Connect with us

Hi, what are you looking for?

သတင်း

ဝန်းသိုမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုး လွတ်မြောက်နယ်မြေမှာ ကွယ်လွန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ဝန်းသိုမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုးဟာ လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားပါတယ်။

ဦးအောင်ကျော်စိုးကို တွေ့ရစဉ်

ဧပြီ-၂၀၊၂၀၂၆။ဇော်ရမ်း/People’s Spring

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ဝန်းသိုမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုးဟာ လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားပါတယ်။

ဦးအောင်ကျော်စိုးဟာ စစ်အာဏာရှင်တော်လှန်ရေးမှာ စိတ်အားထက်ထက်သန်သန်ပါဝင်ခဲ့ပြီး

မနေ့က ဧပြီ ၁၉ရက်မှာ ကွယ်လွန်ခဲ့တာလို့ ၎င်းရဲ့ မိတ်ဆွေ နိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” ဦးအောင်ကျော်စိုးက ကိုဗစ်မှာ တော်တော်လေး ထိခဲ့တယ်။စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးမှာ ‌ဦးဆောင်ပါဝင်ခဲ့တယ်”လို့ စစ်ကိုင်းတိုင်းက လွှတ်တော်အမတ်တစ်ဦးက ပြောပါတယ်။

ဦးအောင်ကျော်စိုးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကနေ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၈နှစ်ရှိပြီလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် အာမခံကျေးရွာတွင် ကလေး ၃ဦးအပါအဝင် အရပ်သား ၇ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ရှိ ဂျိုးတောင်ရွာနှင့် မြောင်းတောင်ကျေးရွာကို စစ်ကောင်စီက ယနေ့ သင်္ကြန်အကြိုနေ့ ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာ တစ်ပါးနှင့် ပြည်သူတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နန်းခမ်းကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်များ အပါအဝင် ၃၀ကျော် သေဆုံးကြောင်း အဆိုပါမြို့ခံတစ်ဦးက ပြောသည်။

သတင်း

ဇွန်လ ၁၅ ရက် နံနက် ၇နာရီခန့်က ဝန်းသိုမြို့အရှေ့ဘက် ရွှေကောင်းထက်ဆီဆိုင်ရှိ ဆီသယ်ယာဥ်များအား ဝန်းသိုမြို့ ပျူစောထီးခေါင်းဆောင် ကျော်ဝင်းမောင်၊ အဖွဲ့ဝင် ဝင်းကိုနှင့် အမည်မသိပျူတစ်ဦးတို့က အခွန်​လာကောက်ခဲ့သည်။