Connect with us

Hi, what are you looking for?

သတင်း

အာရှလမ်းတွင်ခရီးသည်တင်ကားငယ်တစ်စီးအရှိန်လွန်ကာအုတ်ခုံတိုက်၍ကား​ပေါ်ပါသူ ၇ ဦးစလုံး​သေဆုံး

အဆိုပါကားသည် မြဝတီ-ပဲခူးပြေးဆွဲသည့် ယာဉ်ဖြစ်ကြောင်း ကော့ကရိတ်မြို့ခံ လူမှုကူညီရေးအသင်းများက သတင်းထုတ်ပြန်သည်။

(ယာဥ်တိုက်မှုဖြစ်ပွားပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ယာဥ်တိုက်မှုဖြစ်ပွားပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

မြဝတီ – ကော့ကရိတ် အာရှလမ်းတွင် ဟိုက်​အေ့စ်ခရီးသည်တင်ကားငယ်တစ်စီး အရှိန်လွန်ပြီးအုတ်ခုံကိုဝင်တိုက်ရာ ကားပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည်ခုနှစ်ဦးစလုံးသေဆုံးသွားသည်။

ခရီးသည် ၆ဦး၊ ယာဉ်မောင်းတစ်ဦး လိုက်ပါလာပြီးခရီးသည်တင်ကားငယ်တစ်စီးသည် မြဝတီ – ကော့ကရိတ်အာရှလမ်းတောနော်ရေတံခွန်အနီးတွင်ယနေ့(နိုဝင်ဘာလ ၉ရက်)နံနက် ၈နာရီ ၄၀ မိနစ်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ယာဥ်​ပေါ်တွင်အမျိုးသားငါးဦး၊ အမျိုးသမီးနှစ်ဦး လိုက်ပါလာခြင်းဖြစ်သည်။

(ယာဥ်တိုက်မှုဖြစ်ပွားပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ယာဥ်တိုက်မှုဖြစ်ပွားပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

“ကားကမြဝတီကနေဆင်းလာတာ။အံစာတုံးကားလို့ခေါ်တယ်။လမ်းတားတုံးကိုကျော်ပြီးအုတ်ခုံကိုဝင်တိုက်ပြီးမှောက်တာ။ခုနှစ်ယောက်တောင်သေသွားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

အဆိုပါကားသည် မြဝတီ-ပဲခူးပြေးဆွဲသည့် ယာဉ်ဖြစ်ကြောင်း ကော့ကရိတ်မြို့ခံ လူမှုကူညီရေးအသင်းများက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မြဝတီ-ကော့ကရိတ် အာရှလမ်းတွင်အောက်တိုဘာ ၃၀ရက်ကလည်းခရီးသည်တင်ကားတစ်စီးတိမ်းမှောက်ခဲ့ရာခရီးသည် ခုနှစ် ဦးသေဆုံးကာ ၁၄ဦးဒဏ်ရာရခဲ့သည်။အောက်တိုဘာ ၅ရက်ကလည်းမော်လမြိုင်မြို့မှ”ပွင့်နေခြည်” ဇာတ်အဖွဲ့ကားသည် မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းသီးခြံအဆင်းနေရာတွင် တိမ်းမှောက်ခဲ့ပြီး ငါးဦးထက် သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။