Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နိုင်ငံရေးမတည်ငြိမ်​သောနိုင်ငံများကိုဆေးတင်ပို့နေသည့် ဘင်္ဂလားဒေ့ရှ်ဆေးကုမ္ပဏီ မြန်မာကိုဆေးဝါးတင်သွင်းမည်

Albion ကုမ္ပဏီသည် အာဖဂန်၊ သီရီလင်္ကာ၊ ယီမင်၊ဆူဒန်၊ဆိုမာလီယာစသည့် နိုင်ငံရေးမတည်ငြိမ်သည့် နိုင်ငံများသို့ ဆေးဝါးများတင်ပို့နေသည့်ကုမ္ပဏီတစ်ခုဖြစ်သည်။

(Albion ကုမ္ပဏီ​ဆေးဝါးထုတ်လုပ်​ရေးလုပ်ငန်းခွင်။ ဓါတ်ပုံ- Daily Sun)
(Albion ကုမ္ပဏီ​ဆေးဝါးထုတ်လုပ်​ရေးလုပ်ငန်းခွင်။ ဓါတ်ပုံ- Daily Sun)

နိုင်ငံ​ရေးမတည်ငြိမ်​သောနိုင်ငံများသို့ဆေးဝါးတင်ပို့နေသည့် ဘင်္ဂလားဒေ့ရှ်ဆေးဝါးကုမ္ပဏီက မြန်မာနိုင်ငံသို့ယခုလအတွင်း ဆေးဝါးများတင်ပို့ရန် စီစဉ်နေကြောင်း အဆိုပါဘင်္ဂလားဒေ့ရှ်ကုမ္ပဏီ Albion ကုမ္ပဏီက ထုတ်ပြန်သည်။

Albion ကုမ္ပဏီသည် အာဖဂန်၊ သီရီလင်္ကာ၊ ယီမင်၊ဆူဒန်၊ဆိုမာလီယာစသည့် နိုင်ငံရေးမတည်ငြိမ်သည့် နိုင်ငံများသို့ ဆေးဝါးများတင်ပို့နေသည့်ကုမ္ပဏီတစ်ခုဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့တွင် အခြေစိုက်ထားသည့် အဆိုပါဆေးဝါးကုမ္ပဏီက မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို ဆေးဝါးများတင်ပို့ရန် စီစဉ်ထားသည်ဟု ဆိုသည်။ မြန်မာနိုင်ငံသို့ဒေါ်လာ ၃၀၀၀၀ ဖိုးဆေးဝါးများကို ဒီဇင်ဘာလကုန်ပိုင်းတွင် တင်ပို့မည်ဖြစ်ပြီး မည်သည်ဆေးဝါးအမျိုးအစားများတင်ပို့မည်ကို ထုတ်​ဖော်​ပြောကြားထားခြင်းမရှိပေ။ ကမ္ဘောဒီးယားနိုင်ငံသို့လည်းဒေါ်လာ ၂၃၀၀၀ဖိုး ဆေးဝါးရှစ်မျိုးတင်ပို့မည်ဟုထိုကုမ္ပဏီကဆိုသည်။

” ဘင်္ဂလားဒေ့ရှ်က ဆေးဝါးသွင်းတာသိပ်မရှိခဲ့ဘူး။ ဆေးဝါးအများစုကိုအိန္ဒိယဘက်က သွင်းတာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာဖြစ်လာတာ။ ဟိုကုမ္ပဏီကလည်း ဒီလိုနိုင်ငံရေးမတည်ငြိမ်တဲ့နိုင်ငံတွေကို ဈေးကွက်ချဲ့ဖို့ကြိုးစားနေတာလည်းဖြစ်နိုင်ပါတယ်။”ဟု ဆေးဝါးတင်သွင်းဖြန့်ဖြူးနေသည့် ကုမ္ပဏီတခုမှ အ​ရောင်းမန်နေဂျာတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

၎င်းကုမ္ပဏီသည် မနှစ်ကနိုင်ငံရေးမတည်ငြိမ်မှုများဖြစ်နေသည့် အာဖဂန်နစ္စတန်နိုင်ငံသို့ ၂၀၂၁ခုနှစ်တွင်ဆေးဝါးများကို ဒေါ်လာ ၅၅၀၀၀နှင့် ဒေါ်လာ ၆၅၀၀၀ တန်ဖိုးရှိစီတင်ပို့ခဲ့ပြီး ယခုအခါ ဒေါ်လာ ၁၂၉၀၀၀ ဖိုးရှိ ဆေးဝါး ၃၅ မျိုးကို ထပ်မံတင်ပို့မည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

အဝေး က သဘောထား ကြေညာခဲ့ရာ ယင်းကြေညာမှု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားလိုက်သည်။

မေးမြန်းခန်း

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဗဟိုပြုနေတဲ့ ပထဝီဝင် နိုင်ငံရေး ရိုက်ခတ်မှုတွေ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောကြားခဲ့ပါတယ်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။