Connect with us

Hi, what are you looking for?

သတင်း

ဒီမော့ဆိုမြို့နယ်တွင် မူးယစ်ဆေးဝါးသတင်းအရရှာဖွေရာ WYစာတမ်းပါ ပန်းရောင်မူးယစ်ဆေးပြားများအပြင် လက်နက်နှင့်ငွေများ သိမ်းဆည်းရမိ

ကရင်နီပြည်နယ်ရဲအဖွဲ့က ထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းများအရ တစ်တောင့်ထိုးသေနတ် တစ်လက်ကိုလည်း ဖမ်းဆီးမှုအတွင်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - KPS
ဓာတ်ပုံ - KPS

ကရင်နီပြည် ဒီမော့ဆိုမြို့နယ်တွင် မူးယစ်ဆေးဝါးသတင်းအရရှာဖွေရာ WYစာတမ်းပါ ပန်းရောင်မူးယစ်ဆေးပြား ၂,၅၃၅ ပြားအပါအဝင် လက်နက်နှင့် ငွေများ သိမ်းဆည်းရမိကြောင်း ကရင်နီပြည်ရဲအဖွဲ့ (KSP)က ယနေ့(နိုဝင်ဘာ ၂၇ရက်) ထုတ်ပြန်သည်။

အဆိုပါ ဖမ်းဆီးမှုကို ကရင်နီပြည်ရဲအဖွဲ့အမှတ်(၁) ရဲစခန်းမှ အဖွဲ့ဝင်များ၊ KNDF တပ်ရင်း (၈)၊ KNDF CDM မှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေအတွင်းရှိ ကျေးရွာတာဝန်ခံများက ပူးပေါင်းဆောင် ရွက်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - KPS
ဓာတ်ပုံ – KPS

“ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ သတင်းအရ ရှာဖွေရင်း တွေ့တာ။မူးယစ်ဆေး ဝါးတွေလက်ခံထားရှိသူ သုံးဦးလည်းမိခဲ့တယ်”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကရင်နီပြည်နယ်ရဲအဖွဲ့က ထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းများအရ တစ်တောင့်ထိုးသေနတ် တစ်လက်ကိုလည်း ဖမ်းဆီးမှုအတွင်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်နယ်အတွင် မူးယစ်ဆေးဝါးများ သယ်ယူ၊ဖြန့်ဖြူးမှုများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို မကြာခဏ ဖမ်းဆီးရမိနေပြီး ကျူးလွန်သူများကို ပြင်းထန်စွာ အရေးယူမည်ဖြစ် ကြောင်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်မှာ ကျပ်သိန်း၄၀နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ရောင်းချနေကို ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မနဲ့ အမှုဖွင့်တရားစွဲ ဆိုထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့(DLEPS)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ ၃ ဦးကို ဖမ်းဆီးအရေးယူထားပြီး တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ထားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁ဦးကို အရှင်ဖမ်းမိပြီး လက်နက်အချို့နဲ့ဒရုန်း ၁စီးကို ဖျက်ချသိမ်းဆည်းရရှိတယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။