Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မြင်းမူလမ်းပိုင်းနှင့် ပခုက္ကူလမ်းပိုင်းအား ယာယီပိတ်

ယနေ့(နိုဝင်ဘာလ ၁၉ ရက်)နံနက်ပိုင်းကစပြီး မုံရွာ – ချောင်းဦး – မြင်းမူ လမ်းပိုင်း၊ မုံရွာ – ချောင်းဦး – ပခုက္ကူ လမ်းပိုင်းများကို ယာယီပိတ်‌ထားကြောင်း ချောင်းဦး PDFအဖွဲ့က ကြေညာချက်တွင် ဖော်ပြသည်။

(မုံရွာ - မန္တ​လေးလမ်းပိုင်း ယာယီပိတ်ထားစဥ်က ရပ်တန့်ထားသော မော်တော်ယာဥ်များအား တွေ့ရစဥ်။ဓာတ်ပုံ-Cj)
(မုံရွာ - မန္တ​လေးလမ်းပိုင်း ယာယီပိတ်ထားစဥ်က ရပ်တန့်ထားသော မော်တော်ယာဥ်များအား တွေ့ရစဥ်။ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ – မြင်းမူလမ်းပိုင်းနှင့် မုံရွာ – ပခုက္ကူလမ်းပိုင်းများအား လမ်းအသုံးပြုမှု အရေးပေါ် ပိတ်ထားကြောင်း ချောင်းဦး PDFက သတင်းထုတ်ပြန်သည်။

ယနေ့(နိုဝင်ဘာလ ၁၉ ရက်)နံနက်ပိုင်းကစပြီး မုံရွာ – ချောင်းဦး – မြင်းမူ လမ်းပိုင်း၊ မုံရွာ – ချောင်းဦး – ပခုက္ကူ လမ်းပိုင်းများကို ယာယီပိတ်‌ထားကြောင်း ချောင်းဦး PDFအဖွဲ့က ကြေညာချက်တွင် ဖော်ပြသည်။

ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်ကြေညာချက် မထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားလိုက်ကြောင်း၊ ယာယီပိတ်ထားချိန်အတွင်း ထိုလမ်းပိုင်းများကို ပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့် လိုက်နာခြင်းမရှိသူတို့၏ လုံခြုံရေးအတွက်အာမမခံနိုင်ဟု ချောင်းဦး PDFအဖွဲ့က သတိပေးသည်။

အထက်ပါလမ်းပိုင်းတွင် သွားလာနေကြသေ ာမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းစေရန် ရောက်ရာအရပ်တွင် ခေတ္တရပ်နားထားကြရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျက်ရှိသောသူများကို ထပ်ဆင့်အကြောင်းကြားပေးကြရန် ချောင်းဦး PDFအဖွဲ့က မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

ယာယီပိတ်ထားသော ထိုလမ်းပိုင်းများတွင် စစ်အုပ်စုယာဥ်များ ဖြတ်သန်းသွားတိုင်း ​ဒေသတွင်း PDFများက မကြာခဏမိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

(မုံရွာ – မန္တ​လေးလမ်းပိုင်း ယာယီပိတ်ထားစဥ်က ရပ်တန့်ထားသော မော်တော်ယာဥ်များအား တွေ့ရစဥ်။ဓာတ်ပုံ-Cj)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။