Connect with us

Hi, what are you looking for?

သတင်း

အင်းတော်တွင် စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ် နှစ်ရက်ဆက်တိုက်ခိုက်

စစ်ကောင်စီဘက်မှ အထိအခိုက် အသေအဆုံးများနိုင်ပြီး မျက်မြင်ပြည်သူများ၏ပြောကြားချက်အရ သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မှန်လုံကားဖြင့် အင်းတော်မြို့ထဲသို့ သယ်သွားသည်ဟု ဖော်ပြထားသည်။

အင်းတော် PDFမှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR
အင်းတော် PDFမှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR

▪️စစ်ကောင်စီတပ် သေဆုံးမှုရှိဟုဆို

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကောင် စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF)ပူးပေါင်းတပ်ဖွဲ့က နှစ်ရက်ဆက်တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုရှိခဲ့သည်ဟု အင်းတော် PDFက အသိပေးသည်။

“မနေ့တုန်းကဖြစ်တယ်။ ဒီနေ့တော့ မဖြစ်ဘူး။ စစ်ကြောင်းကတော့ ပတ်သွားနေတာပဲ။ ၁၃ရက်ရော ၁၄ရက်ရော ၂ရက်ဆက်တိုက်ဖြစ် တာ။ ဒီဘက်က အထိအခိုက်မရှိဘူး။ သူတို့ဘက် ကပဲ ၁၃ရက်နေ့မှာ သူတို့က မိုင်းကွင်းထဲဝင်လာတာ မိုင်းဆွဲပြီး ဒီအတိုင်းပဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ ၁၄ရက်နေ့မှာ သူတို့က ကားတစ်စီးကို ချောဆွဲပြီးတော့ ကားပေါ်တက်နေတဲ့အချိန်မှာ အနောက်ကနေ ဝင်ပြီး ပစ်တာ။ တိုက်ပွဲကတော့ ၁နာရီလောက်ကြတယ် အပြန်အလှန် ပစ်ခတ်တာ”ဟု အင်းတော် PDF ရဲဘော်တစ်ဦးက ယနေ့ ပြောကြားသည်။

နိုဝင်ဘာ ၁၃ရက် နံနက်က အင်းတော်မြို့နယ် နန်းမကြိုရွာဘက်သို့ အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များ နှင့် KIA/PDF ပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း၊ ယင်းအနက် ဒဏ်ရာရသူတစ်ဦးသာ ဆေးရုံ၌ ထပ်မံသေဆုံးသွားကြောင်း Indaw Revolution ကဖော်ပြထားသည်။

ထို့ပြင် နိုဝင်ဘာ ၁၄ရက် မွန်းလွဲပိုင်းတွင်လည်း ကသာမြို့မှ ဆင်းလာသည့် စစ်ကြောင်းနှင့် အင်းတော်မြို့နယ်မှ တက်လာသည့် စစ်ကြောင်းပူးပေါင်းအဖွဲ့ကို ကမ်းနီရွာထိပ်၌ KIA/PDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်မှ အထိအခိုက် အသေအဆုံးများနိုင်ပြီး မျက်မြင်ပြည်သူများ၏ပြောကြားချက်အရ သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မှန်လုံကားဖြင့် အင်းတော်မြို့ထဲသို့ သယ်သွားသည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် အင်အားထပ် မံဖြည့်တင်းထားပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု လုပ်ဆောင်နေသည်ဟု ဆိုသည်။ ယခုချိန်တွင် စစ်ကောင်စီတပ်များမှာ အင်းတော်၊နားရခေါင် ၊ပင်ဝယ်လမ်း၊ကသာလမ်းကြောဘက်တွင်တပ်ဖြန့်ထား၍ ပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုကို အချိန်နှင့်တပြေးညီ ပေးပို့ကြရန် Indaw Revolution က နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။