Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝန်းသိုမြို့နယ်မှမီးသတ်ဦးစီးမှူးအပါအဝင်မီးသတ်တပ်ဖွဲ့မှ၁၁ ဦးကိုလူတစ်စုဖမ်းဆီး​ခေါ်​ဆောင်သွား

“ဝန်သိုက ၁၁ယောက်ကတော့ ဘယ်သူတွေက ဖမ်းသွားလဲ မသိရသေးဘူး။ ကသာမှာတုန်းကတော့ တစ်ယောက်တည်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းသွားတာ။ နောက်နေ့ ပြန်လွှတ်ပေးတယ်” ဟု ကသာမြို့ခံတစ်ဦးကပြောသည်။

ဝန်းသိုမြို့နယ်
ဝန်းသိုမြို့နယ်

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင်မီးသတ်ဦးစီးမှူးအပါအဝင်မီးသတ်တပ်ဖွဲ့ဝင် (၁၁) ဦးကို လူတစ်စုကနိုဝင်ဘာ၁၀ ရက်ည ဖမ်းဆီးသွားပြီး သုံးရက်မြောက်အထိပြန်လွတ်မလာသေးကြောင်း ဒေသခံများကပြောသည်။

“မီးသတ်ရုံးမှာရှိတဲ့လူကုန်ကိုညဘက်ခေါ်သွားတာလို့သိရတယ်။ မီးသတ်တပ်ဖွဲ့ဝင် ကြီးပဲ ၁၁ယောက်။ စစ်ကောင်စီက လိုသုံးအနေနဲ့ထားတဲ့ကောင်တွေ။အခုဘယ်အဖွဲ့ကဖမ်းသွားမှန်း မသိရသေးဘူး”ဟုဝန်သိုမြို့ခံတစ်ဦးကပြောသည်။

“ဝန်သိုက ၁၁ယောက်ကတော့ ဘယ်သူတွေက ဖမ်းသွားလဲ မသိရသေးဘူး။ ကသာမှာတုန်းကတော့ တစ်ယောက်တည်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းသွားတာ။ နောက်နေ့ ပြန်လွှတ်ပေးတယ်” ဟု ကသာမြို့ခံတစ်ဦးကပြောသည်။

ကသာမြို့တွင် လွန်ခဲ့သော နှစ်လခန့်ကမီးသတ်ဦးစီးအရာရှိတစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ကဖမ်းဆီးခဲ့ဖူးသည်။

Public Service Announcement

Public Service Announcement

“PDF တွေအလင်းဝင်ဖို့နေ့ခင်းဘက်လိုက်အော်တာ။ ညကျလာဖမ်းသွားရော။ အထူးအပါးနားမလည်ဘဲစစ်​ေ-ာကို မတာ။ လူငယ်တွေက သတိပေးပြီး နောက်နေ့ ပြန်လွှတ်ပေးလိုက်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

မီးသတ်ဦးစီးဌာနသည်ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင်ရှိသည်။ စစ်အုပ်စုအာဏာသိမ်းပြီး​နောက် မီးသတ်တပ်ဖွဲ့ဝင်အချို့သည်ပြည်သူနှင့်အတူရပ်တည်ကာ စစ်​ကောင်စီလက်​အောက်တွင် တာဝန်မထမ်း​ဆောင်ဘဲCDMပြုလုပ်ခဲ့ကြ​သော်လည်း အများစုမှာ ဆက်လက်လုပ်ကိုင်​နေကြခြင်းသည်။ စစ်ကောင်စီကမီးသတ်တပ်ဖွဲ့ဝင်များကို ၎င်းတိုအာဏာတည်မြဲ​ရေးအတွက် အသုံးပြုလို​သော​နေရာများတွင် စိတ်ကြိုက်သုံးပြီး ၊စစ်သားနှင့်ရဲများ​သေဆုံးသူ၊CDM လုပ်သူများ​ကြောင့် အင်အားနည်းလာ​သောအခါ ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်းရာတွင် မီးသတ်တပ်ဖွဲ့ဝင်များထည့်သွင်းထားသည်။

ထိုအပြင် စစ်ကိုင်း၊မ​ကွေး၊ချင်း၊ကရင်နီ၊ကရင် စ​သော​ဒေသများတွင် စစ်​ကောင်စီတပ်များကအကြမ်းဖက်၍ ပြည်သူ့​နေအိမ်များမီးရှို့ဖျက်ဆီးရာတွင် မီးသတ်တပ်ဖွဲ့ဝင်များကတစ်ကြိမ်မျှမီးငြှိမ်းသတ်ခဲ့ခြင်းမရှိ​ပေ။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လွတ်မြောက်နိုင်ခြေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေတွေကလည်း မရေမရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။

သတင်း

မူဆယ်မြို့ဆင်ဖြူအိမ်ရာ နှင့် စွမ်စော်ရပ်ကွက်မှကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကို မတ်လ ၂၇ ရက် ညတွင် စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

Taw Twin Tup Pee Local PDF အဖွဲ့သည် မတ်လ ၉ရက် နံနက်ပိုင်းက အုန်းတောရွာအနီး၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ရွာသစ်ကြီးရဲစခန်းမှ ရဲများအား ပစ်ခတ်တိုက်ခိုက်ရာ ရဲလေးဦး သေဆုံးပြီး သေနတ်(၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်။

သတင်း

ယနေ့(ဩဂုတ် ၈ရက်)တွင် စစ်ကောင်စီအင်အား ၇၀ခန့်က ဘုတလင်မြို့အနီး ပတ်ဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်နေသည်ဟု ဒေသကာကွယ်ရေးရဲဘော်များကပြောသည်။