Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်မှာ လူသတ်မှုဖြစ်ပြီး အမျိုးသမီးကြီးတစ်ဦးသေဆုံးကာ အိမ်သားသုံးဦးဓားဒဏ်ရာရ

ထွက်ပေါ်လာတဲ့အတည်မပြုနိုင်တဲ့သတင်းတွေအရတော့ အိမ်ထဲကို သူခိုးဝင်တာကို မိသွားရာကနေ သူခိုးက အိမ်သားတွေကို သတ်ဖြတ်ခဲ့တာလို့ သတင်းထွက်ပေါ်နေပါတယ်။

ပြင်ဦးလွင်မှာ လူသတ်မှုဖြစ်ပြီး အမျိုးသမီးကြီးတစ်ဦးသေဆုံးကာ အိမ်သားသုံးဦးဓားဒဏ်ရာရ
ပြင်ဦးလွင်မှာ လူသတ်မှုဖြစ်ပြီး အမျိုးသမီးကြီးတစ်ဦးသေဆုံးကာ အိမ်သားသုံးဦးဓားဒဏ်ရာရ

မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့နယ် ရေချမ်းအိုးမြောက်ရွာက နေအိမ် တစ်အိမ်မှာ အမျိုးသမီးကြီး တစ်ဦးဓားနဲ့ထိုးသတ်ခံရပြီး ကျန်တဲ့ မိသားစုဝင် ၃ ဦးလည်း ဓားဒဏ်ရာတွေရနေတာတွေ့ရလို့ ဆေးရုံဆီပို့ဆောင်ခဲ့ရကြောင်း ပြင်ဦးလွင် နာမှုကူညီရေးအသင်းက ပြောပါတယ်။

ဒီလူသတ်မှု ဘာကြောင့်ဖြစ်ပွားရလဲဆိုတာကိုတော့တိတိကျကျ မသိရသေးပါဘူး။

ထွက်ပေါ်လာတဲ့အတည်မပြုနိုင်တဲ့သတင်းတွေအရတော့ အိမ်ထဲကို သူခိုးဝင်တာကို မိသွားရာကနေ သူခိုးက အိမ်သားတွေကို သတ်ဖြတ်ခဲ့တာလို့ သတင်းထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း ပြင်ဦးလွင် မြို့နယ်အတွင်းက ကျေးရွာ တစ်ရွာမှာ မိသားစုဝင် ငါးဦး ရက်ရက်စက်စက်သတ်ဖြတ်ခံရတဲ့ ငါးလောင်းပြိုင်လူသတ်မှုဖြစ်ခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

မန္တလေးတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လူသတ်မှုတွေ ၊ ဓားပြမှုတွေ ၊လုယက်မှုတွေမကြာခဏဖြစ်ပွားနေတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"

သတင်း

စလော့ဂိမ်းကစားပြီးငွေလိုနေတဲ့လူငယ်တစ်ဦးက သူငယ်ချင်းရဲ့မိခင်ဖြစ်သူကို သတ်ဖြတ်ပြီး ​ရွှေ​​ငွေနဲ့အဖိုးတန် ပစ္စည်း​​တွေကိုခိုးယူမှု ရန်ကုန်မြို့မှာဖြစ်ပွားခဲ့ပါတယ်။

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်းက ပြင်ဦးလွင်မြို့နယ်အစပ်မှာရှိတဲ့ စစ်တပ်ရဲ့ ဝက်ဝံစစ်ဆေးရေးဂိတ်ဟာ ပိတ်ချင်းမြောင်ကိုလာတဲ့ ဘုရားဖူးဧည့်သည်တွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။