Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူများ၏ ပိုင်းဖြတ်ချက်ကြီးမားသော စစ်အာဏာရှင်သုတ်သင်ရေးသန္နိဋ္ဌာန်ကို အထူးလေးစားဂုဏ်ယူကြောင်း လူ့ဘောင်သစ်ပါတီ ဖော်ပြ

ယနေ့ကျရောက်သော DPNS စတင်တည်ထောင်ခြင်း (၃၄)နှစ်မြောက် အထိမ်းအမှတ်နေ့တွင် ပါတီ၏ သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ရာ ဖော်ပြခြင်းဖြစ်သည်။

မြန်မာပြည်သူများ၏ ပိုင်းဖြတ်ချက်ကြီးမားသော စစ်အာဏာရှင်သုတ်သင်ရေးသန္နိဋ္ဌာန်ကို အထူးလေးစားဂုဏ်ယူကြောင်း လူ့ဘောင်သစ်ပါတီ ဖော်ပြ
မြန်မာပြည်သူများ၏ ပိုင်းဖြတ်ချက်ကြီးမားသော စစ်အာဏာရှင်သုတ်သင်ရေးသန္နိဋ္ဌာန်ကို အထူးလေးစားဂုဏ်ယူကြောင်း လူ့ဘောင်သစ်ပါတီ ဖော်ပြ

လူမျိုးစုံ မြန်မာပြည်သူများ၏ ပိုင်းဖြတ်ချက်ကြီးမားသော စစ်အာဏာရှင်သုတ်သင်ရေးသန္နိဋ္ဌာန် ကို အထူးလေးစားဂုဏ်ယူကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)က ဖော်ပြသည်။

ယနေ့ကျရောက်သော DPNS စတင်တည်ထောင်ခြင်း (၃၄)နှစ်မြောက် အထိမ်းအမှတ်နေ့တွင် ပါတီ၏ သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ရာ ဖော်ပြခြင်းဖြစ်သည်။

လူမျိုးပေါင်းစုံ မြန်မာပြည်သူများ ယနေ့ ရင်ဆိုင်ကြုံတွေ့နေကြရသော အတိဒုက္ခပေါင်းစုံမှ လွတ်မြောက်ရန်မှာ နွေဦးတော်လှန်ရေး၏ တိုက်ပွဲဦးတည်ချက်ဖြစ်သော “စစ်အာဏာရှင်စနစ် အမြစ်ဖြတ် သုတ်သင်ရေး၊ ၂၀၀၈ ခြေ/ဥ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး တို့ အောင်မြင်ရေး”ပင် ဖြစ်ကြောင်း DPNS က ထုတ်ပြန်သည်။

အထက်ပါ တာဝန်များ အမှန်တကယ် ပြီးမြောက်အောင်မြင်သည်အထိ လူမျိုးပေါင်းစုံ မြန်မာပြည်သူလူထုကြီးနှင့်အတူ တိုက်ပွဲဝင် အင်အားစုအားလုံးက ညီညီညွတ်ညွတ် ပူးပေါင်းလျက် လက်တွဲ တိုက်ပွဲဝင်ကြရန် အရေးတကြီး လိုအပ်သည်ဟုလည်း DPNS က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ် သုတ်သင်ရေး အင်အားစုများ အချင်းချင်းကြား “အလုပ်တူ၊ ရည်မှန်းချက်တူ ပူးပေါင်းဆောင်ရွက်မှုများမှသည် ခိုင်မာသော သွေးစည်းညီညွတ်ရေး တည်ဆောက်လျက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအထိ” ကျရာတာဝန်ထမ်းလျက် လက်တွဲ ပူးပေါင်း အားထုတ်မည်ဖြစ်ကြောင်း ထုတ်ပြန်အသိပေးသည်။

အာဏာသိမ်းစစ်အုပ်စု၏ အခြေအနေမှာ ၎င်းတို့၏ နောက်ဆုံး ထွက်သက်ကို ဆွဲဆန့်နိုင်ရန် မီးကုန်ယမ်းကုန် ကြိုးပမ်းနေကြောင်း သိသာစွာ မြင်တွေ့ရပြီး ကလေးပါ မရှောင်၊ စာသင်ခန်းပါ မရှောင် “အကုန် ဖမ်း၊ အကုန် သတ်၊ အကုန် မီးတိုက်”မူဖြင့် လူမျိုးပေါင်းစုံ ပြည်သူလူထုအပေါ် အရက်စက်ဆုံး၊ အရိုင်းစိုင်းဆုံး ဖိနှိပ်ချေမှုန်းနေသည်ဟု ဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ဆိုးကျိုးသက်ရောက်မှုအားလုံး၏ လက်သည်တရားခံမှာ အာဏာသိမ်းစစ်အုပ်စုနှင့် ၎င်းတို့ကိုယ်စားပြုထားသော စစ်အာဏာရှင်စနစ်ဖြစ်ကြောင်း DPNS က အတိအလင်းထောက်ပြသည်။

ပါတီတည်ထောင်ခြင်း(၃၄)နှစ်မြောက် အထိမ်းအမှတ်နေ့တွင် DPNS က သဏ္ဍာန်မျိုးစုံဖြင့် အသက်၊ ဘဝ၊ ခန္ဓာများ ပေးဆက်၍ တာဝန်ထမ်းဆောင်ခဲ့ကြသူ ပါတီရဲဘော်အသီးသီး အား အလေးအမြတ် ဦးညွှတ်ဂုဏ်ပြုအပ်ကြောင်းနှင့် ၎င်းရဲဘော်တို့၏ လက်တွေ့ထည့်ဝင်မှုများ မပါရှိဘဲ ၃၄ နှစ်တိုင်တိုင် စစ်အာဏာရှင်၏ အပြင်းထန်ဆုံး ဖိနှိပ်ချေမှုန်းမှုကို အာခံလျက် ကြံ့ကြံ့ခံနိုင်ခဲ့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟူ၍ ယနေ့တိုင် ရပ်တည်နိုင်လိမ့်မည် မဟုတ်ကြောင်း အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော် အမတ်ဟာ မြန်မာပြည်သူတွေဆီက ထောက်ခံချီးကျူးတဲ့စာတွေ အများအပြား လက်ခံ ရရှိနေတယ်လို့ ဆိုပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။