Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်မြို့နယ်တွင် လူငယ်တစ်ဦးကို ပကဖသင်တန်းဆင်းဟုဆိုကာ စစ်ကောင်စီတပ် သတ်ဖြတ်

လတ်တလောတွင် အင်းတော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသေးသော်လည်း စစ်ကောင်စီတပ်က အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းသုံးကြောင်းခွဲပြီး လှုပ်ရှားနေကြောင်း အင်းတော် PDF ရဲဘော်တစ်ဦးက ပြောသည်။

အင်းတော်မြို့နယ်တွင် လူငယ်တစ်ဦးကို ပကဖသင်တန်းဆင်းဟုဆိုကာ စစ်ကောင်စီတပ် သတ်ဖြတ်
အင်းတော်မြို့နယ်တွင် လူငယ်တစ်ဦးကို ပကဖသင်တန်းဆင်းဟုဆိုကာ စစ်ကောင်စီတပ် သတ်ဖြတ်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ရွာသာယာကျေးရွာတွင် အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) သင်တန်းဆင်းဖြစ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ရိုက်နှက်သတ်ဖြတ်သွားကြောင်း Indaw Revolutionက ဖော်ပြသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၃၀ရက် နံနက်ပိုင်းက အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရွာသာယာရွာရှိ လူငယ်တစ်ဦးကို သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ ရွသာယာရွာမှ အထွက်တွင်လည်း လူငယ်တစ်သီးအား ထပ်မံဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဖော်ပြထားသည်။

“အခု အဲဒီ ကလေးက ပကဖသင်တန်းဆင်းပေါ့။ အဲဒီ ကျေးရွာစစ်ကြောင်းဝင်လာတဲ့အခါ စစ်ကြောင်းနဲ့ တိုးပြီး သူ့ကိုစစ်လိုက်တာ။ သူ့ဖုန်းထဲမှာ သင်တန်းဆင်းထားတဲ့ ပုံတွေတွေ့တယ်လို့ပြောတယ်။ တွေ့တော့ ရိုက်စစ်တာပေါ့။ ရိုက်စစ်ပြီး ညမှာ ရွာသာယာရဲ့ ကားလမ်းဘေးမှာ ပစ်ထားလိုက်တာ။ မနက်ရောက်တော့ ရွာသားတွေ သွားကြည့်တော့အသက်ကမရှိတော့ဘူး” ဟု အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်တစ်ဦးက ပြောသည်။

နောက်ထပ် ဖမ်းဆီးသွားသည့် လူငယ်တစ်ဦးကိုမူ ပြန်လွှတ်ပေးလိုက်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လတ်တလောတွင် အင်းတော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသေးသော်လည်း စစ်ကောင်စီတပ်က အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းသုံးကြောင်းခွဲပြီး လှုပ်ရှားနေကြောင်း အင်းတော် PDF ရဲဘော်တစ်ဦးက ပြောသည်။

“‌ွေးတွေ စစ်ကြောင်းလာလို့ရှိရင် ပြည်သူတွေ ဂရုစိုက်ကြဖို့ပေါ့ နောက်ပြီး သူတို့ စစ်ကြောင်းလာရင် ရှောင်တိမ်းကြဖို့ သတင်းနားစွန့်ဖို့ ပြောလိုပါတယ်”ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။