တပ်ရင်းလေးခုဖြင့် ထိုးစစ်ဆင်လာသောစစ်ကောင်စီတပ်နှင့်တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၃၆ ဦးထက်မနည်းသေဆုံးဒဏ်ရာရပြီး PDF ၁ ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေးကယနေ့(နိုဝင်ဘာ၁၈ရက်) တွင်ထုတ်ပြန်သည်။
နိုဝင်ဘာ ၈ရက်မှစ၍ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး၏လုံခြုံရေးယူထားသော နေရာသို့ ခလရ(၂၅၃)နှင့် ခမရ(၅၀၅) ပူးပေါင်း ၍စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။
ထိုနေ့နံနက်ပိုင်း၌ မိနစ်၃၀ ခန့် ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်ဦးမှုရရှိသောကြောင့် ရန်သူ့ထိခိုက်မှုများစွာဖြင့် ဆုတ်ခွာသွားခဲ့ပြီးနောက် စစ်ကြောင်း ၃ ကြောင်းခွဲ၍ဒုတိယအကြိမ် ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့သည်။တိုက်ပွဲကြာချိန်တစ်နာရီခန့်အတွင်း စစ်ကောင်စီ ဘက်မှငါးဦးသေဆုံးပြီးမန္တလေးPDFမှထိခိုက်သူမရှိခဲ့ကြောင်း ဖော်ပြသည်။

အလားတူ နိုဝင်ဘာ၉ ရက်နေ့တွင်လည်း ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်နေ့အတွင်းတိုက်ပွဲ(၅)ကြိမ်ဖြစ်ပွားခဲ့သည်။

Public Service Announcement
နေ့လယ် ၂ နာရီခွဲတွင် ခမရ(၅၀၂) နှင့် ခမရ (၅၀၅) တို့ ဝင်ရောက်လာသည်ကို ကင်းသမားမှ ဆီးကြိုပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ အင်အားများပြားသဖြင့် ဆုတ်ခွာပေးခဲ့သည်ဟု ဆိုသည်။
ထို့နောက် နေ့လယ် ၃ နာရီ ၂၅ မိနစ်တွင် တွင် ရန်သူ့တပ်များ အလုံးအရင်းဖြင့် ကျားထိုးတက်လာရာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီယ ပထဝီအနေ အထား အသားစီးရသဖြင့် ထိရောက်စွာ တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့ကာ ရန်သူ့ဘက်မှ အထိနာခဲ့ကြောင်း ထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီက ၆၀ မမ နှင့် ၄၀ မမ များဖြင့် အဆက် မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း လက်တကမ်းတိုက်ပွဲဖြစ်သောကြောင့် ထိရောက်မှုမရှိခဲ့ဘဲ ညနေ ၄ နာရီ နှင့် ၄ နာရီ ၃၅ မိနစ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ထို့နောက် အင်အားအဆမတန်သုံး၍စစ်ကောင်စီတပ်က ထိုးစစ်ဆင်ခဲ့သဖြင့် မိုင်းများဆင်ကာခွာစစ်ဆင်ခဲ့ပြီး တရစပ်လိုက်လာသည့် စစ်ကောင်စီတပ်မှာ မိုင်းများဖြင့် ထိခိုက်မှုများလည်း ရှိခဲ့သည်ဟု ဆိုသည်။
နိုဝင်ဘာ ၉ ရက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က သေဆုံးသူအနည်းဆုံး ၂၀ ကျော်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာများစွာရရှိခဲ့ကြောင်း ဖော်ပြသည်။
သို့သော်ထိုနေ့တိုက်ပွဲတွင်ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးမဗ ရဲဘော် ဇော်ဝင်းအောင် (ခ)မှန်လေး သည် အသက်ပေးလှူခဲ့ရပြီး အသေး စားထိခိုက်ဒဏ်ရာရသူ (၄)ဦးရှိခဲ့သည်။
ထို့အပြင် နိုဝင်ဘာလ၁၄ ရက် နံနက်ပိုင်းကလည်း ခင်းထားသော မိုင်းကွင်းအတွင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှ ၁၂ ဦးခန့်ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ဆိုသည်။
နိုဝင်ဘာ ၁၆ ရက် နေ့လည် ၂ နာရီ ၁၀ မိနစ်တွင် လည်း ခမရ(၅၀၁) ၊ ခမရ(၅၀၂) နှင့် ခမရ (၅၀၅) တို့၏ အင်အား(၂၀၀)ခန့်ပါသော စစ်ကြောင်းကို မိုင်း(၃)လုံးဆွဲ၍ လက်ဦးမှုရယူကာ တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။
ဖရိုဖရဲဖြစ်နေသော စစ်ကောင်စီ စစ်ကြောင်းအား အဖက်ဖက်မှ အသားစီး ယူကာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်မှုများစွာ ရှိခဲ့ကြောင်း ဖော်ပြသည်။သို့သော်နိုဝင်ဘာ ၁၆ ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်သေဆုံး ထိ့ခိုက်သူအရေအတွက်မည်မျှ ရှိကြောင်းအသေးစိတ်ဖော်ပြထားခြင်းမရှိပေ။
ထိုတိုက်ပွဲမှာ လေးနာရီခန့် ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်မှ အသေးစားထိခိုက်သူ (၄)ဦးရှိခဲ့သည်ဟုထုတ်ပြန်သည်။ အထက်ပါတိုက်ပွဲများတွင်စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်သူအရေအတွက်မည်မျှရှိသည်ကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။
တိုက်ပွဲကာလအတွင်း မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့သော ကိုယ်ပိုင်အမှတ်(P1-1201-179) ရဲဘော် ဇော်ဝင်းအောင်(ခ)မှန်လေးအား မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ လေးမြတ်စွာ ဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

















































