Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – ချောင်းဦး လမ်းပိုင်း ယာယီပိတ်

​PDFများက မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များအား မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

(မုံရွာ-မန္တလေးလမ်းပိုင်းယာယီပိတ်ထားစဥ်ကစောင့်ဆိုင်းနေသောယာဥ်များ။ ။ဓာတ်ပုံ-CJ)
(မုံရွာ-မန္တလေးလမ်းပိုင်းယာယီပိတ်ထားစဥ်ကစောင့်ဆိုင်းနေသောယာဥ်များ။ ။ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်၊ မုံရွာ – ချောင်းဦး လမ်းပိုင်းအား ယနေ့နံနက်ပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာခြင်းမပြုရန် မုံမြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF South Monywaကအသိပေးကြေညာသည်။

ယနေ့ နိုဝင်ဘာလ ၂ ရက် နံနက်ပိုင်းမှစတင်ကာ မုံရွာ – မန္တလေးလမ်းမကြီးပေါ် မုံရွာ – ချောင်းဦး လမ်းပိုင်းအား ကျန်းမာရေးကိစ္စနှင့် (သေရေး ရှင်ရေး) အရေးကြီးကိစ္စမှအပ လုံးဝ(လုံးဝ) ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် PDF South Monywaက မေတ္တာရပ်ခံသည်။

လိုက်နာခြင်းမရှိဘဲ ဖြတ်သန်းသွားလာမည်ဆိုပါက သွားလာသူများ၏ လုံခြုံရေးကို အာမမခံကြောင်း၊ ထိခိုက်မှုရှိလာပါက တာဝန်ယူပေးနိုင်မည်မဟုတ်ကြောင်း PDF South Monywaက သတိပေးသည်။

​PDFများက မုံရွာ-မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်များအား မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိပ်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

ခင်ဦးမြို့နယ် အ​နောက်ခြမ်းရှိ​ကျေးရွာများကို ဇန်နဝါရီ ၃ရက်နေ့မှ ၁၂ရက်နေ့အတွင်းကလည်း စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်သွားခဲ့သည်။

သတင်း

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက "တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ"အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။