Connect with us

Hi, what are you looking for?

သတင်း

သံတောင်ကြီးမှာလုပ်တဲ့ စစ်တပ် တပ်မတော်နေ့အခမ်းအနားကို မဟာမိတ်အဖွဲ့တွေ ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမှာရှိတဲ့ ဘုရင့်နောင်တိုက်ခိုက်ရေး သင်တန်း‌ကျောင်းမှာပြုလုပ်တဲ့ စစ်တပ်ရဲ့ တပ်မတော်နေ့ အခမ်းအနားကို ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar -BWM အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သံတောင်ကြီးမှာလုပ်တဲ့ စစ်တပ် တပ်မတော်နေ့အခမ်းအနားကို မဟာမိတ်အဖွဲ့တွေ ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - BWM

မတ်-၂၇၊၂၀၂၆။သတိုး/People’s Spring

ကရင်ပြည်နယ်၊ သံတောင်ကြီးမှာရှိတဲ့ ဘုရင့်နောင်တိုက်ခိုက်ရေး သင်တန်း‌ကျောင်းမှာပြုလုပ်တဲ့ စစ်တပ်ရဲ့ တပ်မတော်နေ့ အခမ်းအနားကို ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar -BWM အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“မနက် ၇ နာရီ အခမ်းအနားရှိတယ်လို့ သတင်းရလို့ပါ။ ၇ နာရီ ၅ မိနစ်မှာပစ်တာပါ။ ၅လုံးပစ်တာ ၄ လုံးအောင်ပါတယ် “လို့ ၎င်းက ပြောပါတယ်။

အဲဒီစစ်ဆင်ရေးကို BWM အဖွဲ့နဲ့အတူ Mountain Knight Civilian Defense Force (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) ၊ KNLA တပ်မဟာ(၂)၊တပ်ရင်း(၅)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုပြုလုပ်ပြီးချိန်မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်မှု ရှိခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

“လက်နက်ကြီးနဲ့ ၈ လုံး ချက်ချင်းပြန်ပစ်တာ” လို့ ပြောပါတယ်။

BWM နဲ့ မဟာမိတ်တွေအနေနဲ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ အခမ်းအနားကို တိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီက အင်အားသုံးကာရံထားတာကြောင့် မလုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။

“မြန်မာ့နိုင်ငံ သမိုင်း ၏ အထင်ကရနေ့ ဖြစ်သည့် ဖက်ဆစ်တော်လှန်ရေး နေ့ကို BWM နှင့် မဟာမိတ် အဖွဲ့ များက အသိအမှတ်ပြုပါသည်။ ထို ဖက်ဆစ်တော်လှန်ရေးနေ့ကို ခွေးတပ်မတော်နေ့ အဖြစ် စစ်ကောင်စီက အပိုင်စီးပြီး ပုံဖော်ထားသည်ကိုလည်း လက်ခံ၍မရပါ။ တော်လှန်ရေး အောင်မြင်ပြီး ပြည်သူ့အစိုးရပေါ်ပေါက်သည့် အခါ ယခုလို မြန်မာ့သမိုင်း အမှတိတယ နေ့ကို မှန်ကန်သည့် နည်းလမ်းဖြင့် အမှတ်တရနေ့အဖြစ် ကျင်းပနိုင်ရန် မျှော်လင့်ပါသည်။ “လို့ BWMက ထုတ်ပြန်ထားပါတယ်။

BWM အဖွဲ့အနေနဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး မတ်လ ၂၅ ရက်ညက အညာဒေသက ပြည်သူတွေကို ‌ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ မကွေးလေတပ်စခန်းကို ၁၀၇ မနရှော့တိုက်ဒုန်း ၁၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒ့ါအပြင် မတ်လ ၁၂ရက်က တောင်ငူလေတပ်စခန်း နဲ့ မတ်လ ၁၅ ရက်မှာ တောင်ပိုင်းတိုင်းမှာရှိတဲ့ စစ်လက်နက်ပစ္စည်းတပ်ခွဲ စနစ(၄၈၄)ကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။

BWM အနေနဲ့ မဟာမိတ်တွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီရဲ့လေတပ်စခန်းတွေနဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အသိပေးထားပါတယ်။

“ပြည်သူကို ပြောကြားချင်တာက လေယာဉ်ဆီအကြပ်အတည်းကြောင့် ခွေးလေတပ် အကြပ်ရိုက်ချိန် ပြည်သူတွေရော တော်လှန်ရေးအဖွဲ့ အစည်းတွေကော စည်းစည်းလုံးလုံးနဲ့ တော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင် ကြိုးစားကြဖို့အရေးကြီးတာမို့BWM နှင့်မဟာမိတ်အဖွဲ့တွေလည်း နိုင်ရာ တာဝန်ယူပြီး ကြိုးစားနေတယ်” လို့ BWM အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဆက်စပ်သတင်းများ

ဖွင့်ဆိုရှင်းပြ

စစ်အာဏာရှင်တွေကို တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရှော့တိုက်ဒုံးကို အသုံးများပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ၁၀၇ မမ (107mm) ရှော့တိုက်ဒုံးတွေကို အသုံးများပါတယ်။ ဒုံးကို ကားပေါ်တင်ပြီး ဒါမှမဟုတ် မြေပြင်မှာ အောက်ခံခုံလုပ်ပြီး ပစ်ခတ်လေ့ရှိကြပါတယ်။

သတင်း

စစ်ကောင်စီ​၏ တောင်ပိုင်တိုင်းစစ်ဌာနချုပ် (တပခ)နှင့် တောင်ငူလေတပ်စခန်း တိုက်ခိုက်သည့် ဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်ထိခိုက်မှုများရှိကြောင်း Brave Warriors for Myanmar (BWM)က အသိပေးထားသည်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ​၏ ခမရ(၅၈၈) တပ်ရင်းမှူးနေအိမ်နှင့်လက်နက်တိုက်ကို တော်လှန်​ရေးတပ်များ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃) စစ်ဆင်ရေးမှူး၊ ဒေါနစစ်ကြောင်းမှူးလည်းဖြစ်သူ စောဒါးကိုက လူထုနွေဦးသို့ပြောသည်။

သတင်း

ငလျင်ဘေးသင့်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် စစ်ကောင်စီ၏ နေပြည်တော် အေလာလေတပ် စခန်းအား ၁၀၇ မမရှော့တိုက်ဒုံး သုံးသုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)မှ တာဝန်ရှိသူက ပြောသည်။