလုပ်လိုသော ကျောင်းသား၊ ကျောင်းသူ အားလုံးအတွက် ဖက်ဒရယ်ဒီမိုကရေစီပညာရေးကို ဦးတည်ဖော်ဆောင်မည့် မြန်မာ့နွေဦးတက္ကသိုလ် Myanmar Nway-Oo University (MNOU) ကို ယနေ့ စတင်ဖွင့်လှစ်ကြောင်း NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

MNOU ကို ပြည်သူပိုင် အွန်လိုင်းတက္ကသိုလ်အဖြစ် ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး MNOU ၌ တက်ရောက်သင်ယူလိုသည့် ကျောင်းသား၊ ကျောင်းသူများသည် Online Learning Platform မှတဆင့် သင်တန်း အမျိုးအစား ၃ ခုအနက်မှ ကြိုက်နှစ်သက်ရာကို ရွေးချယ်သင်ယူနိုင်မည်ဟု အသိပေးသည်။

ယင်း ၃ မျိုးမှာ Formal Courses (ဘွဲ့ကြို ၊ ဘွဲ့လွန် ပုံမှန်နေ့သင်တန်း နှင့် အဝေးသင်သင်တန်းများမှ သင်ခန်းစာများ)၊ Core Curriculum Courses (တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးထားသော/ အခြေခံပညာ ပြီးမြောက်ထားသော ကျောင်းသား၊ ကျောင်းသူများအတွက် ဘာသာရပ်မိတ်ဆက် သင်ခန်းစာများ) နှင့် Short Courses (လက်တွေ့အသုံးချ အသိပညာ၊ အတတ်ပညာရပ်ဆိုင်ရာ သင်တန်းများနှင့် တတ်ကျွမ်းနားလည်မှုများ ပိုမိုရရှိစေနိုင်သော စွမ်းရည်မြှင့်သင်တန်းများ) တို့ ဖြစ်ကြောင်း MNOU က အသိပေးသည်။

“ဒါဟာ ကျွန်တော်ထင်တယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးသမိုင်းမှာ မှတ်တိုင် တစ်ခုစိုက်တဲ့နေ့တစ်နေ့လို့ ပြောရင် မမှားပါဘူး။ တော်တော်ထူးခြားမှတ်တိုင်လို့ မြင်ပါတယ်။ တကယ်တမ်းတော့ ဒါကို ကြိုးစားနေခဲ့တာ ကြာပါပြီ” ဟု ပညာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက MNOU ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာ့နွေဦးတက္ကသိုလ်(MNOU)သည် ကြားကာလပညာရေးအတွက် ယာယီတက္ကသိုလ်ကောင်စီများ နှင့် ဘာသာရပ်အဖွဲ့များ စုစည်း၍ ပူးပေါင်းတည်ထောင်ထားသော ပညာရေးဝန်ကြီးဌာန၏ ပြည်သူပိုင်တက္ကသိုလ် (Public University) တစ်ခု ဖြစ်ကြောင်း ကြေညာသည်။

ထို့အပြင် မြန်မာ့နွေဦးတက္ကသိုလ်(MNOU) သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ် (Autonomous University) အဖြစ် အခမဲ့ပညာရေး ကို ဖော်ဆောင်မည့် တက္ကသိုလ်တစ်ခု ဖြစ်ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

သမ္မတရုံး၏ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကဏ္ဍများ၌ ပြောင်းလဲတာဝန်ယူမည်ဟု ထုတ်ပြန်

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ရေးအတွက် နျူးကလီးယားနည်းပညာရရှိရန် အရှိန်မြှင့်လုပ်ဆောင်လာခြင်းသည် စိုးရိမ်ဖွယ်တွေ့ရှိရလာရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားသည်။

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး များစွာအကျိုးသက်ရောက်စေတာကြောင့် ပြည်သူတွေရဲ့အောင်ပွဲလို့ ဖော်ပြ

သတင်း

(၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံတွင်စစ်အုပ်စု(စစ်ကောင်စီ)ကို အရေးယူရန်ဆုံးဖြတ်ချက်သည် မြန်မာပြည်သူလူထု၏ အောင်ပွဲဖြစ်​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကယနေ့ ညတွင်ထုတ်ပြန်လိုက်သည်။