Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်ရှိလမ်းပိုင်းများ၌ စစ်ကောင်စီတပ် ထောင်ထားခဲ့သော နင်းမိုင်းများတွေ့ရှိ

စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်အတွင်းသို့ နိုဝင်ဘာ ၁၇ရက် မှ၂၇ရက်အထိ စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုး ပစ်ခတ်သတ်ဖြတ် မီးရှို့မှုများပြုလုပ်ခဲ့သည်။

(စစ်ကောင်စီတပ် မြှုပ်ထားခဲ့သော နင်းမိုင်းများအား တွေ့ရစဥ်။ နင်းမိုင်းများအား ရှာဖွေနေစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(စစ်ကောင်စီတပ် မြှုပ်ထားခဲ့သော နင်းမိုင်းများအား တွေ့ရစဥ်။ နင်းမိုင်းများအား ရှာဖွေနေစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ရွှေဘို – ခင်ဦး – ရေဦးလမ်းပိုင်းများတွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သော မြေမြှုပ်နင်းမိုင်း များရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ၂၉ရက်) က ခင်ဦးမြို့နယ် (ပကဖ)တိုက်နယ် – ၄၊ မော်ကွန်းညီနောင် ၊နဂါးညီနောင်၊ ဒေါင်းရာဇာ စသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ နယ်မြေရှင်းလင်းရေးအဖြစ် ​မြေမြုပ်မိုင်း ​ရှာဖွေဖော်ထုတ်မှုများပြုလုပ်ခဲ့ရာ မိုင်းသုံးလုံး ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

(စစ်ကောင်စီတပ် မြှုပ်ထားခဲ့သော နင်းမိုင်းများအား တွေ့ရစဥ်။ နင်းမိုင်းများအား ရှာဖွေနေစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(စစ်ကောင်စီတပ် မြှုပ်ထားခဲ့သော နင်းမိုင်းများအား တွေ့ရစဥ်။ နင်းမိုင်းများအား ရှာဖွေနေစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်အတွင်း ရွှေဘို- ခင်ဦး- ရေဦးလမ်းတစ်လျှောက်၌ အင်အား ၁၆၀ခန့်ဖြင့် လမ်းကြောင်းတစ်လျောက် ရွာများအား ဝင်ရောက်စီးနင်းခဲ့သည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်များသည် ၎င်းတို့ နေရာယူခဲ့သည့် လမ်းဘေးတစ်လျှောက် ကျေးရွာ အနီးနားတွင် မြေမြုပ်မိုင်းများ ထောင်ထားခဲ့ရာ မိုင်းသုံးလုံးကွဲပြီး နွားနှစ်ကောင်နှင့် ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“မိုင်းကွဲခဲ့တာက ရွှေဘို-မြစ်ကြီးနား လမ်းဘေး ခင်ဦးမြို့နယ် ရွှေပြည်သာကျေးရွာအနီးမှာပါ။”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ခံက ပြောသည်။

သို့သော် ရွှေဘို -ခင်ဦး -ရေဦး ကားလမ်းဘေးတစ်လျှောက်နှင့် ကျေးရွာများအနီးတဝိုက်တွင် မြေ မြုပ်နင်းမိုင်းများ ရှိနိုင်သေးသဖြင့် ရွှေဘို- ခင်ဦး -ရေဦး ကားလမ်းတစ်လျှောက်နှင့် နီးစပ်သောရွာများ အားလုံး မြေမြုပ်မိုင်းအန္တရာယ်သတိထားသွားလာကြရန် ပြည်သူများအား ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြား ရေးအဖွဲ့က အသိပေးတိုက်တွန်းထားသည်။

စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်အတွင်းသို့ နိုဝင်ဘာ ၁၇ရက် မှ၂၇ရက်အထိ စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုး ပစ်ခတ်သတ်ဖြတ် မီးရှို့မှုများပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။