Connect with us

Hi, what are you looking for?

သတင်း

အင်းတော်ရဲစခန်းမှ လက်နက်ကြီးရမ်းပစ်၍ လယ်လုပ်ငန်းခွင်မှ ကလေးငယ်များအပါအဝင် မိသားစုဝင်လေးဦး ဒဏ်ရာရ

ဒီဇင်ဘာ ၃ရက် နေ့လယ် ၁နာရီခန့်တွင်အင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာဘက်သို့ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အင်းတော်
အင်းတော်

▪️(၁၄)နှစ်အရွယ်ကလေးငယ်မှာ စိုးရိမ်ရဟုဆို

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်လက်အောက်ခံ အင်းတော်ရဲစခန်းမှ လက်နက် ကြီးဖြင့် ရမ်းပစ်၍ ကလေးငယ်အပါအဝင် မိသားစုဝင် လေးဦး ဒဏ်ရာရခဲ့ပြီး (၁၄)နှစ်အရွယ်ကလေးငယ်မှာ စိုးရိမ်ရသည်ဟု အင်းတော်ဒေသခံက ပြောသည်။

ဒီဇင်ဘာ ၃ရက် နေ့လယ် ၁နာရီခန့်တွင်အင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာဘက်သို့ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ပစ်တဲ့အခါ နတ်မဟုတ်ကြီးရွာထိပ်က လယ်ထဲမှာ ကောက်လှိုင်းစည်းနေတဲ့ သားအမိတွေ လေးယောက်ကို ထိတယ်။ အငယ်ဆုံးကောင်မလေးက (၄)နှစ်။ (၁၄)နှစ်အရွယ် ယောက်ျားလေးရယ်၊ ၁၆နှစ်အရွယ် ယောက်ျားလေးရယ် နောက်ပြီး အသက် ၄၀ကျော်အမျိုးသမီးရယ်။ အဲဒါက သားအမိတွေပဲ။ အဲဒီအင်းတော်ရဲစခန်းက တောင်ဘက်တွေဆီကို နည်းနည်းလေး မသာင်္ကတာတို့ သတင်းကြားတာတို့ဆိုရင် အမြဲတမ်း ပစ်နေကြပါပဲ။ သူတို့ ပစ်လို့ အဲဒီဘက်က ရွာတွေတချို့ ဘုန်းကြီးကျောင်းထိတာတို့ ရွာထိပ်ကျတာတို့ အမြဲဖြစ်တယ်”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒဏ်ရာရသူများအနက် ကလေးငယ်မှာ ဦးခေါင်းပိုင်း၌ လက်နက်ကြီးစထိမှန်၍ စိုးရိမ်ရသည့် အခြေအနေဟုသိရကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ လက်နက်ကြီး ပစ်ခတ်၍ ခွေးတစ်ကောင်နှင့် နွားတစ်ကောင်လည်း သေဆုံးခဲ့ကြောင်း Indaw Revolution က အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

သတင်း

ဒေသတွင်းကသောက်သုံးရေကန်တွေနဲ့ စားသောက်ကုန်တွေမှာစစ်တပ်ကအဆိပ်ခပ်သွားဟု​ဒေသခံ​တွေ​ပြော