Connect with us

Hi, what are you looking for?

သတင်း

ချင်းမိုင်တက္ကသိုလ်နှင့် နွေဦးတက္ကသိုလ်တို့ သဘောတူမှုစာချွန်လွှာ လက်မှတ်ရေးထိုး၊ ကျောင်းသား (၅၀၀) လက်ခံသင်ကြားမယ်

ချင်းမိုင်တက္ကသိုလ် လက်အောက်ခံကျောင်းတစ်ခုနဲ့ နွေဦးတက္ကသိုလ်တို့ ပညာရေးလုပ်ငန်းများ ပူးပေါင်းဆောင် ရွက်ရန်အတွက် သဘောတူစာချွန်လွှာ ရေးထိုးထားခဲ့နာလို့ ဆိုပါတယ်။

ချင်းမိုင်တက္ကသိုလ် ။ ။ဓါတ်ပုံ-CMU
ချင်းမိုင်တက္ကသိုလ် ။ ။ဓါတ်ပုံ-CMU

ထိုင်းနိုင်ငံမှ ချင်းမိုင်တက္ကသိုလ်နှင့် နွေဦးတက္ကသိုလ်တို့ သဘောတူမှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပြီး ကနဦးအစီအစဥ်အရ ကျောင်းသား (၅၀၀) လက်ခံသင်ကြားပေးသွားမယ်လို့ ဒီကနေ့ သြဂုတ်လ (၉)ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ချင်းမိုင်တက္ကသိုလ် လက်အောက်ခံကျောင်းတစ်ခုနဲ့ နွေဦးတက္ကသိုလ်တို့ ပညာရေးလုပ်ငန်းများ ပူးပေါင်းဆောင် ရွက်ရန်အတွက် သဘောတူစာချွန်လွှာ ရေးထိုးထားခဲ့နာလို့ ဆိုပါတယ်။

“အဆိုပါသဘောတူညီမှုအရ လာမည့် (၃) နှစ်အတွင်း မြန်မာကျောင်းသားလူငယ်များအတွက် ရက်တိုရက်ရှည် သင်တန်းများ၊ သုတေသနအစီအစဉ်များ၊ နိုင်ငံတကာနှင့် ချိတ်ဆက်ရေးလုပ်ငန်းများ စသည်တို့ကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်”လို့ နွေဦးတက္ကသိုလ်က ဖော်ပြပါတယ်။

ချင်းမိုင်တက္ကသိုလ်နှင့် နွေဦးတက္ကသိုလ်တို့ သဘောတူမှုစာချွန်လွှာ လက်မှတ်ရေးထိုး
ချင်းမိုင်တက္ကသိုလ်နှင့် နွေဦးတက္ကသိုလ်တို့ သဘောတူမှုစာချွန်လွှာ လက်မှတ်ရေးထိုး

ကနဦးအစီအစဉ်များအရ ကျောင်းသားပေါင်း (၅၀၀) အထိ လက်ခံသင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းသားခေါ်ယူခြင်းကို မကြာမီကာလအတွင်း စတင်သွားမှာဖြစ်သလို ဆက်လက်လုပ်ဆောင်မယ့် အစီအစဉ်များကိုလည်း အချိန်နှင့်တပြေးညီ ကြေညာပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

နွေဦးတက္ကသိုလ်ဟာ အမျိုးသာညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာန(MOE) လက်အောက်ခံတက္ကသိုလ်တစ်ခုဖြစ်ပြီး တက္ကသိုလ်ရဲ့အဓိပတိမှာ ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံဆိုင်ရာကွန်ရက်မှ ဆရာကြီးဒေါက်တာသိန်းလွင်က တာဝန်ယူထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန် သုတေသန လုပ်ငန်းတွေမှာ ငွေကြေးထည့်ဝင် ထောက်ပံ့ပြီး သူလျှိုလုပ်ငန်းတွေအတွက် အသုံးချနေနိုင်ကြောင်း ဗြိတိန် ထောက်လှမ်းရေးဌာန MI5က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အသက် ၆၆ နှစ်အရွယ် ထိုင်းအမျိုးသမီးကြီး တစ်ဦးဟာ ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ဖန်တီးထားတဲ့ Facebook ပရိုဖိုင် တစ်ခုနဲ့ ရည်းစားဖြစ်ပြီး လမ်ပန်ကနေ ကီလိုမီတာ ၁၀၀ လောက် ကွာဝေးတဲ့ ချင်းမိုင်ထိ ထွက်ခွာလာခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

Facebook