Connect with us

Hi, what are you looking for?

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပေါင်းတည်မြို့နယ်မှ စစ်ကောင်စီခန့်အုပ်ကြီးတစ်ဦးကို PPDF ပစ်ခတ်ရှင်းလင်း

ရွာသစ်ကြီးအုပ်ချုပ်ရေးမှူးသည် သာရေးနာရေးလုပ်မည်ဆိုလျှင် ပြည်သူများထံမှ ကျပ် ၃၀,၀၀၀၊ ထောက်ခံစာလုပ်လျှင် ကျပ် ၁၅,၀၀၀၊ ခရီးသွားထောက်ခံစာလုပ်လျှင် ကျပ် ၅,၀၀၀ ကောက်ခံနေလျှက်ရှိသည်ဟု ဆိုသည်။

ပေါင်းတည်မြို့နယ်
ပေါင်းတည်မြို့နယ်

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ (၂)PPDF က ပေါင်းတည်မြို့နယ်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ယနေ့(စက်တင်ဘာ ၁၅) ထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီခွဲက ပေါင်းတည်မြို့နယ်၊​ မှတ်တိုင်တိုက်နယ်၊ ရွာသစ်ကြီးအုပ်စု၊ ရှမ်းစပ်ရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဝင်းဆိုသူအား ၎င်း၏နေအိမ်တွင် သေနတ်ဖြင့် (၁၀)ချက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ရွာသစ်ကြီးအုပ်ချုပ်ရေးမှူးသည် သာရေးနာရေးလုပ်မည်ဆိုလျှင် ပြည်သူများထံမှ ကျပ် ၃၀,၀၀၀၊ ထောက်ခံစာလုပ်လျှင် ကျပ် ၁၅,၀၀၀၊ ခရီးသွားထောက်ခံစာလုပ်လျှင် ကျပ် ၅,၀၀၀ ကောက်ခံနေလျှက်ရှိသည်ဟု ဆိုသည်။

ထို့အပြင် ယင်းအုပ်ချုပ်ရေးမှူးသည် ​PDF များကို နှိမ်နှင်းရန်ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ လက်နက်တောင်းခံခြင်းတို့အပြင် ရွာသူ၊ရွာသားများအား အမျိုးမျိုးဒုက္ခပေးနေသော စစ်ကောင်စီထောက်တိုင် တစ်ဦးဖြစ်လည်းဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Paungde People Defense Force P-PDF) တပ်ရင်း(၃၆၀၁)တပ်ခွဲ (၂) မှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သုတ်သင်ရှင်းလင်းလိုက်ခြင်းဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။