Connect with us

Hi, what are you looking for?

သတင်း

မှော်ဘီလေတပ်ဌာနချုပ်ကို အဝေးပစ်ရှော့တိုက်မိုင်းသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ဒီဇင်ဘာ ၁၇ ရက်ညက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်လုံးမှာ လေတပ်‌နံရံကို ထိခိုက်ခဲ့ကာ တစ်လုံးသည် အဓိကနေရာကို တိုက်ခိုက်နိုင်ခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

(မှော်ဘီလေတပ်ဌာနချုပ်အား တွေ့ရစဉ်)
(မှော်ဘီလေတပ်ဌာနချုပ်အား တွေ့ရစဉ်)

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် လေတပ်ဌာနချုပ်ကို လက်လုပ်အဝေးပစ်ရှော့တိုက်မိုင်းသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း People Defence Force-Hmawbi မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဓိက နေရာတိုက်ခိုက်ချင်တာပါ။လက်နက်ရုံပေါ့။နဲနဲလွဲသွားတယ်။လူကြီးအိမ်ယာဘက်ကျပြီး အကောင်ကြီး အိမ်ဘက်ကျသွားတယ်။ အတိအကျတော့ မသိရဘူး”ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ ၁၇ ရက်ညက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်လုံးမှာ လေတပ်‌နံရံကို ထိခိုက်ခဲ့ကာ တစ်လုံးသည် အဓိကနေရာကို တိုက်ခိုက်နိုင်ခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

“မနက်သတင်းကြားတာက လူနာတင်ကား အများကြီး ဝင်သွားတယ်လို့ကြားရတယ်”ဟု ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် အညာဒေသနှင့် တိုင်းရင်းသားဒေသများကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသောကြောင့် ယင်းစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဆက်တိုက်လုပ်ဆောင်တော့မှာပါ။ပစ္စည်းလိုအပ်ချက်ကြောင့်ခဏ နားနေရတဲ့ သဘောပါပဲ။ကျွန်တော်တို့ကို ပစ္စည်းထောက်ပံ့ပေးဖို့ပဲပြောချင်ပါတယ်။”ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမှာရှိတဲ့ ဘုရင့်နောင်တိုက်ခိုက်ရေး သင်တန်း‌ကျောင်းမှာပြုလုပ်တဲ့ စစ်တပ်ရဲ့ တပ်မတော်နေ့ အခမ်းအနားကို ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar -BWM အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မှော်ဘီမြို့မရဲစခန်းကနေ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ထွက်လာတဲ့ ကားကို လက်လုပ်မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဖွင့်ဆိုရှင်းပြ

စစ်အာဏာရှင်တွေကို တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရှော့တိုက်ဒုံးကို အသုံးများပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ၁၀၇ မမ (107mm) ရှော့တိုက်ဒုံးတွေကို အသုံးများပါတယ်။ ဒုံးကို ကားပေါ်တင်ပြီး ဒါမှမဟုတ် မြေပြင်မှာ အောက်ခံခုံလုပ်ပြီး ပစ်ခတ်လေ့ရှိကြပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊မုန်းမြို့နယ်(မူးမြို့နယ်)မှာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။