Connect with us

Hi, what are you looking for?

သတင်း

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ထိပ်ပိုင်းခေါင်းဆောင် နေပြည်တော်ရောက်နေ

စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ရာမှာတော့ နယ်စပ်ဒေသမှာ အကြမ်းဖက်မှုတိုက်ဖျက်ဖို့ ၊လူကုန်ကူးတာကို နှိမ်နင်းဖို့ ၊ သတင်းအချက်အလက်ကို နှစ်ဖက်အပြန်အလှန်ဖလှယ်ဖို့တွေ ဆွေးနွေးကြတယ်လို့ဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ထိပ်ပိုင်းခေါင်းဆောင် နေပြည်တော်ရောက်နေ
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ထိပ်ပိုင်းခေါင်းဆောင် နေပြည်တော်ရောက်နေ

နှစ်နိုင်ငံနယ်စပ်အရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး နေပြည်တော်ကို ရောက်နေပြီး စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။

နေပြည်တော်ကိုရောက်နေတဲ့သူဟာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် အဆင့်ရှိသူ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေကဖော်ပြကြပါတယ်။

မနေ့ကတော့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ရဲ့ နေပြည်တော် ခရီးစဉ်အတွင်း ပြီးခဲ့တဲ့ စက်တင်ဘာလက AA နဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ ဘင်္ဂလားဒေ့ရှ်လေပိုင်နက်ထဲ ဝင်လာတာ ၊လက်နက်ကြီးကျည် ကျရောက်တာတွေကိုဆွေးနွေးမယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ရာမှာတော့ နယ်စပ်ဒေသမှာ အကြမ်းဖက်မှုတိုက်ဖျက်ဖို့ ၊လူကုန်ကူးတာကို နှိမ်နင်းဖို့ ၊ သတင်းအချက်အလက်ကို နှစ်ဖက်အပြန်အလှန်ဖလှယ်ဖို့တွေ ဆွေးနွေးကြတယ်လို့ဆိုထားပါတယ်။

ဒါအပြင် ဘင်္ဂလားဒေ့ရှ် က သူတို့ နယ်ခြေထဲမှာ လက်နက်ကိုင်အဖွဲ့တွေကို ခိုလှုံခွင့်ပြုမှာမဟုတ်ဘဲ မြန်မာနယ်ခြားစောင့်ရဲနဲ့ ပူးပေါင်းတိုက်ဖျက်မယ်လို့ပြောသွားကြောင်း စစ်ကောင်စီဘက်က ဝါဒဖြန့်ထားပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေကို ကွပ်ကဲတဲ့ စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီးဘုန်းမြတ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခုနှစ်အတွင်း ဝက်သက်ရောဂါကြောင့် သေဆုံးတဲ့ ကလေးဦးရေ ၁၀၀၀ ကျော်လွန်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်တွေ့ ပစ်ခတ်မှု စစ်ရေးလေ့ကျင့်နေရင်း တင့်ကားတစ်စီး ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်အတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်း သိရပါတယ်။

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ