Connect with us

Hi, what are you looking for?

သတင်း

အာဏာရှင်ချုပ်ငြိမ်းရေးတိုက်ပွဲဝင်နေသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သမိုင်းဖြတ်သန်းမှုကို လေးစားအသိအမှတ်ပြုကြောင်း KNUသဝဏ်လွှာပို့

ယနေ့(အောက်တိုဘာ ၁၄ရက်) ကျရောက်သည့် DPNS ပါတီ (၃၄)နှစ်မြောက် ပါတီထူထောင်ခြင်း အထိမ်းအမှတ်သို့ KNUက သ၀ဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

အာဏာရှင်ချုပ်ငြိမ်းရေးတိုက်ပွဲဝင်နေသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သမိုင်းဖြတ်သန်းမှုကို လေးစားအသိအမှတ်ပြုကြောင်း KNUသဝဏ်လွှာပို့
အာဏာရှင်ချုပ်ငြိမ်းရေးတိုက်ပွဲဝင်နေသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သမိုင်းဖြတ်သန်းမှုကို လေးစားအသိအမှတ်ပြုကြောင်း KNUသဝဏ်လွှာပို့

အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် နိုင်ငံရေးလှုပ်ရှားမှု အသီးသီး၌ပါဝင်ခဲ့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)၏ သမိုင်းဖြတ်သန်းမှုအား လေးစား အသိအမှတ်ပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က သဝဏ်လွှာပေးပို့ ခဲ့သည်။

ယနေ့(အောက်တိုဘာ ၁၄ရက်) ကျရောက်သည့် DPNS ပါတီ (၃၄)နှစ်မြောက် ပါတီထူထောင်ခြင်း အထိမ်းအမှတ်သို့ KNUက သ၀ဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

DPNS သည် ၁၉၉၁ ခုမှစ၍ KNU၏ မိတ်ဖက်အဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်ကာ ပြည်သူလူထုလိုလားသော အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်အောက်မှ အမျိုးသားဒီမိုကရက်တစ်တပ်ပေါင်းစု(DAB)၊ အမျိုးသားကောင်စီ – NCUB စသည့် နိုင်ငံရေးလှုပ်ရှားမှု အသီးသီးတွင် အခက်အခဲ အကြပ်အတည်း ပေါင်းများစွာကို အန်တုရင်ဆိုင် ကျော်ဖြတ်ရင်း တက်ကြွစွာ ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၁ အာဏာရှင်ချုပ်ငြိမ်းရေးဖြစ်သည့် နွေဦးတော်လှန်ရေးတွင်လည်း ဦးဆောင်မှု အခန်းကဏ္ဍမှ တက်ကြွစွာ ဆက်လက်ပါဝင်တိုက်ပွဲ ဝင်နေသည့် သမိုင်းဖြတ်သန်းမှုအား KNU မှ လေးစား အသိအမှတ်ပြု မော်ကွန်းတင်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

Public Service Announcement

Public Service Announcement

DPNS ၏ ၃၄ နှစ်တာ ကာလအတွင်း ဒီမိုကရေစီရေး နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရုန်းကန်မှု တိုက်ပွဲတလျှောက် ဘ၀နှင့် အသက်ပေါင်းများစွာ ပေးဆပ်သွားကြသည့် တိုက်ပွဲဝင် ပါတီဝင်များအား ဦးညွှတ်ဂုဏ်ပြုကြောင်းလည်း KNU၏ သဝဏ်လွှာ၌ ပါရှိသည်။

တိုင်းရင်းသားပြည်သူလူထုမှ လိုလားသည့် စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင် စခန်များမဆို ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်ရေး အတွက် မပြီးဆုံးသေးသည့် တော်လန်ရေး တွင် ဘ၀တူ တော်လှန်ရေးအင်အားစုများ နှင့်အတူ ဆက်လက်တိုက်ပွဲဝင် သွားရန် တိုက်တွန်းကြောင်းလည်း KNUက သဝဏ်လွှာပေးပို့ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်ထဲကနေရာအချို့မှာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းစစ်ကောင်စီလေတပ်ကဗုံးကြဲတိုက်ခိုက်တာကြောင့်အရပ်သားတွေထိခိုက်ပြီး နေအိမ်အဆောက်အဦးတွေပျက်စီးမှုရှိတယ်လို့ကရင်သတင်းရင်းမြစ် က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီတပ်စခန်းကို အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာသေဆုံးမှု ရှိခဲ့ပြီး လက်နက်တွေရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ် ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားခေါင်း ဆောင်တွေနဲ့ ရဲဘော် တွေရဲ့ ပေးဆပ်မှု၊ အနစ်နာခံမှုတွေနဲ့ အင်တိုက်အားတိုက် ပူးပေါင်းပါဝင် တိုက်ပွဲ ဝင်နေမှုတို့ဟာ နွေဦးတော်လှန်ရေး အောင်မြင်မှုအတွက် အဓိကကျတဲ့ မဏ္ဍိုင်ကြီးတစ်ခု ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဒီကနေ့ ကျရောက်တဲ့ (၇၈)နှစ်မြောက် ကရင်အမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ ပြောကြားလိုက်ပါတယ်။

သတင်း

စစ်အုပ်စုဟာနိုင်ငံကို လူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်စနစ်နဲ့ ရာသက်ပန်အုပ် ချုပ်နိုင်ဖို့ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကို မသမာတဲ့နည်းလမ်းနဲ့ လုပ်ဆောင်အနိုင်ယူခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားပြီး အဲဒီစစ်အာဏာရှင်စနစ်ရဲ့ ထောက်တိုင်တွေကို ဖြိုချဖျက်ဆီးကြရမှာ ဖြစ်တယ်လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

Facebook