Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်တွင် ရဲများတိုက်ခိုက်ခံရပြီး သုံးဦးဒဏ်ရာရ

“ကောင်းကောင်းထိရင် အသေပဲဗျ။ ရှပ်ထိတာဖြစ်နိုင်တယ်။ ထိထိမိမိဆိုရင်နေရာတင် ပွဲချင်းပီးမှာ သေချာပါတယ်။ဒဏ်ရာရပြီး ပေါင်းတည်ဆေးရုံမှာ သုံးယောက်လို့ပဲ သိရသေးတယ်”ဟု ၎င်းက ပြောသည်။

ပေါင်းတည်တွင် ရဲများတိုက်ခိုက်ခံရပြီး သုံးဦးဒဏ်ရာရ
ပေါင်းတည်တွင် ရဲများတိုက်ခိုက်ခံရပြီး သုံးဦးဒဏ်ရာရ

ပဲခူးတိုင်း မှတ်တိုင်မြို့မှ ‌ပေါင်းတည်မြို့ဘက်သို့ ဆိုင်ကယ်ဖြင့်လာသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရဲသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) မှ တာဝန်ရှိသူက ပြောသည်။

“ကောင်းကောင်းထိရင် အသေပဲဗျ။ ရှပ်ထိတာဖြစ်နိုင်တယ်။ ထိထိမိမိဆိုရင်နေရာတင် ပွဲချင်းပီးမှာ သေချာပါတယ်။ဒဏ်ရာရပြီး ပေါင်းတည်ဆေးရုံမှာ သုံးယောက်လို့ပဲ သိရသေးတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement
Public Service Announcement

အောက်တိုဘာ ၂၉ ရက် နံနက် ၉ နာရီခန့်တွင် မှတ်တိုင်မှ ပေါင်းတည်မြို့ဘက်သို့လာသည့် ရဲတပ်ဖွဲ့ဝင်များ၏ ဆိုင်ကယ်လေးစီးကို PPDF တပ်ရင်း (၃၆၀၁) တပ်ခွဲ – ၅ နွေဦးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်နှစ်စီးကို ထိမှန်ခဲ့ကြောင်း ၎င်းက ပြောသည်။

PPDFအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းကလည်း လဲပင်ကျေးရွာသို့ တတ်လာသော အကြမ်းဖက်စစ်ကောင်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင် ခြောက်ဦးခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ စစ်တပ်ကြဲချတဲ့ လေယာဉ်ဗုံးစထိမှန်လို့ ဒေသခံ ၁ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။