Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ကဖားကန့်တွင်​ဒေသခံများ၏လိုင်စင်မဲ့ကားများကိုဖမ်းပြီး လိုင်စင်လုပ်၍ ပြန်​ရောင်း​နေ

စစ်ကောင်စီကလိုင်စင်လုပ်ပြီး လက်သိပ်ထိုးရောင်းချသည့် ကားများကို ဒေသခံများကမဝယ်ကြဟုလည်းသိရသည်။ ထို့ကြောင့် ဖားကန့်ဒေသ ပြင်ပသို့ လိုက်လံရောင်းချနေသည်ဟု ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

(ဖားကန့်မြို့လယ်တစ်​နေရာ ။ ။ဓါတ်ပုံ-KNG)
(ဖားကန့်မြို့လယ်တစ်​နေရာ ။ ။ဓါတ်ပုံ-KNG)

ဖားကန့်တွင်စစ်ကောင်စီတပ်က ဒေသခံများထံမှ လိုင်စင်မဲ့ကားများကို သိမ်းယူပြီး လိုင်စင်ပြန်လုပ်၍ ရောင်းပြီး​ငွေရှာ​​နေကြောင်း ဒေသခံများကပြောသည်။

လိုင်စင်မဲ့ကားများစွာရှိသည့်ဖားကန့်တွင် နိုဝင်ဘာလမှစ၍ စစ်ကောင်စီတပ်က ဒေသခံများ၏လိုင်စင်မဲ့ကားများကို စီမံချက်ဖြင့်လိုက်လံ ဖမ်းဆီးခဲ့သည်။ဖမ်းဆီးထားသော ကားအစီးရေ တစ်ရာထက်မနည်းရှိပြီး စစ်ကောင်စီက ထိုကားများကို လိုင်စင်လုပ်၍ ပြန်ရောင်း​နေခြင်းဖြစ်​ကြောင်းဒေသခံများကပြောသည်။

“လေကြောင်းကနေ လာတိုက်တော့ ကုန်တဲ့ စရိတ်တွေ ဒီမှာ ​ပြန်ရှာခိုင်းနေတယ်ကြားတယ်။ ဖမ်းသွားတဲ့ ကားတွေ လိုင်စင်ဝင်ပြီး ပြန်ရောင်းနေတယ်။ တော်တော် ရုပ်ပျက်

ဆင်းပျက်ဖြစ်နေပြီ” ဟု စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသောဖားကန့်ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ဖားကန့်တွင် ​ဒေသခံများ၏လိုင်စင်မဲ့ကားများကိုဖမ်းဆီး​သောအခါ ကြမ်းကြမ်းတမ်းတမ်းပြုလုပ်ခဲ့သည်ဟု ဒေသခံအချို့က​ပြောသည်။

“ဘုရားကျောင်းတက်နေချိန် ကျောင်းထဲကကားတွေဝင်ဖမ်းတယ်။ တော်တော်လေးကို ဒုက္ခရောက်တယ်။ ပြည်သူ့ကို ဒုက္ခပေးဖို့ပဲသိတဲ့ စစ်အာဏာရှင်ပဲ” ဟု ကားသိမ်းဆည်းခံရသူတစ်ဦးကပြောသည်။

စစ်ကောင်စီကလိုင်စင်လုပ်ပြီး လက်သိပ်ထိုးရောင်းချသည့် ကားများကို ဒေသခံများကမဝယ်ကြဟုလည်းသိရသည်။ ထို့ကြောင့် ဖားကန့်ဒေသ ပြင်ပသို့ လိုက်လံရောင်းချနေသည်ဟု ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ဖားကန့်တွင် ယခုရက်ပိုင်း တိုက်ပွဲမဖြစ်ပွားဘဲ ငြိမ်သက်နေသည်။ မှော်ပုံကျေးရွာတွင်KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီသည် ဒီဇင်ဘာလ ၅ရက် ညမှ ဒီဇင်ဘာလ ၇ ရက်အထိည တိုက်ပွဲဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။