Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် ကင်းထောက်လေယာဉ်သရက်​ချောင်းမြို့နယ်တွင်ပျက်ကျ

မြိတ်လေတပ်စခန်းမှ တက်လာသည့် အဆိုပါ စစ်ကောင်စီလေယာဉ်ငယ် ၅ စီးသည် ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ သရက်ချောင်း၊လောင်းလုံနှင့်ရေဖြူမြို့နယ်များရှိ PDF စခန်းကို ကင်းထောက်ရန် နိုဝင်ဘာ ၁၉ ရက်မနက်၈နာရီက စတင်ထွက်လာခဲ့ခြင်းဖြစ်သည်။

(ပျက်ကျခဲ့​သော စစ်​ကောင်စီတပ်၏ ကင်း​ထောက်​လေယာဥ်။ ။ဓါတ်ပုံ-DWC)
(ပျက်ကျခဲ့​သော စစ်​ကောင်စီတပ်၏ ကင်း​ထောက်​လေယာဥ်။ ။ဓါတ်ပုံ-DWC)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင်စစ်ကောင်စီတပ်၏ ကင်းထောက်လေယာဉ်တစ်စီး စက်ချို့ယွင်းပြီး ပျက်ကျခဲ့ကြောင်း ဒေသခံများနှင့် ​​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှထံမှ သိရသည်။

မြိတ်မြို့မှထားဝယ်မြို့ဘက်ရှိဒေသခံကာကွယ်ရေးတပ်များ၏ စခန်းများကို ကင်းထောက်ရန်လေယာဉ်ငယ် ၅စီးပျံသန်းလာပြီး နိုဝင်ဘာ ၁၉ ရက် မနက် ၉နာရီခန့်က သရက်ချောင်းမြို့နယ်၊ ကျွဲစပ်ရွာအနီးလယ်ကွင်းထဲသို့ကင်း​ထောက်လေယာဉ်တစ်စီးပျက်ကျခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်​တွေ့ရှိသူများကပြောသည်။

လေယာဉ်ပျက်ကျပြီးနောက်စစ်ကောင်စီတပ်သားများ ကျွဲစပ်ရွာထဲကိုရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

မြိတ်လေတပ်စခန်းမှ တက်လာသည့် အဆိုပါ စစ်ကောင်စီလေယာဉ်ငယ် ၅ စီးသည် ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ သရက်ချောင်း၊လောင်းလုံနှင့်ရေဖြူမြို့နယ်များရှိ PDF စခန်းကို ကင်းထောက်ရန် နိုဝင်ဘာ ၁၉ ရက်မနက်၈နာရီက စတင်ထွက်လာခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က PDFများကို တိုက်ခိုက်ရန်တနင်္သာရီတိုင်းတွင် ပထမဦးဆုံးအကြိမ်လေကြောင်းသုံးခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“အဓိက PDFစခန်းတွေနဲ့ ရေဆိပ်တွေကို ကင်းထောက်ဖို့ ပါ”ဟု ၎င်းက​ဆက်​ပြောသည်။

စစ်ကောင်စီအသုံးပြုသည့် အဆိုပါကင်းထောက်လေယာဉ်သည် ဟောင်းနွမ်းနေပြီဖြစ်ကြောင်း ဒေသခံအချို့က​ပြောသည်။

“လေယာဉ်က တော်တော်စုတ်နေပြီပါ၊ ထမင်းချက်နေရင်း ပျက်ကျတဲ့ အသံကိုကြားလိုက်ရတယ်။ လူတွေ ထိခိုက်မှုမရှိဘူးလို့ ကြားတယ်”ဟု ထားဝယ်မြို့ခံတစ်ဦးကပြောသည်။

ပျောက်ကြားစနစ်ဖြင့်တော်လှန်ရေးအားကောင်းနေသည့် တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်က ရေတပ်ကို အသုံးပြုတိူက်ခိုက်ခဲ့ရာမှယခုအကြိမ်လေတပ်ကိုပထမဦးဆုံးအကြိမ်အသုံးပြုလာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့‌နယ်အတွင်း စစ်တပ်က ကင်းထောက်လေယာဉ်အနိမ့်ပျံသန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်​လေယာဥ်၊ရဟတ်ယာဥ်ပျက်ကျမှုအနည်းဆုံး ၁၀ စီးရှိလာ

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်