Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်နယ်ဖလမ်းမြို့နယ်မှ စစ်​ကောင်စီလက်​​အောက်မှဆေးရုံအုပ် မိမိကိုယ်ကို အဆုံးစီရင်

ဒေါက်တာ Tlaung Cung Thang သည် ယနေ့နံနက် ၈ နာရီ ၄၀ ခန့်က ၎င်း၏နေအိမ်၌ ကြိုးဆွဲချကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး ဘာကြောင့် ယခုလိုပြုလုပ်ရသည်ကို မသိရသေးပေ။

(ဒေါက်တာ Tlaung Cung Thang ။ ။ဓါတ်ပုံ-TCT FB)
(ဒေါက်တာ Tlaung Cung Thang ။ ။ဓါတ်ပုံ-TCT FB)

စစ်​ကောင်စီလက်​အောက်တွင်တာဝန်ထမ်း​ဆောင်​နေ​​​သောချင်းပြည်နယ် ဖလမ်းမြို့နယ်ဆေးရုံအုပ် ဒေါက်တာ Tlaung Cung Thang သည် ယနေ့(စက်တင်ဘာ ၂၈)နံနက်ပိုင်းက ၎င်း၏နေအိမ်၌ ကြိုးဆွဲချကာ မိမိကိုယ်ကို အဆုံးစီရင်သွားသည်။

ဒေါက်တာ Tlaung Cung Thang သည် စစ်ကောင်စီလက် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဖလမ်းဆေးရုံ၌ ဆေးရုံအုပ်အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သေဆုံးချိန်တွင် အသက် (၄၁)နှစ်ရှိပြီဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။

(ဒေါက်တာ Tlaung Cung Thang ။ ။ဓါတ်ပုံ-TCT FB)
(ဒေါက်တာ Tlaung Cung Thang ။ ။ဓါတ်ပုံ-TCT FB)

ပြည်သူ့တော်လှန်ရေးအားကောင်းလာ၍ စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်ရဲတော့သောကြောင့် ကိုယ်လွတ်ရုန်းသွားခြင်းဖြစ်နိုင်ကြောင်းလည်း ၎င်း၏ မိတ်ဆွေအချို့က သုံးသပ်သည်။

” ကလေးနှစ်ယောက် ကျန်ခဲ့တယ်။ သူက စကစနဲ့ ပြည်သူ့​တော်လှန်ရေးကြားမှာ ကြားညှပ်တော့မှာကိုသိလို့ ဆူဆိုက်လုပ်သွားတာလို့ ကျွန်တော်တို့ ကြားတယ်” ဟု ၎င်း၏ မိတ်ဆွေတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Dr Tluang Cung Thangသည် ဖလမ်းတွင် တာဝန်မကျမီ မတူပီဆေးရုံအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့​သေးသည်။

“ဒီမနက်အစောကြီးကြားရတဲ့သတင်းက တကယ်မယုံနိုင်ဘူး ဆရာကြီးရယ်။ ဆရာကြီးလို တော်ပြီး ပြည့်စုံတဲ့သူက ဘာလို့ လောကကြီးကိုလွယ်လွယ်နဲ့ အရှူံးပေးလိုက်ရတာလဲ”ဟု ဒေါက်တာ Tlaung Cung Thang နှင့် နီးစပ်သူတစ်ဦးက လည်းဝမ်းနည်းစကားဆိုထားသည်။

ဒေါက်တာ Tlaung Cung Thang သည် ယနေ့နံနက် ၈ နာရီ ၄၀ ခန့်က ၎င်း၏နေအိမ်၌ ကြိုးဆွဲချကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး ဘာကြောင့် ယခုလိုပြုလုပ်ရသည်ကို မသိရသေးပေ။

လက်ရှိတွင် ၎င်း၏ရုပ်အလောင်းအား ချင်းပြည်နယ်မြို့ တော် ဟားခါးသို့ပို့ဆောင်ရန် စီစဥ်လျှက်ရှိကြောင်းဒေသခံများထံမှ သိရသည်။

ချင်းပြည်နယ်တွင် ပြည်သူ့တော်လှန်ရေးအားကောင်းနေပြီး CNA/CNF ၊ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(CDF)များနှင့် အုပ်ချုပ်ရေးအဖွဲ့များက ဒေသတွင်း အုပ်ချုပ်ရေးယန္တရားကို စတင်ဖော်ဆောင်နေသည်။ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ အမြန်ဆုံးနှုတ်ထွက်ကြရန်လည်း ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေး ထားသည်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။