Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင် ပါဝင်သည့် အခမ်းအနားကို အွန်လိုင်းမှတဆင့် ဝင်ရောက်ဆန္ဒပြ

အဆိုပါ အခမ်းအနားသည် စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင် တက်ရောက်ပြီး မိန့်ခွန်းပြောသည့် ပွဲဖြစ်ပြီး လူကိုယ်တိုင်နှင့် အွန်လိုင်းက တက်ရောက် ခြင်း ပုံစံနှစ်မျိုးပေါင်းလုပ်သည့် Hybrid ပုံစံအခမ်းအနားဖြစ်သည်။

ဓာတ်ပုံ - GSCB
ဓာတ်ပုံ - GSCB

စစ်ကောင်စီက ပြုလုပ်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို တော်လှန်ရေးအဖွဲ့တစ်ခုက ယနေ့ (နိုဝင်ဘာ ၂၅) နံနက် ၁၀ နာရီတွင် အွန်လိုင်းမှတဆင့် ဝင်ရောက်ဆန္ဒပြခဲ့သည်။

အဆိုပါ အခမ်းအနားသည် စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင် တက်ရောက်ပြီး မိန့်ခွန်းပြောသည့် ပွဲဖြစ်ပြီး လူကိုယ်တိုင်နှင့် အွန်လိုင်းက တက်ရောက် ခြင်း ပုံစံနှစ်မျိုးပေါင်းလုပ်သည့် Hybrid ပုံစံအခမ်းအနားဖြစ်သည်။

ဓာတ်ပုံ - GSCB
ဓာတ်ပုံ – GSCB

ယင်းပွဲတွင် တော်လှန်ရေးရဲဘော်များက စစ်ကောင်စီ ၏ Zoom အစည်းအဝေးကို ဝင်ရောက်ဆန္ဒပြခဲ့ခြင်း ဖြစ်ကာ အခမ်းအနားအတွင်း၌ “လုံးဝအုပ်ချုပ်ခွင့်မရစေရ” ၊ “မုဒိမ်းစစ်တပ်အမြစ်ဖြတ်”စာသားနှစ်ခုပါသည့် Zoom နောက်ခံပုံများ ပြောင်းလဲကာ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်ကောင်စီ၏ လူကယ်ပြန်ဌာနအတွင်းက တော်လှန်ရေးဘက်တော် သားများ၏ ကူညီမှုဖြင့် အခမ်းအနားအတွင်းကို ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ၅မိနစ်ကြာ ဆန္ဒပြနိုင်ခဲ့ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (GSCB)က ပြောသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - GSCB
ဓာတ်ပုံ – GSCB

စစ်ကောင်စီဆန့်ကျင်ရေး ဗီဒီယိုဖွင့်ခြင်း၊ အသံဖြင့်ဆန္ဒထုတ်ဖော်ခြင်းများပြုလုပ်ရန် ရည်ရွယ် ထားသော်လည်း Zoom Setting တွင် အဆိုပါလုပ်ဆောင် ချက်များကို ပိတ်ထားသည့်အသည့်အတွက်ကြောင့် စစ်ကောင်စီ ဆန့်ကျင်ရေး နောက်ခံပုံ ပြောင်းခြင်းဖြင့်သာ ဆန္ဒထုတ်ဖော်နိုင်ခဲ့ကြောင်း GSCB က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

ဆောင်းပါး

ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်က သတင်းဌာန Page တစ်ခုမှာ စစ်ခေါင်းဆောင် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးရဲ့သတင်းတစ်ခု တက်လာပါတယ်။ အဲဒီသတင်းအောက်မှာ အမျိုးသမီးတစ်ယောက်က "ဇော်မဲလုံး ညီမလား"လို့ မှတ်ချက်(Comment)ရေးသားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းနေရာ ဝင်လာခဲ့တဲ့အတွက် အဲဒီလို မန့်လိုက်တာပါ။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။