Connect with us

Hi, what are you looking for?

သတင်း

ဝန်းသိုမြို့နယ်မှမီးသတ်ဦးစီးမှူးအပါအဝင်မီးသတ်တပ်ဖွဲ့မှ၁၁ ဦးကိုလူတစ်စုဖမ်းဆီး​ခေါ်​ဆောင်သွား

“ဝန်သိုက ၁၁ယောက်ကတော့ ဘယ်သူတွေက ဖမ်းသွားလဲ မသိရသေးဘူး။ ကသာမှာတုန်းကတော့ တစ်ယောက်တည်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းသွားတာ။ နောက်နေ့ ပြန်လွှတ်ပေးတယ်” ဟု ကသာမြို့ခံတစ်ဦးကပြောသည်။

ဝန်းသိုမြို့နယ်
ဝန်းသိုမြို့နယ်

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင်မီးသတ်ဦးစီးမှူးအပါအဝင်မီးသတ်တပ်ဖွဲ့ဝင် (၁၁) ဦးကို လူတစ်စုကနိုဝင်ဘာ၁၀ ရက်ည ဖမ်းဆီးသွားပြီး သုံးရက်မြောက်အထိပြန်လွတ်မလာသေးကြောင်း ဒေသခံများကပြောသည်။

“မီးသတ်ရုံးမှာရှိတဲ့လူကုန်ကိုညဘက်ခေါ်သွားတာလို့သိရတယ်။ မီးသတ်တပ်ဖွဲ့ဝင် ကြီးပဲ ၁၁ယောက်။ စစ်ကောင်စီက လိုသုံးအနေနဲ့ထားတဲ့ကောင်တွေ။အခုဘယ်အဖွဲ့ကဖမ်းသွားမှန်း မသိရသေးဘူး”ဟုဝန်သိုမြို့ခံတစ်ဦးကပြောသည်။

“ဝန်သိုက ၁၁ယောက်ကတော့ ဘယ်သူတွေက ဖမ်းသွားလဲ မသိရသေးဘူး။ ကသာမှာတုန်းကတော့ တစ်ယောက်တည်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းသွားတာ။ နောက်နေ့ ပြန်လွှတ်ပေးတယ်” ဟု ကသာမြို့ခံတစ်ဦးကပြောသည်။

ကသာမြို့တွင် လွန်ခဲ့သော နှစ်လခန့်ကမီးသတ်ဦးစီးအရာရှိတစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ကဖမ်းဆီးခဲ့ဖူးသည်။

Public Service Announcement

Public Service Announcement

“PDF တွေအလင်းဝင်ဖို့နေ့ခင်းဘက်လိုက်အော်တာ။ ညကျလာဖမ်းသွားရော။ အထူးအပါးနားမလည်ဘဲစစ်​ေ-ာကို မတာ။ လူငယ်တွေက သတိပေးပြီး နောက်နေ့ ပြန်လွှတ်ပေးလိုက်တယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

မီးသတ်ဦးစီးဌာနသည်ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင်ရှိသည်။ စစ်အုပ်စုအာဏာသိမ်းပြီး​နောက် မီးသတ်တပ်ဖွဲ့ဝင်အချို့သည်ပြည်သူနှင့်အတူရပ်တည်ကာ စစ်​ကောင်စီလက်​အောက်တွင် တာဝန်မထမ်း​ဆောင်ဘဲCDMပြုလုပ်ခဲ့ကြ​သော်လည်း အများစုမှာ ဆက်လက်လုပ်ကိုင်​နေကြခြင်းသည်။ စစ်ကောင်စီကမီးသတ်တပ်ဖွဲ့ဝင်များကို ၎င်းတိုအာဏာတည်မြဲ​ရေးအတွက် အသုံးပြုလို​သော​နေရာများတွင် စိတ်ကြိုက်သုံးပြီး ၊စစ်သားနှင့်ရဲများ​သေဆုံးသူ၊CDM လုပ်သူများ​ကြောင့် အင်အားနည်းလာ​သောအခါ ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်းရာတွင် မီးသတ်တပ်ဖွဲ့ဝင်များထည့်သွင်းထားသည်။

ထိုအပြင် စစ်ကိုင်း၊မ​ကွေး၊ချင်း၊ကရင်နီ၊ကရင် စ​သော​ဒေသများတွင် စစ်​ကောင်စီတပ်များကအကြမ်းဖက်၍ ပြည်သူ့​နေအိမ်များမီးရှို့ဖျက်ဆီးရာတွင် မီးသတ်တပ်ဖွဲ့ဝင်များကတစ်ကြိမ်မျှမီးငြှိမ်းသတ်ခဲ့ခြင်းမရှိ​ပေ။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ဝန်းသိုမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုးဟာ လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားပါတယ်။

နိုင်ငံတကာ

ပိတ်ဆို့ အရေးယူထားတဲ့ ဗင်နီဇွဲလား ရေနံတွေနဲ့ ဆက်စပ်တဲ့ နောက်ထပ် ရေနံတင် သင်္ဘောတစ်စီးကို ကြားဖြတ် ဖမ်းဆီးခဲ့ကြောင်း အမေရိကန် စစ်တပ်က အတည်ပြုခဲ့ပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးဒဏ်‌ကြောင့် ပုံစံပျက်သွားသော်လည်း ဖြိုမချဘဲကွန်ကရစ်‌လောင်းထိန်းသိမ်းရန် စစ်ကောင်စီခေါင်းဆောင်က ညွှန်ကြားထားသည့် ‌ကျောက်ဆည်မြို့၊ရွှေသာလျောင်းတောင်ပေါ်မှ ကျောက်တုံးကြီးသည် ပြိုကျလာမည့်အန္တရာယ်ရှိနေကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် အာမခံကျေးရွာတွင် ကလေး ၃ဦးအပါအဝင် အရပ်သား ၇ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။