Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ကဖားကန့်တွင် လူသားတံတိုင်းအဖြစ်ဖမ်းဆီးသွား​သောပြည်သူ ၁၀ ဦးပြန်မလွတ်​​သေး

ဖားကန့် ကျေးရွာအချို့တွင်ယမန်နေ့(ဒီဇင်ဘာလ ၇ရက်)ညကလည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။ သို့​သော်ယနေ့နံနက်တွင်မူ ပစ်ခတ်သံများငြိမ်သက်နေသည်ဟု ဒေသခံများကပြောသည်။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-KNG)
(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-KNG)

ဖားကန့်တွင်တိုက်ပွဲဖြစ်ပွားပြီး စစ်​ကောင်စီတပ်ကပြန်ဆုတ်ခွာစဥ် လူသားတံတိုင်းအဖြစ်ဖမ်းဆီးသွားသည့် ဒေသခံ ပြည်သူ ၂၁ဦးအနက် ၁၁ဦးသာ ပြန်လွတ်မြောက်လာ​သေးပြီး ၁၀ဦးကို ဖမ်းဆီးထားဆဲဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

ဖားကန့်မြို့ မှော်ပုံကျေးရွာတွင်စစ်​ကောင်စီတပ်ကအင်အားရာနှင့်ချီ ဖြည့်တင်း၍စစ်​ကြောင်းထိုးလာရာ ဒီဇင်ဘာလ ၅ရက်ညမှစ၍ တိုက်ပွဲဖြစ်ခဲ့ပြီး ဒီဇင်ဘာလ ၆ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်က ​မှော်ပုံကျေးရွာဘုန်းကြီးကျောင်းမှ စစ်ဘေးရှောင် ပြည်သူ ၂၁ဦးကို လူသားတံတိုင်းပြုလုပ်ကာ ဖမ်းဆီး​ခေါ်​ဆောင်သွားခြင်းဖြစ်​ကြောင်းဒေသများကပြောသည်။

“၁၁ ဦးပြန်လွတ်လာတယ်။ ဆယ်ယောက်အဖမ်းခံထားရတုန်းပဲ။ သူတို့အတွက် စိတ်ပူနေရတယ်။ ဘာသတင်းမှ မရသေးဘူး” ဟုမှော်ပုံကျေးရွာဒေသခံတစ်ဦးကယနေ့(ဒီဇင်ဘာလ ၈ရက်) ပြောသည်။

PDF ဟုဖမ်းဆီးစွပ်စွဲကာဖမ်းဆီး​​ခေါ်​​ဆောင်သွားခြင်းဖြစ်ပြီး က​လေးငယ်နှင့်လူကြီးများကိုပြန်လွှတ်​ပေး​သော်လည်း လူငယ်ပိုင်း အမျိုးသား ၄ ဦးနှင့်အမျိုးသမီး ၆ ဦးကိုဖမ်းဆီး​ခေါ်​ဆောင်သွားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မှော်ပုံကျေးရွာ ဘုန်းကြီးကျောင်းတွင် အထိုင်ချတပ်စွဲရန် ကြိုးစားခဲ့သည့် စစ်ကောင်စီတပ်ကို KIA ၊ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာပြီးပြန်လည်ဆုတ်ခွာသွားခဲ့ရခြင်းဖြစ် သည်။ ဒီဇင်ဘာ ၆ ရက်ညကတိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ကြီးအများအပြားအသုံးပြု၍ တိုက်ခိုက်ခဲ့သော်လည်း KIA ၊ PDF ပူးပေါင်းအဖွဲ့က အကောင်းဆုံးတုန့်ပြန်တိုက်ခိုက်နိုင်ခဲ့သည်ဟု ဒေသခံများက ချီးကျုးနေကြသည်။

​မှောိပုံရွာဘုန်းကြီး​ကျောင်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ ဆယ်နှင့်ချီ ​သေဆုံးခဲ့ပြီး KIA/PDF ပူး​ပေါင်းအဖွဲ့မှ ၂ ဦးကျဆုံးခဲ့​ကြောင်း ​ဒေသတွင်းစစ်​ရေးသတင်းရင်းမြစ်များက​ပြောသည်။ စစ်​ကောင်စီတပ်အထိနာသွား၍ တိုက်ပွဲများအချိန်မ​ရွေး ဖြစ်နိုင်​ကြောင်းလည်း​ဒေသခံအချိူ့က​ပြောသည်။

ဖားကန့် ကျေးရွာအချို့တွင်ယမန်နေ့(ဒီဇင်ဘာလ ၇ရက်)ညကလည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။ သို့​သော်ယနေ့နံနက်တွင်မူ ပစ်ခတ်သံများငြိမ်သက်နေသည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။