Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတဲ့ နေပြည်တော်အချုပ်ထောင် အင်းစိန်ထောင်ထက် ပိုဆိုးရွား

ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား စီးပွားရေးပါမောက္ခ ရှောင်တာနယ်လ်ကိုဖမ်းဆီးပြီး အင်းစိန်ထောင်နဲ့ နေပြည်တော်ထောင်တွေမှာ ထားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတဲ့ နေပြည်တော်အချုပ်ထောင် အင်းစိန်ထောင်ထက် ပိုဆိုးရွား
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတဲ့ နေပြည်တော်အချုပ်ထောင် အင်းစိန်ထောင်ထက် ပိုဆိုးရွား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားရာ နေပြည်တော်ထောင်ဟာ အင်းစိန်ထောင်ထက် အခြေအနေ တွေ ပိုဆိုးရွားတယ်လို့ မကြာခင်ရက်ပိုင်းက စစ်ကောင်စီက လွှတ်ပေးလိုက်တဲ့ စီးပွားရေးအကြံပေး ရှောင်တာနယ်လ်က ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား စီးပွားရေးပါမောက္ခ ရှောင်တာနယ်လ်ကိုဖမ်းဆီးပြီး အင်းစိန်ထောင်နဲ့ နေပြည်တော်ထောင်တွေမှာ ထားခဲ့တာပါ။

ထောင်ကနေ လွတ်မြောက်လာပြီးနောက် သြစတြေးနိုင်ငံကို ရောက်တဲ့အခါ ရှောင်တာနယ်လ်က ထောင်တွင်းဖြတ်သန်းခဲ့ရပုံတွေကို The Australian သတင်းဌာန ကိုပြောပြခဲ့ပါတယ်။

နေပြည်တော်အချုပ်ထောင်ကို သောက်စားမူးယစ်နေတဲ့ ထောင်အာဏာပိုင်တွေ မင်းမူထားတယ်လို့ ရှောင်တာနယ်လ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မယုံနိုင်လောက်အောင်ပဲ နေပြည်တော်ထောင်က အင်းစိန်ထက်ပိုဆိုးနေတယ်” လို့ ရှောင်တာနယ်လ်ကဆိုပါတယ်။

ပိုးဟပ်တွေ ၊ခြင်တွေဟာ အများအပြားရှိနေပြီး နွေရာသီမှာအလွန်ပူပြင်းကာ မိုးရာသီမှာတော့ ခေါင်းမိုးကနေ မိုးတွေယိုပြီး အခန်းထဲကို စီးကျလာလို့ စောင်တွေ ၊ ခေါင်းအုံးတွေနဲ့အဝတ်အစားတွေကို ရေမစိုအောင် ပိုက်ပြီးကိုင်ထားရကြောင်း ရှောင်တာနယ်လ်က နေပြည်တော်အချုပ်ထောင်ရဲ့အခြေအနေကိုပြောပါတယ်။

ထောင်ဝန်းထဲမှာရှိတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အချုပ်ထောင် တရားရုံးမှာ ရုံးထုတ်တဲ့အခါ ရှောင်တာနယ်လ်က မြင်တွေ့ခွင့်ရပါတယ်။

ခက်ခဲဆိုးရွားတဲ့အခြေအနေတွေကြားထဲမှာတောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့သွင်ပြင်ဟာ အံသြ ဖွယ်ရာ ရှိနေတယ် ရှောင်တာနယ်လ်က ပြောပါတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ဝန်းထဲမှာ သီးသန့်ထားရှိကြောင်း ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။