Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မြင်းမူလမ်းပိုင်းနှင့် ပခုက္ကူလမ်းပိုင်းအား ယာယီပိတ်

ယနေ့(နိုဝင်ဘာလ ၁၉ ရက်)နံနက်ပိုင်းကစပြီး မုံရွာ – ချောင်းဦး – မြင်းမူ လမ်းပိုင်း၊ မုံရွာ – ချောင်းဦး – ပခုက္ကူ လမ်းပိုင်းများကို ယာယီပိတ်‌ထားကြောင်း ချောင်းဦး PDFအဖွဲ့က ကြေညာချက်တွင် ဖော်ပြသည်။

(မုံရွာ - မန္တ​လေးလမ်းပိုင်း ယာယီပိတ်ထားစဥ်က ရပ်တန့်ထားသော မော်တော်ယာဥ်များအား တွေ့ရစဥ်။ဓာတ်ပုံ-Cj)
(မုံရွာ - မန္တ​လေးလမ်းပိုင်း ယာယီပိတ်ထားစဥ်က ရပ်တန့်ထားသော မော်တော်ယာဥ်များအား တွေ့ရစဥ်။ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ – မြင်းမူလမ်းပိုင်းနှင့် မုံရွာ – ပခုက္ကူလမ်းပိုင်းများအား လမ်းအသုံးပြုမှု အရေးပေါ် ပိတ်ထားကြောင်း ချောင်းဦး PDFက သတင်းထုတ်ပြန်သည်။

ယနေ့(နိုဝင်ဘာလ ၁၉ ရက်)နံနက်ပိုင်းကစပြီး မုံရွာ – ချောင်းဦး – မြင်းမူ လမ်းပိုင်း၊ မုံရွာ – ချောင်းဦး – ပခုက္ကူ လမ်းပိုင်းများကို ယာယီပိတ်‌ထားကြောင်း ချောင်းဦး PDFအဖွဲ့က ကြေညာချက်တွင် ဖော်ပြသည်။

ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်ကြေညာချက် မထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားလိုက်ကြောင်း၊ ယာယီပိတ်ထားချိန်အတွင်း ထိုလမ်းပိုင်းများကို ပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့် လိုက်နာခြင်းမရှိသူတို့၏ လုံခြုံရေးအတွက်အာမမခံနိုင်ဟု ချောင်းဦး PDFအဖွဲ့က သတိပေးသည်။

အထက်ပါလမ်းပိုင်းတွင် သွားလာနေကြသေ ာမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းစေရန် ရောက်ရာအရပ်တွင် ခေတ္တရပ်နားထားကြရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျက်ရှိသောသူများကို ထပ်ဆင့်အကြောင်းကြားပေးကြရန် ချောင်းဦး PDFအဖွဲ့က မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

ယာယီပိတ်ထားသော ထိုလမ်းပိုင်းများတွင် စစ်အုပ်စုယာဥ်များ ဖြတ်သန်းသွားတိုင်း ​ဒေသတွင်း PDFများက မကြာခဏမိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

(မုံရွာ – မန္တ​လေးလမ်းပိုင်း ယာယီပိတ်ထားစဥ်က ရပ်တန့်ထားသော မော်တော်ယာဥ်များအား တွေ့ရစဥ်။ဓာတ်ပုံ-Cj)

ဆက်စပ်သတင်းများ

သတင်း

ကားအစီးရေ ၁၀၀ ခန့်ပါရှိသည့် စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၂၂ရက်တွင် ပခုက္ကူမြို့မှထွက်လာပြီး မတ်လ ၂၃ ရက်တွင် ကမ္မမြို့သို့ရောက်ရှိခဲ့သည်။ ကမ္မမြို့သို့‌မရောက်ခင် ကာကွယ်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

"မိုင်းတွေရော၊ ဒရုန်းဗုံးရောမိတာ။ မြေပြင်အဖွဲ့တွေလူစုကွဲနေပြီး ဂစဥ့်ကလျားဖြစ်နေတယ်။ စစ်သုံးဒရုန်းတွေလည်း ပျက်စီးတယ်ကြားတယ်" ဟု ဒေသကာကွယ်ရေးဘော်တဦးကပြောသည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိပ်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။