Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ထပ်မံချမှတ်ခြင်းကို ပြင်သစ်အပြင်းထန်ဆုံးရှုတ်ချ

ပြင်သစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၎င်း၏ သမိုင်းဝင် ခေါင်းဆောင်များ အပါအဝင် ဒီမိုကရေစီ အတိုက်အခံအင်အားစုများ ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖေါ်ဆောင်ရေးအတွက် ၎င်း၏ ကတိကဝတ်ကို ထပ်လောင်းပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ထပ်မံချမှတ်ခြင်းကို ပြင်သစ်အပြင်းထန်ဆုံးရှုတ်ချ
ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ထပ်မံချမှတ်ခြင်းကို ပြင်သစ်အပြင်းထန်ဆုံးရှုတ်ချ

စစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ထပ်မံချမှတ်ခြင်းကို ပြင်သစ်က အပြင်းထန်ဆုံးရှုတ်ချကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။

မြန်မာစစ်တပ်သည် တရားဥပဒေကို ရည်ရွယ်ချက်ရှိစွာ နိုင်ငံရေး၊ ပါတီစွဲအရ အသုံးချခြင်းဖြစ်သည်ဟုလည်း ပြင်သစ် ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်သည်။

ယခု ပြစ်ဒဏ်အသစ်သည် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားသွားစေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်သိက္ခာမဲ့စွာ သိက္ခာချကာ အရပ်သားခေါင်းဆောင်ကို နိုင်ငံရေးမှ အပြီးအပိုင်ဖယ်ရှားပစ်ရန် အာဏာသိမ်းစစ်ခေါင်းဆောင်များ၏ ဆန္ဒကို ပြသခြင်းဖြစ်သည်ဟု ဆိုသည်။

တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်ခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ်ချမှတ်ပြီးလည်းဖြစ်သည်။ အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုဖြင့် တရားစွဲဆိုထားခဲ့ပြီး ၁၄ မှုအပေါ် အမိန့်ချမှတ်ပြီးရာ ၅ မှု ကျန်ရှိနေသေးသည်။

Public Service Announcement

Public Service Announcement

ပြင်သစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၎င်း၏ သမိုင်းဝင် ခေါင်းဆောင်များ အပါအဝင် ဒီမိုကရေစီ အတိုက်အခံအင်အားစုများ ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖေါ်ဆောင်ရေးအတွက် ၎င်း၏ ကတိကဝတ်ကို ထပ်လောင်းပြောသည်။

ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် မြန်မာလုံခြုံရေးတပ်ဖွဲ့များ ကျူးလွန်သည့် အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် ပြင်သစ်က ထပ်မံတောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။

သတင်း

ထိုင်၀မ်နိုင်ငံ Sun Yat-Sen Memorial hall မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။