Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင် ပါဝင်သည့် အခမ်းအနားကို အွန်လိုင်းမှတဆင့် ဝင်ရောက်ဆန္ဒပြ

အဆိုပါ အခမ်းအနားသည် စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင် တက်ရောက်ပြီး မိန့်ခွန်းပြောသည့် ပွဲဖြစ်ပြီး လူကိုယ်တိုင်နှင့် အွန်လိုင်းက တက်ရောက် ခြင်း ပုံစံနှစ်မျိုးပေါင်းလုပ်သည့် Hybrid ပုံစံအခမ်းအနားဖြစ်သည်။

ဓာတ်ပုံ - GSCB
ဓာတ်ပုံ - GSCB

စစ်ကောင်စီက ပြုလုပ်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို တော်လှန်ရေးအဖွဲ့တစ်ခုက ယနေ့ (နိုဝင်ဘာ ၂၅) နံနက် ၁၀ နာရီတွင် အွန်လိုင်းမှတဆင့် ဝင်ရောက်ဆန္ဒပြခဲ့သည်။

အဆိုပါ အခမ်းအနားသည် စစ်ကောင်စီဝန်ကြီး ဒေါ်သက်သက်ခိုင် တက်ရောက်ပြီး မိန့်ခွန်းပြောသည့် ပွဲဖြစ်ပြီး လူကိုယ်တိုင်နှင့် အွန်လိုင်းက တက်ရောက် ခြင်း ပုံစံနှစ်မျိုးပေါင်းလုပ်သည့် Hybrid ပုံစံအခမ်းအနားဖြစ်သည်။

ဓာတ်ပုံ - GSCB
ဓာတ်ပုံ – GSCB

ယင်းပွဲတွင် တော်လှန်ရေးရဲဘော်များက စစ်ကောင်စီ ၏ Zoom အစည်းအဝေးကို ဝင်ရောက်ဆန္ဒပြခဲ့ခြင်း ဖြစ်ကာ အခမ်းအနားအတွင်း၌ “လုံးဝအုပ်ချုပ်ခွင့်မရစေရ” ၊ “မုဒိမ်းစစ်တပ်အမြစ်ဖြတ်”စာသားနှစ်ခုပါသည့် Zoom နောက်ခံပုံများ ပြောင်းလဲကာ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်ကောင်စီ၏ လူကယ်ပြန်ဌာနအတွင်းက တော်လှန်ရေးဘက်တော် သားများ၏ ကူညီမှုဖြင့် အခမ်းအနားအတွင်းကို ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ၅မိနစ်ကြာ ဆန္ဒပြနိုင်ခဲ့ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (GSCB)က ပြောသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - GSCB
ဓာတ်ပုံ – GSCB

စစ်ကောင်စီဆန့်ကျင်ရေး ဗီဒီယိုဖွင့်ခြင်း၊ အသံဖြင့်ဆန္ဒထုတ်ဖော်ခြင်းများပြုလုပ်ရန် ရည်ရွယ် ထားသော်လည်း Zoom Setting တွင် အဆိုပါလုပ်ဆောင် ချက်များကို ပိတ်ထားသည့်အသည့်အတွက်ကြောင့် စစ်ကောင်စီ ဆန့်ကျင်ရေး နောက်ခံပုံ ပြောင်းခြင်းဖြင့်သာ ဆန္ဒထုတ်ဖော်နိုင်ခဲ့ကြောင်း GSCB က ဆိုသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။