Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမြို့နယ်အတွင်း လောင်းကစားဝိုင်းတစ်ခုကို PDF ဖမ်းဆီး

နိုဝင်ဘာ ၁၅ ရက်က သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာတစ်နေရာတွင် လောင်းကစားဝိုင်းတစ်ခုအား သွားရောက်ဖမ်းဆီးခဲ့ရာ လောင်းကစားနေသည့်နေရာ၌ အမျိုးသား၊အမျိုးသမီး ၁၆ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

သရက်ချောင်းမြို့နယ်အတွင်း လောင်းကစားဝိုင်းတစ်ခုကို PDF ဖမ်းဆီး
သရက်ချောင်းမြို့နယ်အတွင်း လောင်းကစားဝိုင်းတစ်ခုကို PDF ဖမ်းဆီး

ငွေးကြေးအချို့ကို ပြည်သူပိုင်သိမ်းဆည်းကာ လူ ၁၆ ဦးကို ခံဝန်ဖြင့်ပြန်လွှတ်

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်အတွင်း လောင်းကစားဂိုင်းတစ်ခုအားစီးနင်းကာ လောင်းကစားငွေများအား ပြည်သူပိုင်သိမ်းဆည်းလိုက်ကြောင်း သရက်ချောင်း(ပကဖ)အဖွဲ့ဝင် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

နိုဝင်ဘာ ၁၅ ရက်က သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာတစ်နေရာတွင် လောင်းကစားဝိုင်းတစ်ခုအား သွားရောက်ဖမ်းဆီးခဲ့ရာ လောင်းကစားနေသည့်နေရာ၌ အမျိုးသား၊အမျိုးသမီး ၁၆ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ထိုသို့ဖမ်းဆီးရာတွင် ငွေများကို သိမ်းဆည်းပြီး မော်တော်ဆိုင်ကယ်နှင့် ဖုန်းများကို ဒဏ်ကြေးငွေဖြင့်ပြန် လည်ထုပ်ပေးခဲ့ကာ လောင်းကစားပြုလုပ်သူများအား နောက်နောင်ဆက်မလုပ်ရန် ခံဝန်ကတိဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သရက်ချောင်းပြောက်ကျားတပ်က ပြောသည်။

“ဆိုင်ကယ်နဲ့ဖုန်းတွေကို ဒဏ်ငွေဖြင့် ထုပ်စေပြီး ငွေအား လုံးကို ပြည်သူပိုင်ငွေဖြင့် တော်လှန်ရေးမှာလိုအပ်တဲ့နေရာသုံးသွားမှာပါ။ လူတွေကိုတော့ နောက်တစ်ခါဆက်မလုပ်ဖို့နဲ့ နောက်တစ်ခါလုပ်မိပါက ထိထိရောက်ရောက်အရေးယူဖို့ပြောပြီး သူတို့ကို အာမခံယူပြီးပြန်လွှတ်ထားပါတယ်။ အမည်စရင်းအားလုံးကိုလည်း သိမ်းဆည်းထားပါတယ်ဓာတ်ပုံနှင့်တကွပါ”ဟု သရက်ချောင်းမြို့နယ် ကာကွယ်ရေးပြောက်ကျားတပ်မှ တော်လှန်ရေးရဲဘော်တစ်ဦးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

မြို့နယ်အတွင်းရှိ လောင်းကစားဝိုင်းအားလုံးကို ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် စာထုတ်ပြန်သတိပေးပြီးဖြစ်သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးအရေးယူခြင်းဖြစ်သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့