Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့် အင်းဝနဲ့ မင်းကွန်းက စေတီပုထိုးအချို့ထိခိုက်ပျက်စီး

ငလျင်ဗဟိုချက်နဲ့ ၄ မိုင်ခန့်အကွာမှာရှိတဲ့ အင်းဝမြို့ဟောင်းက နာမည်ကျော် မယ်နုအုတ်ကျောင်းဟာ ငလျင်ကြောင့် လိုဏ်မုခ်ပန်းပျက်ကျသွားတယ်လို့သိရပါတယ်။

ငလျင်ကြောင့် အင်းဝနဲ့ မင်းကွန်းက စေတီပုထိုးအချို့ထိခိုက်ပျက်စီး
ငလျင်ကြောင့် အင်းဝနဲ့ မင်းကွန်းက စေတီပုထိုးအချို့ထိခိုက်ပျက်စီး

ဒီနေ့မနက်ပိုင်း မန္တလေးမှာ လှုပ်ခတ်သွားတဲ့ငလျင်ကြောင့် အင်းဝနဲ့ မင်းကွန်းဘက်က စေတီပုထိုးတွေအပါအဝင် ရှေးဟောင်းအဆောက်အဦးအချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေဆီကစုံစမ်းသိရပါတယ်။

အင်အား၅.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်ဟာ ဒီနေ့မနက်ပိုင်း ၃ နာရီကျော်က မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရဲ့ အရှေ့ဘက် ၄ မိုင်ခန့်အကွာ ကို ဗဟိုပြုပြီးလှုပ်ခတ်သွားတာပါ။

ငလျင်ကြောင့် အင်းဝနဲ့ မင်းကွန်းက စေတီပုထိုးအချို့ထိခိုက်ပျက်စီး
ငလျင်ကြောင့် အင်းဝနဲ့ မင်းကွန်းက စေတီပုထိုးအချို့ထိခိုက်ပျက်စီး

ငလျင်ဗဟိုချက်နဲ့ ၄ မိုင်ခန့်အကွာမှာရှိတဲ့ အင်းဝမြို့ဟောင်းက နာမည်ကျော် မယ်နုအုတ်ကျောင်းဟာ ငလျင်ကြောင့် လိုဏ်မုခ်ပန်းပျက်ကျသွားတယ်လို့သိရပါတယ်။

ဒါအပြင် ဒေါ်ဂျမ်းဘုရား ရဲ့ထီးတော်မြေခ သွားပါတယ်။ အလားတူ အင်းဝမြို့ဟောင်းက ရှေးဟောင်းစေတီ အချို့ လုံးတော်ကွဲအက်တာတွေ ဖြစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မင်းကွန်းဘက်မှာလည်း အထင်ကရ ခြင်္သေရုပ်ထုကြီး ရဲ့ နဂိုအက်ကြောင်းရှိနေတဲ့ လက်မောင်းရင်းဟာဒီမနက်ပိုင်း လှုပ်ခတ်တဲ့ငလျင်ကြောင့် ပဲ့ကျသွားတာကိုတွေ့ရပါတယ်။

ငလျင်ကြောင့် အင်းဝနဲ့ မင်းကွန်းက စေတီပုထိုးအချို့ထိခိုက်ပျက်စီး
ငလျင်ကြောင့် အင်းဝနဲ့ မင်းကွန်းက စေတီပုထိုးအချို့ထိခိုက်ပျက်စီး

မင်းကွန်းရွာတည်ထားတဲ့ မြသိန်းတန်စေတီတော်ဟာလည်းငလျင်ကြောင့် စိန်ဖူးတော်မြေခခဲ့ပြီး စေတီလည်း ထိခိုက်သွားတယ်လို့ဒေသခံတစ်ဦးက ပြောပြပါတယ်။

မင်းကွန်းပုထိုးတော်ကြီးရဲ့ အက်ကြောင်းလည်း အရင်ကထက် ပိုဟသွားတယ်လို့သေခံတွေကတော့ ပြောနေကြပါတယ်။

ငလျင်ကြောင့်ရှေးဟောင်းစေတီပုထိုးတွေထိခိုက်မှု စာရင်းကို မြေပြင်မှာကောက်ယူနေဆဲလို့စစ်ကောင်စီဘက်က သတင်းထုတ်ထားပါတယ်။

ငလျင်ကြောင့် အင်းဝနဲ့ မင်းကွန်းက စေတီပုထိုးအချို့ထိခိုက်ပျက်စီး
ငလျင်ကြောင့် အင်းဝနဲ့ မင်းကွန်းက စေတီပုထိုးအချို့ထိခိုက်ပျက်စီး

ဒီမနက်ပိုင်းက လှုပ်ခတ်တဲ့ငလျင်ကို မန္တလေး ၊စစ်ကိုင်း ၊ပြင်ဦးလွင်က သူတွေပါ ခံစားလိုက်ကြရပါတယ်။

“ငလျင်ပြင်းချက်က တိုက်ပြိုပြီတောင်ထင်တာ” လို့ မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။