Connect with us

Hi, what are you looking for?

သတင်း

အာရှလမ်းမအနီးတိုက်ပွဲပြင်းထန်ပြီး လက်နက်ကြီးရန်ကြောင့် ဒေသခံများတိမ်းရှောင်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီး ကော့နွဲ့ကျေးရွာတွင် ဒီဇင်ဘာလ(၁၉)ရက် နေ့လည်(၁)နာရီအချိန်ခန့်ကစတင်၍ စစ်ကောင်စီစစ်ကြောင်းနှင့် KNLA PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အာရှလမ်းမအနီးတိုက်ပွဲပြင်းထန်ပြီး လက်နက်ကြီးရန်ကြောင့် ဒေသခံများတိမ်းရှောင်
အာရှလမ်းမအနီးတိုက်ပွဲပြင်းထန်ပြီး လက်နက်ကြီးရန်ကြောင့် ဒေသခံများတိမ်းရှောင်

ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီးတွင် စစ်ကောင်စီတပ်နှင့် KNLA PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့သောကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီး ကော့နွဲ့ကျေးရွာတွင် ဒီဇင်ဘာလ(၁၉)ရက် နေ့လည်(၁)နာရီအချိန်ခန့်ကစတင်၍ စစ်ကောင်စီစစ်ကြောင်းနှင့် KNLA PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ယင်းတိုက်ပွဲသည် အချိန်အတော်ကြာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း အနီးအနားကျေးရွာများ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်ခံရသဖြင့် ရွာသူ၊ ရွာသားများနှင့် ကလေးသူငယ်များသည် ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းနှင့်ပြန်ကြားရေးမှ ယနေ့တွင်ထုတ်ပြန်ထားသည်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် PDF ရဲဘော်(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တိုက်ပွဲပြင်းထန်နေသည့်အတွက် မြ၀တီ-ကော့ကရိတ်အာရှလမ်းမအား ယာယီဖြတ်သန်းခွင့်ကို စစ်ကောင်စီမှ ပိတ်ပင်ထားကြောင်း NUG ၏ တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်ချက်အရ သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။