Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းမိုင်တက္ကသိုလ်နှင့် နွေဦးတက္ကသိုလ်တို့ သဘောတူမှုစာချွန်လွှာ လက်မှတ်ရေးထိုး၊ ကျောင်းသား (၅၀၀) လက်ခံသင်ကြားမယ်

ချင်းမိုင်တက္ကသိုလ် လက်အောက်ခံကျောင်းတစ်ခုနဲ့ နွေဦးတက္ကသိုလ်တို့ ပညာရေးလုပ်ငန်းများ ပူးပေါင်းဆောင် ရွက်ရန်အတွက် သဘောတူစာချွန်လွှာ ရေးထိုးထားခဲ့နာလို့ ဆိုပါတယ်။

ချင်းမိုင်တက္ကသိုလ် ။ ။ဓါတ်ပုံ-CMU
ချင်းမိုင်တက္ကသိုလ် ။ ။ဓါတ်ပုံ-CMU

ထိုင်းနိုင်ငံမှ ချင်းမိုင်တက္ကသိုလ်နှင့် နွေဦးတက္ကသိုလ်တို့ သဘောတူမှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပြီး ကနဦးအစီအစဥ်အရ ကျောင်းသား (၅၀၀) လက်ခံသင်ကြားပေးသွားမယ်လို့ ဒီကနေ့ သြဂုတ်လ (၉)ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ချင်းမိုင်တက္ကသိုလ် လက်အောက်ခံကျောင်းတစ်ခုနဲ့ နွေဦးတက္ကသိုလ်တို့ ပညာရေးလုပ်ငန်းများ ပူးပေါင်းဆောင် ရွက်ရန်အတွက် သဘောတူစာချွန်လွှာ ရေးထိုးထားခဲ့နာလို့ ဆိုပါတယ်။

“အဆိုပါသဘောတူညီမှုအရ လာမည့် (၃) နှစ်အတွင်း မြန်မာကျောင်းသားလူငယ်များအတွက် ရက်တိုရက်ရှည် သင်တန်းများ၊ သုတေသနအစီအစဉ်များ၊ နိုင်ငံတကာနှင့် ချိတ်ဆက်ရေးလုပ်ငန်းများ စသည်တို့ကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်”လို့ နွေဦးတက္ကသိုလ်က ဖော်ပြပါတယ်။

ချင်းမိုင်တက္ကသိုလ်နှင့် နွေဦးတက္ကသိုလ်တို့ သဘောတူမှုစာချွန်လွှာ လက်မှတ်ရေးထိုး
ချင်းမိုင်တက္ကသိုလ်နှင့် နွေဦးတက္ကသိုလ်တို့ သဘောတူမှုစာချွန်လွှာ လက်မှတ်ရေးထိုး

ကနဦးအစီအစဉ်များအရ ကျောင်းသားပေါင်း (၅၀၀) အထိ လက်ခံသင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းသားခေါ်ယူခြင်းကို မကြာမီကာလအတွင်း စတင်သွားမှာဖြစ်သလို ဆက်လက်လုပ်ဆောင်မယ့် အစီအစဉ်များကိုလည်း အချိန်နှင့်တပြေးညီ ကြေညာပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

နွေဦးတက္ကသိုလ်ဟာ အမျိုးသာညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာန(MOE) လက်အောက်ခံတက္ကသိုလ်တစ်ခုဖြစ်ပြီး တက္ကသိုလ်ရဲ့အဓိပတိမှာ ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံဆိုင်ရာကွန်ရက်မှ ဆရာကြီးဒေါက်တာသိန်းလွင်က တာဝန်ယူထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀)လက်၊ RPG-7 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများဖြင့် စိစစ်ဆောင်ရွက်ပြီးစီးခဲ့ပြီးဟုလည်း ဆိုသည်။

သတင်း

မြေပုံမြို့နယ်အတွင်း ရေကြောင်းတနေရာတွင် ယမန်နေ့(နိုဝင်ဘာလ ၂၀ရက်)က ယင်းကဲ့သို့ ပစ်ခဲ့ခြင်းဟုဒေသခံများကပြောသည်။