Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေးမတည်ငြိမ်​သောနိုင်ငံများကိုဆေးတင်ပို့နေသည့် ဘင်္ဂလားဒေ့ရှ်ဆေးကုမ္ပဏီ မြန်မာကိုဆေးဝါးတင်သွင်းမည်

Albion ကုမ္ပဏီသည် အာဖဂန်၊ သီရီလင်္ကာ၊ ယီမင်၊ဆူဒန်၊ဆိုမာလီယာစသည့် နိုင်ငံရေးမတည်ငြိမ်သည့် နိုင်ငံများသို့ ဆေးဝါးများတင်ပို့နေသည့်ကုမ္ပဏီတစ်ခုဖြစ်သည်။

(Albion ကုမ္ပဏီ​ဆေးဝါးထုတ်လုပ်​ရေးလုပ်ငန်းခွင်။ ဓါတ်ပုံ- Daily Sun)
(Albion ကုမ္ပဏီ​ဆေးဝါးထုတ်လုပ်​ရေးလုပ်ငန်းခွင်။ ဓါတ်ပုံ- Daily Sun)

နိုင်ငံ​ရေးမတည်ငြိမ်​သောနိုင်ငံများသို့ဆေးဝါးတင်ပို့နေသည့် ဘင်္ဂလားဒေ့ရှ်ဆေးဝါးကုမ္ပဏီက မြန်မာနိုင်ငံသို့ယခုလအတွင်း ဆေးဝါးများတင်ပို့ရန် စီစဉ်နေကြောင်း အဆိုပါဘင်္ဂလားဒေ့ရှ်ကုမ္ပဏီ Albion ကုမ္ပဏီက ထုတ်ပြန်သည်။

Albion ကုမ္ပဏီသည် အာဖဂန်၊ သီရီလင်္ကာ၊ ယီမင်၊ဆူဒန်၊ဆိုမာလီယာစသည့် နိုင်ငံရေးမတည်ငြိမ်သည့် နိုင်ငံများသို့ ဆေးဝါးများတင်ပို့နေသည့်ကုမ္ပဏီတစ်ခုဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့တွင် အခြေစိုက်ထားသည့် အဆိုပါဆေးဝါးကုမ္ပဏီက မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို ဆေးဝါးများတင်ပို့ရန် စီစဉ်ထားသည်ဟု ဆိုသည်။ မြန်မာနိုင်ငံသို့ဒေါ်လာ ၃၀၀၀၀ ဖိုးဆေးဝါးများကို ဒီဇင်ဘာလကုန်ပိုင်းတွင် တင်ပို့မည်ဖြစ်ပြီး မည်သည်ဆေးဝါးအမျိုးအစားများတင်ပို့မည်ကို ထုတ်​ဖော်​ပြောကြားထားခြင်းမရှိပေ။ ကမ္ဘောဒီးယားနိုင်ငံသို့လည်းဒေါ်လာ ၂၃၀၀၀ဖိုး ဆေးဝါးရှစ်မျိုးတင်ပို့မည်ဟုထိုကုမ္ပဏီကဆိုသည်။

” ဘင်္ဂလားဒေ့ရှ်က ဆေးဝါးသွင်းတာသိပ်မရှိခဲ့ဘူး။ ဆေးဝါးအများစုကိုအိန္ဒိယဘက်က သွင်းတာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာဖြစ်လာတာ။ ဟိုကုမ္ပဏီကလည်း ဒီလိုနိုင်ငံရေးမတည်ငြိမ်တဲ့နိုင်ငံတွေကို ဈေးကွက်ချဲ့ဖို့ကြိုးစားနေတာလည်းဖြစ်နိုင်ပါတယ်။”ဟု ဆေးဝါးတင်သွင်းဖြန့်ဖြူးနေသည့် ကုမ္ပဏီတခုမှ အ​ရောင်းမန်နေဂျာတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

၎င်းကုမ္ပဏီသည် မနှစ်ကနိုင်ငံရေးမတည်ငြိမ်မှုများဖြစ်နေသည့် အာဖဂန်နစ္စတန်နိုင်ငံသို့ ၂၀၂၁ခုနှစ်တွင်ဆေးဝါးများကို ဒေါ်လာ ၅၅၀၀၀နှင့် ဒေါ်လာ ၆၅၀၀၀ တန်ဖိုးရှိစီတင်ပို့ခဲ့ပြီး ယခုအခါ ဒေါ်လာ ၁၂၉၀၀၀ ဖိုးရှိ ဆေးဝါး ၃၅ မျိုးကို ထပ်မံတင်ပို့မည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခုနှစ်အတွင်း ဝက်သက်ရောဂါကြောင့် သေဆုံးတဲ့ ကလေးဦးရေ ၁၀၀၀ ကျော်လွန်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

လက်တွေ့ ပစ်ခတ်မှု စစ်ရေးလေ့ကျင့်နေရင်း တင့်ကားတစ်စီး ပေါက်ကွဲသွားတဲ့ ဖြစ်စဉ်အတွက် ဘင်္ဂလားဒေ့ရှ် စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေ စတင်နေကြောင်း သိရပါတယ်။