Connect with us

Hi, what are you looking for?

သတင်း

ပဲခူးတိုင်း အနောက်ခြမ်းက စစ်စခန်းတွေကို တော်လှန်ရေးတပ်တွေတိုက်ခိုက်

အချိန်မရွေးတိုက်ပွဲတွေဖြစ်နိုင်လို့ စစ်တပ်အနီးမနေကြဖို့ (၂၂)ဗျူဟာမှူး သတိပေး

(ပဲခူးတိုင်းစစ်ဌာနဗျူဟာ (၂၂)ကွပ်ကဲမှုအောက်က ရဲဘော်တွေ။ ဓာတ်ပုံ - ပဲခူးတိုင်းစစ်ဌာန)

မေ-၁၁၊၂၀၂၆။ထားမြတ်၊ဒလပန်း/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် အေးမြသာယာမြို့သစ် မြို့အဝင်က စစ်တပ်လက်အောက်ခံ ပျူစောထီးစခန်း အပါအဝင် အုတ်ဖိုနဲ့ လက်ပံတန်းမြို့နယ်က နေရာသုံးခုမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

“လက်ပံတန်းကတော့မြို့ဝင်ဂိတ်ရန်ကုန်-ပြည် ကားလမ်းဘေးက ဂိတ်ကို ဝင်တိုက်ကြတာ။ အုတ်ဖိုကတော့အေးမြသာယာမြို့သစ်ပျူစောထီးစခန်းကို ဝင်တိုက်ကြတာပါ။ ဒီဂိတ်တွေက ပေါ်တာဆွဲတာ၊ပိုက်ဆံတောင်းတာတွေအပြင်ပြည်သူတွေကို ရိုက်နှိပ်စစ်ဆေးတာတွေကအစ လုပ်ဆောင်ပါတယ် မထင်မထင်သလို ဖမ်းတာတွေ လုပ်ပါတယ် “လို့ ဗျူဟာ (၂၂) ရဲ့ ဗျူဟာမှူး ရဲဘော် စောဂျိမ်းက ပြောပါတယ်။

အေးမြသာယာမြို့သစ်၊ မြို့အဝင် ပျူစောထီးစခန်းကို မေလ ၁၀ရက် မနက်မှာ ပဲခူးတိုင်း စစ်ဌာန ဗျူဟာ (၂၂)ကွပ်ကဲမှုအောက် တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့သလို၊ မေလ ၉ရက်မှာလည်း လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်ဂိတ်စခန်းကို ဗျူဟာ (၂၂)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မေလ ၅ရက်မှာလည်း အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာတွင် စစ်တပ် ကင်းပုန်းတပ်ဖွဲ့တွေနဲ့ဗျူဟာ (၂၂)တပ်တွေတိုက်ပွဲဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။

“လက်ရှိမှာတော့ ရန်သူစကမ ဘက်က မြေပြင် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းတာတွေ လုပ်နေပါတယ်။ ပြည်သူတွေအနေနဲ့လက် ရန်သူ တပ်စခန်းများဝန်းကျင်၊ ရန်သူ စစ်ကြောင်း ဝန်းကျင်တွေနဲ့ နယ်မြေ စစ်ကြောင်းထိုးတဲ့အခါ မှာ လွတ်ကင်းရာနေရာများကိုတိမ်ရှောင်ကြဖို့လေး မှာ ချင်ပါတယ်ဗျ။စစ်ကြောင်းတွေကဗျူဟာ(၂၂) စစ်ဆင်ရေးနယ်မြေတွေအတော်များမှာစစ်ကြောင်းထိုးနေသလို ကျနော်တို့ဘက်ကလည်း ရန်သူစခန်းတွေကို ခြိမ်းခြောက်မှုတွေ ပေးနိုင်အောင် ပြင်ဆင်ဆောက်ရွက်နေပါတယ်၊ ခုဆို မြို့နားက ဂိတ်စခန်းတွေကို ဝင်ရောက် တိုက်ခိုက်နေပါတယ်” လို့ရဲဘော် စောဂျိမ်းစ်က ပြောပါတယ်။

လက်ရှိမှာ စစ်တပ်က ဒေသတွင်းမှာ အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေတယ်လို့လည်း အသိပေးပါတယ်။

“ရန်သူ တပ်စခန်း ဝန်းကျင်တွေ မနေဖို့နဲ့ ရန်သူ နဲ့ မဆက်ဆံ မပတ်သတ်ဖို့ပါဘဲ”လို့ ရဲဘော်စောဂျိမ်းစ်က ဆက်လက်ပြောကြားပါတယ်။

ဗျူဟာ (၂၂)တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အေးမြသာယာမြို့သစ်၊ မြို့အဝင် ပျူစောထီးစခန်း တိုက်ပွဲမှာပျူစောထီး ၂ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရခဲ့ဟု ပဲခူးတိုင်း စစ်ဌာနက ထုတ်ပြန်ပါတယ်။ အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာ ထိတွေ့တိုက်ပွဲမှာလည်း စစ်တပ်က ၄ဦး သေဆုံးခဲ့တယ်လို့ အသိပေးပါတယ်။

လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာရှိစစ်တပ် အထိုင်ဂိတ်စခန်း တိုက်ခိုက်မှုကိုတော့ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့တွေနဲ့ သာယာဝတီခရိုင်၊ ပကဖတပ်ဖွဲ့ (၁ ၊ ၂) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။အဲဒီတိုက်ခိုက်ရာမှာ စစ်တပ်ဘက်သေဆုံးမှုမရှိဘဲထိခိုက်ဒဏ်ရာရသူတချို့ပဲရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေမှာ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘဲ အောင်မြင်စွာ စစ်ဆင်ရေးဖော်ဆောင်နိုင်ခဲ့ကြောင်းလည်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။