Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာရှင်ချုပ်ငြိမ်းရေးတိုက်ပွဲဝင်နေသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သမိုင်းဖြတ်သန်းမှုကို လေးစားအသိအမှတ်ပြုကြောင်း KNUသဝဏ်လွှာပို့

ယနေ့(အောက်တိုဘာ ၁၄ရက်) ကျရောက်သည့် DPNS ပါတီ (၃၄)နှစ်မြောက် ပါတီထူထောင်ခြင်း အထိမ်းအမှတ်သို့ KNUက သ၀ဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

အာဏာရှင်ချုပ်ငြိမ်းရေးတိုက်ပွဲဝင်နေသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သမိုင်းဖြတ်သန်းမှုကို လေးစားအသိအမှတ်ပြုကြောင်း KNUသဝဏ်လွှာပို့
အာဏာရှင်ချုပ်ငြိမ်းရေးတိုက်ပွဲဝင်နေသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သမိုင်းဖြတ်သန်းမှုကို လေးစားအသိအမှတ်ပြုကြောင်း KNUသဝဏ်လွှာပို့

အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် နိုင်ငံရေးလှုပ်ရှားမှု အသီးသီး၌ပါဝင်ခဲ့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)၏ သမိုင်းဖြတ်သန်းမှုအား လေးစား အသိအမှတ်ပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က သဝဏ်လွှာပေးပို့ ခဲ့သည်။

ယနေ့(အောက်တိုဘာ ၁၄ရက်) ကျရောက်သည့် DPNS ပါတီ (၃၄)နှစ်မြောက် ပါတီထူထောင်ခြင်း အထိမ်းအမှတ်သို့ KNUက သ၀ဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

DPNS သည် ၁၉၉၁ ခုမှစ၍ KNU၏ မိတ်ဖက်အဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်ကာ ပြည်သူလူထုလိုလားသော အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်အောက်မှ အမျိုးသားဒီမိုကရက်တစ်တပ်ပေါင်းစု(DAB)၊ အမျိုးသားကောင်စီ – NCUB စသည့် နိုင်ငံရေးလှုပ်ရှားမှု အသီးသီးတွင် အခက်အခဲ အကြပ်အတည်း ပေါင်းများစွာကို အန်တုရင်ဆိုင် ကျော်ဖြတ်ရင်း တက်ကြွစွာ ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၁ အာဏာရှင်ချုပ်ငြိမ်းရေးဖြစ်သည့် နွေဦးတော်လှန်ရေးတွင်လည်း ဦးဆောင်မှု အခန်းကဏ္ဍမှ တက်ကြွစွာ ဆက်လက်ပါဝင်တိုက်ပွဲ ဝင်နေသည့် သမိုင်းဖြတ်သန်းမှုအား KNU မှ လေးစား အသိအမှတ်ပြု မော်ကွန်းတင်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

Public Service Announcement

Public Service Announcement

DPNS ၏ ၃၄ နှစ်တာ ကာလအတွင်း ဒီမိုကရေစီရေး နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရုန်းကန်မှု တိုက်ပွဲတလျှောက် ဘ၀နှင့် အသက်ပေါင်းများစွာ ပေးဆပ်သွားကြသည့် တိုက်ပွဲဝင် ပါတီဝင်များအား ဦးညွှတ်ဂုဏ်ပြုကြောင်းလည်း KNU၏ သဝဏ်လွှာ၌ ပါရှိသည်။

တိုင်းရင်းသားပြည်သူလူထုမှ လိုလားသည့် စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင် စခန်များမဆို ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်ရေး အတွက် မပြီးဆုံးသေးသည့် တော်လန်ရေး တွင် ဘ၀တူ တော်လှန်ရေးအင်အားစုများ နှင့်အတူ ဆက်လက်တိုက်ပွဲဝင် သွားရန် တိုက်တွန်းကြောင်းလည်း KNUက သဝဏ်လွှာပေးပို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။