Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း စစ်ကောင်စီကို တိုက်တွန်းခဲ့ဟု မွန်တပ် NMSP ဆို

NMSP အဖွဲ့သည် အောက်တိုဘာ ၁၁ရက်တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ထိုသို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း စစ်ကောင်စီကို တိုက်တွန်းခဲ့ဟု မွန်တပ် NMSP ဆို
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း စစ်ကောင်စီကို တိုက်တွန်းခဲ့ဟု မွန်တပ် NMSP ဆို

▪︎ပြည်သူလူထုက စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မည်ဟု စိတ်ပိုင်းဖြတ်ထားကြောင်း NUG ပြော

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပုဂ္ဂိုလ်များအဖွဲ့အစည်းများနှင့် တွေ့ဆုံသွားရန်လိုအပ်ကြောင်း စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံစဉ် တိုက်တွန်းခဲ့သည်ဟု မွန်လက်နက်ကိုင်တပ် မွန်ပြည်သစ်ပါတီ(NMSP)က ထုတ်ပြန်သည်။

NMSP အဖွဲ့သည် အောက်တိုဘာ ၁၁ရက်တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ထိုသို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိဖြစ်ပေါ်နေသည့် အကြပ်အတည်း၊ ပဋိပက္ခများ ဖြေရှင်းနိုင်ရေး၊ ပြည်သူလူထု အသက်အိုး အိမ်စည်းစိမ်များ ဆုံးရှုံးမှု ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ထိုသို့ အကြံပြုခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

မွန်ပြည်သစ်ပါတီ(NMSP)က ထုတ်ပြန်ထားမှုနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ သတင်းပြန်ကြားရေးအဖွဲ့မှ ဦးနေဘုန်းလတ်က”စကစကလည်း လမ်းဆုံးကိုရွေးထားပြီးသားမို့ လိုက်လျောမယ် မထင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူနဲ့အတူ၊ ပြည်သူ့ဆန္ဒအတိုင်းပဲလို့ ပြောခဲ့ဖူးပါတယ်။ ပြည်သူလူထုကလည်း ဒီတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မယ်လို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ပါတယ်”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ထိုသို့တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းခြင်းသည် အဖြေရှာရန် နည်းလမ်းတစ်ခု အပြုသဘောဆောင်သည့် တိုက်တွန်းချက်ဖြစ်သော်လည်း တိုင်းရင်းသားပြည်သူများလိုလားသည့်အဖြေ ဒီမိုကရေစီ စံနှုန်းနှင့် ပြည့်စုံသည့် အဖြေရရန်မဖြစ်နိုင်ဟု မှတ်ချက်ပြုသည်။

“မွန်ပြည်သစ်ပါတီလောက် မပြောနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ UN အပါအဝင်ပေါ့။ အာဆီယံတွေ အကုန်လုံး တိုက်တွန်းနေတာတောင် သူတို့မလုပ်ပေးတဲ့ကိစ္စ မွန်ပြည်သစ်ပါတီက တောင်းဆိုရုံလောက်နဲ့ စစ်ကောင်စီဘက်က သူတို့တောင်းဆိုမှုကို အလေးထားမှုမရှိလောက်ဘူး။ တောင်းဆိုတာ ကောင်းပါတယ်။ ငြိမ်းချမ်းရေးလမ်းစ တစ်ခုခုတော့ အကောင်အထည်ဖော်နိုင်မှာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်နဲ့ PDF တွေရဲ့ လှုပ်ရှားမှုက တစ်ဆက် တည်းဖြစ်နေတာ။ အဲဒီ PDF တွေကလည်း ဒေါ်အောင်ဆန်းစုကြည် အာဏာသိမ်းခံရတဲ့ အချိန်စပြီး သူတို့ဘက်ကလှုပ်ရှားမှုတွေ ပြုတာကိုး။”ဟု ဦးဖေသန်းက ပြောသည်။

စစ်ကောင်စီအဖွဲ့သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ်မတရား စွပ်စွဲအမှုများဆင်ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသည်။

ဆက်စပ်သတင်းများ

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆ Views: 43

ဆောင်းပါး

ကဖေး/People’s Spring သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်းဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။ ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်းသားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။ ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအတိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း...

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။