Connect with us

Hi, what are you looking for?

သတင်း

ချင်းရွှေဟော်ဒေသ စစ်ကောင်စီ ထိုးစစ်ပြန်ရပ်၍တိုက်ပွဲငြိမ်နေသော်လည်း စစ်ရေးတင်းမာနေ

လတ်တလောတွင် ချင်းရွှေဟော်ဒေသသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်သည် ချင်းရွှေဟော်ဒေသ၌ စခန်းချနေသော်လည်း နှစ်ဖက်ပဋိပက္ခ ထပ်မံ ဖြစ်ပွားမှု မရှိဟု ဖော်ပြထားသည်။

(​လောက်ကိုင်ဒေသမှ ပြည်သူအချို့ ထွက်ခွာနေကြသည်ကို တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(​လောက်ကိုင်ဒေသမှ ပြည်သူအချို့ ထွက်ခွာနေကြသည်ကို တွေ့ရစဥ်။ဓာတ်ပုံ - CJ)

▪️တိုက်ပွဲသတင်းကောလဟလကြောင့် လောက်ကိုင်ဒေသမှ အရပ်သားအချို့တိမ်းရှောင်

ကိုးကန့်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် မြန်မာ – တရုတ်နယ်စပ် ချင်းရွှေဟော်ဒေသ၌ ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြန်လည်ငြိမ်သက်သွားသော်လည်း စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။

ချင်းရွှေဟောဒေသရှိ MNDAA တပ်စခန်းရှိရာသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နိုဝင်ဘာလကုန်ပိုင်း၌ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်။ အဆိုပါ တိုက်ပွဲနောက်ဆက်တွဲ အခြေအနေများကြောင့် ယခုရက်ပိုင်းအတွင်း ကိုးကန့်ဒေသရှိ အရပ်သားအချို့ ရှောင်တိမ်းမှုများ ရှိနေသည်ဟု ဆိုသည်။

(​လောက်ကိုင်ဒေသမှ ပြည်သူအချို့ ထွက်ခွာနေကြသည်ကို တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(​လောက်ကိုင်ဒေသမှ ပြည်သူအချို့ ထွက်ခွာနေကြသည်ကို တွေ့ရစဥ်။ဓာတ်ပုံ – CJ)

“ဒီကိစ္စက ထူးထူးခြားခြားမရှိဘူး။ အင်တာနက်ပေါ်မှာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် တက်လာလို့ သူတို့ဘာသာ သူတို့အထုပ်အပိုးနဲ့ အောက်ဆင်းကြတာပါ။ အရပ်သားတွေဆိုတော့ အွန်လိုင်းပေါ်က သတင်းတွေကြည့်ပြီး အောက်ကို ပြန်ဆင်းကြတာပေါ့”ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။

(​လောက်ကိုင်ဒေသမှ ပြည်သူအချို့ ထွက်ခွာနေကြသည်ကို တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(​လောက်ကိုင်ဒေသမှ ပြည်သူအချို့ ထွက်ခွာနေကြသည်ကို တွေ့ရစဥ်။ဓာတ်ပုံ – CJ)

ထွက်ပြေးတိမ်းရှောင်သူများမှာ ကိုးကန့်ဒေသ၌ ရောက်ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ပြီး လောက်ကိုင် ဒေသ စစ်ရေးပဋိပက္ခ သတင်း ပျံ့နှံ့နေ၍ နေရပ်ပြန်ကြခြင်းဖြစ်သည်ဟု MNDAAက ယနေ့ ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လတ်တလောတွင် ချင်းရွှေဟော်ဒေသသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်သည် ချင်းရွှေဟော်ဒေသ၌ စခန်းချနေသော်လည်း နှစ်ဖက်ပဋိပက္ခ ထပ်မံ ဖြစ်ပွားမှု မရှိဟု ဖော်ပြထားသည်။

(​လောက်ကိုင်ဒေသမှ ပြည်သူအချို့ ထွက်ခွာနေကြသည်ကို တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(​လောက်ကိုင်ဒေသမှ ပြည်သူအချို့ ထွက်ခွာနေကြသည်ကို တွေ့ရစဥ်။ဓာတ်ပုံ – CJ)

“စစ်ရေးအခြေအနေက တိုက်ပွဲတွေ မရှိဘူး ဒီရက်ပိုင်းမှာ။ ငြိမ်သွားတယ်ဆိုတာ အချိန်မရွေး ပြန်ဖြစ်နိုင်တဲ့ တင်းမာချိန်ပေါ့။အမြဲတမ်းအဲဒီလိုပါပဲ။အဲဒီနားလေးဖြစ်တာကလည်း သူတို့ကလာပြီး ထိုးစစ်ဆင်လို့ ဖြစ်တာလေ။ ဒီနေ့ သူတို့ ထိုးစစ်တွေ ရပ်တန့်သွားတယ်ဆိုတော့ သူတို့ ထိုးစစ်ရပ်သွားတဲ့နောက်ပိုင်းကတည်းက တိုက်ပွဲမရှိတော့ပါဘူး” ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း မုံးကိုး၊ မူဆယ်၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်ဒေသများ၌ MNDAAနှင့် စစ်ကောင်ဏီတပ် တိုက်ပွဲဖြစ်ခဲ့သော်လည်း ချင်းရွှေဟော်ဘက်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ပေ။ ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ ပြန်လည်ထူထောင်ရေး တိုက်ပွဲ အပြီးတွင် ယင်းဒေသ၌ တိုက်ပွဲရပ်တန့်နေရာ ယခု ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။