Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ထိပ်ပိုင်းခေါင်းဆောင် နေပြည်တော်ရောက်နေ

စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ရာမှာတော့ နယ်စပ်ဒေသမှာ အကြမ်းဖက်မှုတိုက်ဖျက်ဖို့ ၊လူကုန်ကူးတာကို နှိမ်နင်းဖို့ ၊ သတင်းအချက်အလက်ကို နှစ်ဖက်အပြန်အလှန်ဖလှယ်ဖို့တွေ ဆွေးနွေးကြတယ်လို့ဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ထိပ်ပိုင်းခေါင်းဆောင် နေပြည်တော်ရောက်နေ
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ထိပ်ပိုင်းခေါင်းဆောင် နေပြည်တော်ရောက်နေ

နှစ်နိုင်ငံနယ်စပ်အရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး နေပြည်တော်ကို ရောက်နေပြီး စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။

နေပြည်တော်ကိုရောက်နေတဲ့သူဟာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် အဆင့်ရှိသူ ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေကဖော်ပြကြပါတယ်။

မနေ့ကတော့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ရဲ့ နေပြည်တော် ခရီးစဉ်အတွင်း ပြီးခဲ့တဲ့ စက်တင်ဘာလက AA နဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ ဘင်္ဂလားဒေ့ရှ်လေပိုင်နက်ထဲ ဝင်လာတာ ၊လက်နက်ကြီးကျည် ကျရောက်တာတွေကိုဆွေးနွေးမယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ရာမှာတော့ နယ်စပ်ဒေသမှာ အကြမ်းဖက်မှုတိုက်ဖျက်ဖို့ ၊လူကုန်ကူးတာကို နှိမ်နင်းဖို့ ၊ သတင်းအချက်အလက်ကို နှစ်ဖက်အပြန်အလှန်ဖလှယ်ဖို့တွေ ဆွေးနွေးကြတယ်လို့ဆိုထားပါတယ်။

ဒါအပြင် ဘင်္ဂလားဒေ့ရှ် က သူတို့ နယ်ခြေထဲမှာ လက်နက်ကိုင်အဖွဲ့တွေကို ခိုလှုံခွင့်ပြုမှာမဟုတ်ဘဲ မြန်မာနယ်ခြားစောင့်ရဲနဲ့ ပူးပေါင်းတိုက်ဖျက်မယ်လို့ပြောသွားကြောင်း စစ်ကောင်စီဘက်က ဝါဒဖြန့်ထားပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေကို ကွပ်ကဲတဲ့ စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီးဘုန်းမြတ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ တပ်ခွဲနှစ်ခုက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု MODက အသိပေးသည်။

မေးမြန်းခန်း

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဗဟိုပြုနေတဲ့ ပထဝီဝင် နိုင်ငံရေး ရိုက်ခတ်မှုတွေ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောကြားခဲ့ပါတယ်။

သတင်း

၂၀၁၇ မှာ မြန်မာစစ်တပ်ရဲ့ ရက်ရက်စက် ဖြိုခွင်းမှုတွေ စတင်ခဲ့ချိန် ကတည်းက သိန်းနဲ့ချီ များပြားတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ပိုင် ကော့စ်ဘဇားနဲ့ တခြား ဒုက္ခသည် စခန်းတွေဆီ အလုံးအရင်း လာရောက် ခိုလှုံနေပါတယ်။