Connect with us

Hi, what are you looking for?

သတင်း

မုံရွာနှင့်မြင်းမူရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ယမန်နေ့(နိုဝင်ဘာ ၃ရက်) နံနက် ၉နာရီခွဲခန့်က စစ်ကောင်စီတပ်သည် မြင်းမူမြို့နယ်၊ ရွှေယင်းမာကျေးရွာသို့ဝင်ရောက်ပြီး နေအိမ်အချို့အား ဝင်ရောက် မွှေနှောက်ဖျက်ဆီးခဲ့သည်။

မုံရွာနယ် နဂါးတွင်းရွာမီးလောင်နေစဥ်၊ ဓာတ်ပုံ-မုံရွာသတင်းမှန်ပြန်ကြားရေး
မုံရွာနယ် နဂါးတွင်းရွာမီးလောင်နေစဥ်၊ ဓာတ်ပုံ-မုံရွာသတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ မုံရွာနှင့်မြင်းမူမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို ယမန်နေ့ညနေပိုင်းက စစ်ကောင်စီတပ် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သည်။

ယမန်နေ့(နိုဝင်ဘာ ၃ရက်) နံနက် ၉နာရီခွဲခန့်က စစ်ကောင်စီတပ်သည် မြင်းမူမြို့နယ်၊ ရွှေယင်းမာကျေးရွာသို့ဝင်ရောက်ပြီး နေအိမ်အချို့အား ဝင်ရောက် မွှေနှောက်ဖျက်ဆီးခဲ့သည်။

အဆိုပါ စစ်ကြောင်းသည် ညနေ ၅နာရီခွဲခန့်တွင် ရွှေယင်းမာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆လုံးမီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ညက ထိုစစ်ကြောင်းသည် တောချောင်းဦးရွာ၌ ညအိပ်ခဲ့ပြီး ယနေ့ (နိုဝင်ဘာ၄ ရက်)နံနက်တွင် တောချောင်းဦးနှင့် ဂရုကျေးရွာကြားတောထဲ၌ ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (နိုဝင်ဘာလ ၃ ရက်) ညနေ၅နာရီ၃၀မိနစ်ခန့်က မုံရွာမြို့(နမခ)မှ ထွက်လာသောစစ်ကောင်စီတပ်များသည် နဂါးတွင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ရွာသူရွာသားများထွက်ပြေးတိမ်းရှောင်ခဲ့ရသဖြင့် မီးသင့်အိမ်ခြေအရေအတွက် မသိရသေးကြောင်း ဒေသခံများက ပြောသည်။

“ညပိုင်းထိကို မီးကလောင်နေတုန်းပဲ။ တော်တော် များတယ်ထင်တယ်။”ဟု မုံရွာနယ်ခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းတွင် အာဏာသိမ်းကာလအတွင်း သြဂုတ်လအထိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ်အလုံးပေါင်း ၂၀၁၅၃ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း Data For Myanmar ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။