Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – ချောင်းဦး လမ်းပိုင်း ယာယီပိတ်

​PDFများက မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များအား မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

(မုံရွာ-မန္တလေးလမ်းပိုင်းယာယီပိတ်ထားစဥ်ကစောင့်ဆိုင်းနေသောယာဥ်များ။ ။ဓာတ်ပုံ-CJ)
(မုံရွာ-မန္တလေးလမ်းပိုင်းယာယီပိတ်ထားစဥ်ကစောင့်ဆိုင်းနေသောယာဥ်များ။ ။ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်၊ မုံရွာ – ချောင်းဦး လမ်းပိုင်းအား ယနေ့နံနက်ပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာခြင်းမပြုရန် မုံမြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF South Monywaကအသိပေးကြေညာသည်။

ယနေ့ နိုဝင်ဘာလ ၂ ရက် နံနက်ပိုင်းမှစတင်ကာ မုံရွာ – မန္တလေးလမ်းမကြီးပေါ် မုံရွာ – ချောင်းဦး လမ်းပိုင်းအား ကျန်းမာရေးကိစ္စနှင့် (သေရေး ရှင်ရေး) အရေးကြီးကိစ္စမှအပ လုံးဝ(လုံးဝ) ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် PDF South Monywaက မေတ္တာရပ်ခံသည်။

လိုက်နာခြင်းမရှိဘဲ ဖြတ်သန်းသွားလာမည်ဆိုပါက သွားလာသူများ၏ လုံခြုံရေးကို အာမမခံကြောင်း၊ ထိခိုက်မှုရှိလာပါက တာဝန်ယူပေးနိုင်မည်မဟုတ်ကြောင်း PDF South Monywaက သတိပေးသည်။

​PDFများက မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များအား မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လူတစ်စုက စစ်ကောင်စီရဲ့ တိုင်းရုံးက ရဲတွေလို့ဆိုပြီး နေအိမ်နဲ့ ဆိုင်ခန်းတွေကို ခြိမ်းခြောက်ငွေလိုက်တောင်းနေကြောင်း မြို့ခံတွေက ပြောပါတယ်။